၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ၏ နိုင်ငံရေးအခြေအနေ သည် ပြည်သူအများစုမျှော်လင့်နေသော ပါတီ၏ ဦးဆောင်မှုဖြစ်ပေါ်ခဲ့သည်။ယင်းအနေအထားအား မြန်မာပြည်သူများအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ ထိပ်သီးနိုင်ငံများကလည်း မျှော်လင့်နေခဲ့ကြသော အပြောင်းအလဲကောင်းတစ်ရပ်ဆီဦးတည်လာနိုင်ခဲ့သည်။
NLD ဦးဆောင်သော အစိုးရသစ်တစ်ရပ်ပေါ် ထွန်းလာ ခဲ့ပြီးနောက် ပိုင်း ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံလုပ် ကိုင်လာသူများ အပြိုင်အဆိုင်ရှိလာခဲ့သည်။ယင်းကဲ့သို့ FDI အား ဝင်ရောက်မှုများပြားလာခြင်းနှင့်အတူ ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၌လာရောက်ကုန်သွယ်လိုကြသည်။ ယင်းအခြေအနေတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် ပိတ်ဆို့ထားသော ဆန်ရှင်များအနက်မှ အများစုကို ရုတ်သိမ်းဖြေလျော့ပေးခဲ့သည်။
ယင်းအချက်သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အတွက် အပြိုင်အဆိုင်ကောင်များ၊ ကုန်သွယ်မှုကောင်းများ ဖြစ်လာစေသကဲ့သို့ ပြည်တွင်းရှိ လုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေမည့်အချက်တစ်ချက်ဖြစ်သည်။ထို့အတူ ပင် ပြည်တွင်းအိမ် ခြံ မြေ ဈေးကွက်အလားအလာမှာလည်း ဈေးကွက်အေးနေရာမှ တစ်ကျော့ပြန်ဦးမော့ လာနိုင်မည်ဟု ပြည်တွင်း အိမ် ခြံ မြေ လုပ်ငန်းရှင်အချို့က သုံးသပ်ထားကြသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေဝင်လာမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အိမ် ခြံ မြေ ကို ဦးတိုက်ရမှာဘဲ။ အမေရိကန်နိုင်ငံဆိုရင်လည်း အခု ဆန်ရှင်လျော့ပေးလိုက်ပြီ။ လက်ရှိမှာတော့ လုပ်ငန်းသေးလေးတွေပဲ ဝင်လာသေးတယ်။ ကျွန်တော့်အထင် နောက်တစ်နှစ် ဝန်းကျင်လောက် ဆိုရင်တော့ ဈေးကွက်အနေအထားဟာ ပိုကောင်းလာမှာ။ ဘာကြောင့်လဲဆိုရင် ကွန်ဒို ဥပဒေ က လတ်တလော အသက်မဝင်သေးတာလေ။တကယ်လို့ ကွန်ဒို ဥပဒေဘည်း အသက်ဝင်ပြီ။ FDI လည်း ဝင်လာပြီဆိုရင်တော့ အိမ် ခြံ မြေ က ပြန်လည် ဦးမော့လာမယ်လို့မျှော်လင့်ရပါတယ်။ ဟု ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်အသင်း ဥက္ကဌမှ သုံးသပ်ပြောကြားသည်။
မြန်မာ့အိမ်ခြံမြေဈေးကွက်သည် ၂၀၁၄ နှစ်အကုန်၊ ၂၀၁၅ နှစ်ဆန်းမှ စတင်၍ ဈေးကွက်ဖြစ် ထွန်းမှုအားလျော့ လာခဲကာ ယနေ့ကာလအထိ ပြန်လည်ကောင်း မွန်လာခဲ့ခြင်း မရှိသေးကြောင်းတွေ့ရှိရသည်။ ထိုကဲ့သို့သော အခြေအနေတစ်ရပ်တွင် အစိုးရသစ်လက်ထက် ဝင်ငွေခွန် တိုးမြှင့်လာမှုသည်လည်း ထိုးနှက်ချက်တစ်ရပ် ဖြစ်စေခဲသည်။ပြည်တွင်း အိမ် ခြံ မြေနှင့် သက်ဆိုင်သော လောကသားများအနေဖြင့် အခွန်ဆိုင်ရာနှုန်းထားများအးပြန်လည်ပြင်ဆင်ပေးရန် ကနဦးကာလများက မျှော်လင့်ခဲကြသော်လည်း ဖြစ်မလာ ခဲ့ပေ။ယင်းအခြေအနေတွင် အမေရိကန်၏ ဆန်ရှင်လျှော့ချပေးမှုနှင့် ကမ္ဘာ့နိုင်ငံအများစု၏ လာရောက်ရင်းနှီးမြုပ်နှံလိုမှုတို့က အိမ် ခြံ မြေ ဈေးကွက်၏ ထွက်ပေါက်တစ်ရပ် ဖြစ်လာရန် အများစုမျှော်လင့်နေကြခြင်းဖြစ်သည်။
