လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ

လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jun 2016 12:08 pm တွင် တင်ခဲ့သည်
2682 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

၁။ အချို့က ကြိုးစားတယ်။ သူများ တစ်ရက် ၈ နာရီ လုပ်ရင် သူက ၁၆ နာရီ လုပ်ချင်လုပ်တတ်တယ်။ ဒါပေမယ့် ငွေကြေး ကြွယ်ဝ ချမ်းသာတဲ့ အနေအထား တစ်ခုကို မရောက်ဘူး။ ယင်းဟာ ဥာဏ်အထောက်အပံ့ လိုနေသေးလို့ ဖြစ်ပါ လိမ့်မယ်။ အလုပ်ဆိုတာ ကြိုးစားတိုင်းလည်း မရ ပါဘူး။ ဥာဏ်ကိုလွှာပြီး သုံးဖို့ လိုအပ် ပါလိမ့်မယ်။ ဥပမာ ရာထူး တစ်ခုမှာပဲ ပေးအပ်တဲ့ တာဝန်သာ ကြေအောင် လုပ်နေ တာထက် ပိုမို မြင့်မားတဲ့ အဆင့်ကို ရောက်နိုင် တဲ့ အရည်အချင်းတွေသာ ထုတ်ပြနိုင်မယ် ဆိုရင် ဒါဟာ ဥာဏ်ရဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်။

၂။ အချို့က ဥာဏ်ကောင်းတယ်။ ဒီခေတ်စကားအရဆိုရင် ဂျီးနယက်စ် ဆိုပြီးတော့ ခေါ်ကြတယ်။ နောက်ကျမှအိပ်ချင်အိပ်မယ်။ စောစောအိပ်ချင်အိပ်တယ်။ ရုံးကို သွားချင်မှလည်း သွားတယ်။ အလုပ်ကိုလည်း လုပ်ချင်မှလည်း လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့ ညဏ်ပညာ ထက်မြတ်မှုက သိသာနေတော့ လူတွေ သတိထားမိတယ်။ ဒါပေမယ့် သူလည်း အဲ့ဒီ အခြေအနေ ကနေ နောက်တစ်ဆင့်ကို မရောက်ဘူး။ ဟုတ်ကဲ့။ ကြိုးစားချင်စိတ်။ ဝီရိယ အားနည်းနေသူ ဖြစ်ပါတယ်။ ဥာဏ်ဘယ်လောက် ကောင်းကောင်း ဝီရိယ မရှိရင် မကြီးပွား ပါဘူး။

၃။ အချို့က ဥာဏ်လည်း မကောင်းဘူး၊ ကြိုးလည်းမကြိုးစားဘူး။ ဒါပေမယ့် စည်းစိမ်ဟာ သာမန် လူတွေထက်ပိုပြီး ချမ်းသာလို့ နေတတ်ပါတယ်။ ကိုယ်တိုင် ကံကောင်းလို့သည် ဖြစ်စေ၊ မိဘ အမွေခံပင် ဖြစ်စေ ချမ်းသာနေတတ်ပြီး ဒါဟာ အတိတ်ဘဝက ပြုခဲ့သော ကောင်းမှု ကုသိုလ်ကံများက ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ဘဝမှာပဲ ကုန်အောင် သုံးမသွား ပါဘူး။ ဆွေမျိုး ၇ ဆက်အတွက် စားလို့လောက်နေရင်တောင် ပိုနေတာကို သင်ဘာလုပ်မှာလဲ။ ရလေ လိုလေ၊ ထပ်၍ မရရအောင် မသမာနည်းနဲ့ ရှာနေလဲ ကံထောက်ပံ့မှု ရှိနေသေးလျှင် ကြိမ်းသေ ဆက်၍ ရပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ ဘဝစဉ်ဆက် ရှာထားသည်များကို တစ်ဘဝတည်းတွင် ကုန်အောင် သုံးနေခြင်း သဘောပါပဲ။ နောင်အနာဂတ် အတွက် မကောင်းပါဘူး။ ရှိသည်များကို ဒါနပြုခြင်းနှင့် ပညာဖြင့် လွှာ၍ သုံးရန် လိုအပ်သည်။ ဥပမာ ဥာဏ်ရင့်သန်ရန် ပညာဒါန ပြုခြင်း၊ ဝီရိယ အတွက် ကိုယ်တိုင် လုပ်ယူ ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

