ရန်ကုန်အစိုးရ ကျူးကျော်တွေကို တင်းကျပ်ပြီ

ရန်ကုန်အစိုးရ ကျူးကျော်တွေကို တင်းကျပ်ပြီ - Property News in Myanmar from iMyanmarHouse.com
30 May 2016 11:31 am တွင် တင်ခဲ့သည်
1855 ကြိမ် ကြည့်ရှု့ပြီး
မေလ ၂၆ မှစတင်ကာ ထပ်မံတိုးလာသော ကျူးကျော်အသစ်များကို မည်သည့်နေရာတွင်မှ
ကျူးကျော်နေထိုင်ခွင့်ပြုမည် မဟုတ်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက မေ ၂၅ ရက်တွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်သည်။

သို့ရာတွင် မြေနေရာလွတ်များတွင် ကျူးကျော်နေထိုင်သူများ၏ စာရင်းကို မကြာမီရက်ပိုင်းအတွင်း
ကောက်ယူတော့မည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

အစိုးရအဖွဲ့၏ အကြမ်းဖျဉ်းကောက်ယူထားသော စာရင်းများအရ လက်ရှိတွင် ကျူးကျော်သူဦးရေ
၄၃၀,၀၀၀ ကျော်ရှိပြီး ကျူးကျော်ခြင်းမပြုရန် သတ်မှတ်ထားသည့် ရက်နောက်ပိုင်း
ထပ်မံကျူးကျော်သူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"တကယ့်ကို အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် နွေးထွေးတဲ့ကူညီမှုတွေ ပေးမှာဖြစ်သလို ဥပဒေကို လက်တစ် လုံးခြား ချိုးဖောက်ပြီး ဥပဒေ ချိုးဖောက်မှုဟာ အမှန်တရားတစ်ခုလို ထူထောင်နေတာတွေ
ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ဘူးဆိုတာကို ပြောပါရစေ"ဟု ၀န်ကြီးချုပ်က ဆိုသည်။

လက်ရှိကျူးကျော်နေထိုင်သူများ၏ စာရင်းကို စတင်ကောက်ယူမည့်ရက်မှ ၄၅ ရက်အတွင်းအပြီး
ကောက်ယူသွားမည်ဖြစ်ပြီး ၎င်းတို့ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ပြန်လည်ထူထောင်ရေး
စခန်းကို ဖွင့်လှစ်ပေးသွားရန်ကိုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်သည့်
တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားသည်။

စာရင်းကောက်ယူရာတွင်လည်း ကွန်ပျူတာစနစ်ဖြင့် စနစ်တကျ ကောက်ယူသွားမည်ဖြစ်ပြီး
ကျူးကျော်နေထိုင်သူ တစ်ဦးချင်းစီ၏ လက်ဗွေနှင့် မျက်နှာကို မှတ်တမ်းယူထားမည့် အပြင်
တစ်ဦးချင်းစီ၏ နောက်ကြောင်းရာဇ၀င်များကိုလည်း စုံစမ်းသွားမည်ဖြစ်သည်။

သို့ရာတွင် စာရင်းကောက်ယူရာ၌ ကိုယ်ရေးရာဇ၀င် အမှန်ဖော်ပြခြင်းမရှိဘဲ လိမ်လည်ပါက
ပထမအဆင့်အနေဖြင့် စခန်းမှ ထွက်ခွာသွားရန် သတိပေးမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက
တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

"ပြီးရင် ထူထောင်ရေးစခန်းကို ရွှေ့မယ်။ စခန်းမှာဆိုရင်လည်း အလုပ်လုပ်ရမယ်။
နေရာပေးတယ်ဆိုတာ အလကားတော့ မရဘူး။ သူတို့တွေရဲ့ဘ၀ မြင့်သွားတဲ့အထိ နိုင်ငံတော်က
တာဝန်ယူသွားမယ်။ ဒါပေမဲ့ အလုပ်တော့ လုပ်ရမယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေနေရာ အကွက်ရိုက်ကာ ကျူးကျော်သူများတွင် ငြိမ်းချမ်းရေးအမည်ခံ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်နေသည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ
ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားလိုက်ပြီး ၎င်းတို့ကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ပြောသည်။

ထို့ပြင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏
ခေါင်းဆောင်ပိုင်းများကို အကြောင်းကြားထားသည်ဟု သတင်းမီဒီယာများကို အသိပေးခဲ့ပြီး
လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့၏ အကြမ်းဖျဉ်းကောက်ယူထားသော စာရင်းအရ ရန်ကုန်အရှေ့ပိုင်းခရိုင်၌ ကျူးကျော်နေထိုင် သူဦးရေ ၁၅၇,၄၀၀ ဦး၊ အနောက်ပိုင်းခရိုင်၌ ၈,၁၈၀ဦး၊ တောင်ပိုင်းခရိုင်၌ ၉၃,၀၀၀ ကျော်၊ မြောက်ပိုင်း ခရိုင်၌ ၁၇၀,၀၀၀ ကျော် ရှိနေသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service