အိမ်မြေတိုက်ခန်း အရောင်းအ၀ယ်ကတိစာချုပ်နှင့် တံဆိပ်ခေါင်း အက်ဥပဒေ

အိမ်မြေတိုက်ခန်း အရောင်းအ၀ယ်ကတိစာချုပ်နှင့် တံဆိပ်ခေါင်း အက်ဥပဒေ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2016 10:35 am တွင် တင်ခဲ့သည်
7995 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်တွေမှာ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်း မပြည့်စုံရင် တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလား ဆရာ''ဟု မိတ်ဆွေတစ်ဦးက မေးမြန်းလာပါသည်။
''တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်တစ်ခုတည်း မဟုတ်ဘူး။ ချုပ်ဆိုတဲ့ စာချုပ်အားလုံးမှာ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်းခွန် တန်ဖိုးကို ထမ်းဆောင်ရတယ်။ မပြည့်မီဘူး ဆိုရင်တော့ တရားရုံးမှာ သက်သေခံအဖြစ် အသုံးမပြုနိုင်ဘူး။ စာချုပ်တရားမဝင်ဘူးလို့လည်း ကန့်ကွက်နိုင်တယ်''
''ကုစားလို့ ရပါသလား''

''ကုစားလို့လည်း ရပါတယ်၊ ဒါပေမယ့် ဒီကိစ္စကို အလေးထားဆောင်ရွက်တာ အလွန်နည်းတယ်။ အဆင်ပြေသလို လမ်းဘေးက ဆိုင်တွေက အဆင်သင့်ရိုက်ထားတဲ့ စာချုပ်မှာပဲ အမည်၊ တန်ဖိုး၊ ရက်စွဲ ဖြည့်စွက်ပြီး အလွယ်တကူချုပ်ဆိုလေ့ ရှိကြတယ်''
''တချို့က ပြောတော့ ယခင် ၅/- ကျပ်တန် အခွန်တံဆိပ်ခေါင်းနဲ့ ချုပ်ဆိုထားတဲ့ ကတိစာချုပ်တွေဟာ တရားမဝင်တော့ဘူးလို့ ပြောနေကြတယ် ဟုတ်ပါသလား''
''ဒါကတော့ ချုပ်ဆိုထားတဲ့ ကာလ နှစ်အပိုင်းအခြားကို ကြည့်မှ သိမှာဖြစ်တယ်၊ တံဆိပ်ခေါင်းခွန်ဥပဒေက ပြင်ဆင်ချက်တွေ ရှိနေတော့ သတ်မှတ်ထားတဲ့ နှစ်ကာလအပိုင်းအခြားအတွင်းမှာ ချုပ်ဆိုထားတဲ့ ကတိစာချုပ်တွေ ဖြစ်ရင်တော့ တရားဝင်မှာဖြစ်တယ်''

''ဒီ ၆/- ကျပ်တန် အခွန်တံဆိပ်ခေါင်းနဲ့ ချုပ်ဆိုထားတဲ့ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်ဟာ တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလား''
မိတ်ဆွေဖြစ်သူက တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ် တစ်ခုကို ထုတ်ပြပါသည်။
''ဒီစာချုပ်အရတော့ ၂ဝဝ၉ ခုနှစ် မေလပိုင်းက ချုပ်ဆိုထားတဲ့ ကတိစာချုပ်ဖြစ်တယ်၊ အဲဒီကာလက ဆိုရင်တော့ ကတိစာချုပ်ဟာ အခွန်တံဆိပ်ခေါင်း ၆/- ကျပ် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်''
''ဒါဆိုရင် ဒီတိုက်ခန်း အရောင်းအဝယ် စာချုပ်ဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ပြောရမှာပေါ့နော်''

''အင်း- ရှင်းအောင် ပြောပြရမယ်ဆိုရင်တော့ အနီးစပ်ဆုံး ကာလကို စပြီး ပြောရမှာဖြစ်တယ်။ ဒီမှာလည်း သူငယ်ချင်းတို့ လက်လှမ်းမီတဲ့ အဓိက အသုံးများတဲ့ ကတိစာချုပ်ကိုပဲ အဓိကထားပြီး ပြောပြပါမယ်''
၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေအရ ကတိစာချုပ်ဆိုရင် ထိုက်သင့်တဲ့ တံဆိပ်ခေါင်းခွန်ဟာ ၃/- ကျပ် သတ်မှတ်ထားပါတယ်၊ ကျမ်းကျိန်လွှာ၊ လက်ထပ်စာချုပ်တွေမှာတော့ တံဆိပ်ခေါင်းခွန် ၅/- ကျပ် သတ်မှတ်ပါတယ်။
၁၉၉ဝ ပြည့်နှစ်၊ မတ်လ ၃ဝ ရက်နေ့မှာ ပြင်ဆင်ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အမှတ် ၇/၉ဝ မှာ ကတိစာချုပ်မှာ ထိုက်သင့်တဲ့ တံဆိပ်ခေါင်းခွန် ၆/- ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။ ကျမ်းကျိန်လွှာ၊ လက်ထပ်စာချုပ်တွေကိုတော့ ၂၅/- ကျပ်အဖြစ် သတ်မှတ်တာ တွေ့ရပါတယ်။ ၁၉၉ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ကျင့်သုံးတာဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁၂၂/၂ဝ၁၂ နဲ့ တံဆိပ်ခေါင်း အက်ဥပဒေကို အစားထိုး ပြင်ဆင်ခဲ့ပါတယ်။ ကတိစာချုပ်ဆိုရင် ငွေကျပ် ၆၀၀/- အဖြစ် တံဆိပ်ခေါင်းခွန်ကို သတ်မှတ်ပါတယ်။ ကျမ်းကျိန်လွှာ၊ လက်ထပ်စာချုပ်တွေ ဆိုရင်တော့ ငွေကျပ် ၂၅၀/- အဖြစ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ ၂ဝ၁၄ ခုနှစ် တံဆိပ်ခေါင်း အက်ဥပဒေ ပြင်ဆင်ချက်အရ ကတိစာချုပ်ဆိုရင် ငွေကျပ် ၃၀၀/- အဖြစ် တံဆိပ်ခေါင်းခွန် သတ်မှတ်ပြီး ကျမ်းကျိန်လွှာ၊ လက်ထပ်စာချုပ်တွေမှာ ငွေကျပ် ၁၅၀/- အဖြစ် တံဆိပ်ခေါင်းခွန် သတ်မှတ်ထမ်းဆောင်ရမှာ ဖြစ်တယ်။