ပြည်တွင်း အိမ် ခြံ မြေ ၏ လတ်တလော အနေအထားမှာ ဈေးကွက်အေးစက်မှုရှိနေသော်လည်း ဈေးနှုန်းသိသာစွာ ကျဆင်းမှုမရှိပေ။ ။""မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်က ၂၀၁၅ နှစ်စမှာကတည်းက ကျဆင်းသွား တယ်။ ဘာကြောင့်လဲဆိုရင် ပြင်ပ ရင်းနှီးမြုပ်နှံမှုတွေ စီးထွက်သွားလို့။ဘယ်လို ပြင်ပ ရင်းနှီးမြုပ်နှံမှုလဲ ဆိုတော့ တရားမဝင် ရင်းနှီးမြုပ်နှံမှုတွေ ပြန်စီးထွက်သွားတာ။ဆိုလိုတာက မြန်မာ့အိမ်ခြံမြေမှာ ကိုးကန့်၊ ဝ ၊ တရုတ် အစရှိတာတွေက လာဝယ်တယ်။ဘယ်လိုဝယ်သလဲဆိုရင် နာမည်ခံတွေနဲ့ လူယုံတွေနဲ့ ဝယ်တယ်။အဲဒီလို ဝယ်ပြီးဆက်တိုက်ရင်းနှီးမြုပ်နှံမှုတွေရှိခဲ့တယ်။ဒီဟာတွေရဲ့နောက်ဆက်တွဲမှာ အိမ် ခြံ မြေ ဈေး ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထားတွေထက်ကို ကျော်လွန်မြင့်တက်သွားခဲ့တယ်။ ခဏလေးနဲ့ ဈေးသိပ်မြင့် သွားတာပေါ့။အဲဒီ ဟာတွေက နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်လာကာနီးမှာ ပြည်တွင်းကနေ အကုန်စီးထွက်သွားတယ် ။ပြန်စီးထွက်သွား တာတွေအကုန်လုံးက လက်ကြီးတွေကြီးဘဲ။ အဲဒါတွေကြောင့် ဈေးကွက်ဟာ နလန်မ ထူနိုင်လောက်အောင် ထိုးဆင်းသွားခဲ့တယ်။ ""မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှုး ဦးသန်းဦး မှ ပြောပြသုံးသပ်ထားခြင်းဖြစ်သည်။
ယင်းအဖြစ်များကြောင့်သာပင်မက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အများအာရုံစိုက်နေခြင်း၊အစိုးရသစ် အကူးအပြောင်းအာူ ချောမွေ့မှုရှိမရှိ ပြည်သူမှ စောင့် ကြည့်ခြင်းတို့ကြောင့် ဈေးကွက်အေးစက်မှုသည် ၂၀၁၆ ခုနှစ်အထိ ကူးစက်လာခဲ့သည်။ ထို့ပြင် အစိုးရသစ် စတင်အသက်ဝင် ချိန်တွင်လည်း ဝင်ငွေခွန် နှုန်းထား အသစ်သည် ဈေးကွက်ကို လုံးဝရပ်ဆိုင်းလုနီး ပါးဖြစ်သည်အထိ ထပ်မံဖြစ်စေခဲ့သည်။
ယင်းအခက်အခဲများမှ လွန်မြောက်နိုင်ရန်အတွက် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်များသည် ကွန်ဒို ဥပဒေ အမှန်တကယ် အသက်ဝင်လာ မည့်အချိန်ကိုမျှော် လင့်နေကြရသည်။ ယင်းအနေအထား အား ကျော်လွန်ရန် အတွက်ဆန်ရှင်လျှော့ချပေးမှုသည် ဆေးမြီးတိုတစ်ခွက်ဖြစ်လာစေနိုင်ပြီး ကွန်ဒို ဥပဒေ က ဆေးစွမ်း တစ်လက်ဖြစ်လာ မည်ဟု အများစုမှမျှော်မှန်းနေကြသည်။
အမေရိကန် ဘဏ် ဆန်ရှင်လျှော့ချပေးမှုနဲ့ ၊ FDI ဝင်ရောက်မှုနှုန်း၊နောက် ပြည်တွင်း ငွေကြေးလှည့်ပတ်မှု Money Circulation ဒါတွေဟာ အိမ် ခြံ မြေဈေးကွက်ရဲ့ ဂယ်ပေါက်တွေဖြစ်လာနိုင်ပါတယ်။""ဟု အိမ် ခြံ မြေ လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်မှ သုံးသပ်ပြောကြားထားသည်။
FDI အနေဖြင့် ပြည်တွင်းသို့ မည်သည့်ကဏ္ဍ အနေအထားဖြင့် လာရောက် ရင်းနှီးမြုပ်နှံသည်ဖြစ်စေ အိမ်ခြံမြေ ကဏ္ဍအား စတင်တွေ့ထိရ မည်ဖြစ်သောကြောင့် ဈေးကွက်တစ်ကျော့ပြန်ဦးမော့လာနိုင်ရန် အခွင့်အလမ်းတစ်ရပ် ပင်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။
မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com