၎။ အချို့က ဥာဏ်လည်း ကောင်းတယ်။ ကြိုးလည်း ကြိုးစားတယ်။ ဒါပေမယ့် ပူပင်ကြောင့်ကြစရာ မရှိဘူး ဆိုတဲ့ အနေအထား တစ်ခုကို သူမရောက်နိုင်ဘူး။ တစ်ခါတစ်လေ ဆိုရင်တောင် ဆင်းရဲ နေတတ်ပါသေးတယ်။ ဒါဟာ ကံ အကျိုး မပေးသေးလို့ ဖြစ်ပါတယ်။ ရှေးဘဝ ပြုခဲ့တဲ့ ဒါန နည်း၍လည်း ဖြစ်တတ် ပါတယ်။ နောင်ဘဝ ယခုလို မဖြစ်အောင် ယခု တွင်ပင် ရှိသလောက် လှူနိုင်ရန် ကြိုးစားပါ။ ပါရမီ ဖြည့်သွားပါ။

၅။ အချို့က ဥာဏ်ကောင်းတယ်။ ဝီရိယ ကောင်းတယ်။ ကံကလည်း ထောက်ပံ့ တယ်။ ချမ်းသာပါတယ်။ ဒါဟာ ဘဝမှာ တကယ် ပြည့်စုံတဲ့ လူသား တစ်ယောက်ပါပဲ။ ဘဝကို အကျိုးရှိရှိ အသုံးချပါ။ တစ်ဘဝစာ အကုန်မသုံး လိုက်ပါနှင့်။ နိဗ္ဗာန်မရောက်ခင် ဘဝဆက်ကြား ပါရမီ ဆက်တိုက် ဖြည့်သွားပါ။

မှတ်သားရန် - ကံဆိုတာ ယုံကြည်ဖို့ (အားကိုးရန် မဟုတ်ပါ၊ အပြစ်တင်ရန် မဟုတ်ပါ၊ စောင့်ဆိုင်းရန် မဟုတ်ပါ။)၊ ဥာဏ်ဆိုတာ အသုံးချဖို့၊ ဝီရိယ ဆိုတာ ဆိုက်ထုတ်ဖို့ ဖြစ်ပါတယ်။

ဆင်းရဲတယ်လို့ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ် ပူပင် ဆင်းရဲမှုထက် စိတ်ပူပင် ဆင်းရဲမှုက လူတွေကို ပိုလို့ ဆင်းရဲနေစေခြင်း ဖြစ်ပါတယ်။ တစ်နေ့သုံးနှပ် စားရန်လောက်ပြီး၊ ကျောခင်း၊ အိပ်စရာ ရှိသ၍၊ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်မှု မများသေးသ၍ သင်ဟာ မဆင်းရဲ ပါဘူး။ ငွေပုံကြီးပေါ် ထိုင်လို့ စိတ်သောက ဝေဒနာများကြောင့် ဆင်းရဲနေသူများကို သင်လွယ် တကူ မြင်တွေ့ နိုင်ပါ တယ်။ ခန္ဓာက ပင်ပန်းဆင်းရဲရသည့် ကြားထဲ ယင်း ဆင်းရဲ အတွက် စိတ်ပါ လိုက်လံ ပူပင်သောက ရောက်လျှင် စိတ်ရော၊ ကိုယ်ပါ ဆင်းရဲမှုကြောင့် နှစ်ခါ နာ၍ ပိုလို့ ဆင်းရဲရသည်။ လောဘ၊ ဒေါသ များပြီး အမှန်မမြင်နိုင်သည့် မောဟ စိတ် ဖုံးလွမ်းခံနေရသူဟာ စင်စစ် ဆင်းရဲသူ ဖြစ်သည်။


Credit: (ရိုးရာလေး)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service