အဲဒီလို သတ်မှတ်ကာလအတွင်းမှာ ထမ်းဆောင်ရမယ့် တံဆိပ်ခေါင်းခွန်နှုန်းအတိုင်း ထမ်းဆောင်ရမှာဖြစ်တယ်။ တကယ်လို့ သတ်မှတ်ကာလအတွင်းမှာ ထမ်းဆောင်ရမယ့် တံဆိပ်ခေါင်းခွန် နှုန်းအတိုင်း အပြည့်အဝ ထမ်းဆောင်ခြင်းမရှိခဲ့ရင်တော့ အဲဒီ စာချုပ်ဟာ ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်နိုင်ပါတယ်''
''တံဆိပ်ခေါင်းခွန် အပြည့်အဝ ထမ်းဆောင်မထားတဲ့ စာချုပ်တွေကို တရားဝင်ဖြစ်အောင် ပြန်လည်ဖြည့်စွက်ထမ်းဆောင်လို့ မရဘူးလား''

''ကုစားလို့တော့ ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက ထင်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနကနေပြီး အသိပေးကြေညာချက် ထုတ်ပြန်ခဲ့တယ်။ နေ့စဉ်ထုတ် နိုင်ငံတော်သတင်းစာ တွေမှာလည်း ထည့်သွင်းဖော်ပြပေးခဲ့တယ်။ အဲဒီ ကြေညာချက်အရဆိုရင် တံဆိပ်ခေါင်း လျော့နည်းထမ်းဆောင်ထားသော စာချုပ်များကို တည်ဆဲ တံဆိပ်ခေါင်း အက်ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီးသော စာချုပ်စာတမ်းများဖြစ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တံဆိပ်ခေါင်းခွန် ဒဏ်ကြေးကင်းလွတ်ခွင့်ကာလကို ၃၁.၃.၂ဝ၁၆ ရက်အထိ သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့တယ်''
''သတ်မှတ်ရက် ၃၁.၃. ၂ဝ၁၆ နေ့အတွင်းမှာ လျော့နည်းတဲ့ တံဆိပ်ခေါင်းခွန်ကို ဖြည့်စွက် ထမ်းဆောင်ရတဲ့ သဘောလား''
''မှန်ပါတယ်၊ ဥပမာ- ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းမှာ ကတိစာချုပ်ကို ၆/- ကျပ်တန် အခွန်တံဆိပ်ခေါင်းနဲ့ ချုပ်ထားခဲ့မယ်ဆိုရင် ၂ဝ၁၂ ခုနှစ် တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ၆၀၀/- ကျပ် ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ကျန်တဲ့ ၅၉၄/- ကျပ်ကို မြို့နယ် အခွန်ဦးစီးဌာနမှာ ဥပဒေနဲ့အညီ ပေးသွင်းသွားရမှာဖြစ်တယ်''
''ဒဏ်ငွေဆိုတာက ဘယ်လိုလဲ''

''အဲဒီ သတ်မှတ်ရက် ၃၁. ၃.၂ဝ၁၆ ကျော်မှ ဆောင်ရွက်မယ်ဆိုရင် လျော့နည်းထမ်းဆောင်ထားလို့ ထပ်မံထမ်းဆောင်ရမယ့် တံဆိပ်ခေါင်းခွန်အပြင် လျော့နည်းထမ်းဆောင်သော တံဆိပ်ခေါင်းခွန်၏ (၁ဝ)ဆ ကို တံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၃၅ (က) အရ ထမ်းဆောင်ရမှာ ဖြစ်တယ်''
''ကုစားမှုရရင်တော့ နစ်နာမှုတော့ မရှိနိုင်ဘူးပေါ့''
''မှန်ပါတယ်- ဒါကြောင့် သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်း အက်ဥပဒေနဲ့အညီ တံဆိပ်ခေါင်းခွန် ထမ်းဆောင်လို့ စာချုပ်ချုပ်ဆိုသင့်တယ် သူငယ်ချင်း''ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

Credit : ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service