မလေးရှားနိုင်ငံ၊ အနောက်ဘက်ကျွန်းမကြီးပေါ်တွင် လူနေအိမ်ရာစီမံကိန်းပေါင်း ၂၂၆ ခုကို ၂၀၀၉ ခုနှစ်ကတည်းကပင် ရပ်တန့်ထားခဲ့ရာယခုအခါ အဆိုပါစီမံကိန်းများအနက်မှ ၁၈၂ ကို ပြန်လည်အကောင်အထည်
ဖော်လျက်ရှိကြောင်း ကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
မလေးရှားနိုင်ငံ၏ ထူးခြားချက်တစ်ခုမှာအခြားနိုင်ငံများကဲ့သို့ ကုန်းမြေတစ်ဆက်တည်းမဟုတ်ဘဲအရှေ့ ဘက်တွင် နိုင်ငံဧရိယာတစ်ခုရှိပြီးပင်လယ်ခြားကာအနောက်ဘက်တွင် ထိုင်း၊ စင်္ကာပူတို့နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသည့် အပိုင်းဟူ၍ နှစ်ပိုင်းကွဲပြားနေခြင်းဖြစ်သည်။
မလေးရှား မြို့ ပြဖွံ့ဖြိုးရေး၊ အိုးအိမ်ဆိုင်ရာ ပြည်နယ် အစိုးရ၀န်ကြီးဟာ လီမာမော့ဆာလစ်ကပြောကြားရာတွင် အိမ်ရာစီမံကိန်းများ ရပ်တန့်လိုက်ခြင်းကြောင့် ၀ယ်လက်ပေါင်း ၄၀၈၆၆ ဦးခန့် ဆုံးရှုံးမှုများ ကြုံကြရကြောင်းပြောကြားသည်။
“ရပ်တန့်ထားတဲ့ စီမံကိန်းတွေထဲကနေ ၀ယ်လက်ပေါင်း ၃၂၆၄၁ ဦးနဲ့ သက်ဆိုင်နေတဲ့ စီမံကိန်းပေါင်း ၁၈၂ ခုကို ပြန်လည်အကောင်အထည် ဖော်ဖို့အတွက် ကျွန်မတို့ ၀န်ကြီးဌာနကနေ အကူအညီပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆာလစ်ကပြောကြားသည်။
အခြားအိမ်ရာစီမံကိန်း ၂၀ ခန့်မှာ ၀ယ်လက်ပေါင်း ၄၆၁၀ ဦးနှင့် သက်ဆိုင်လျက်ရှိပြီးဆောက်လုပ်ပြီးစီးမှုအဆင့် အမျိုးမျိုးကွဲပြားနေကာကျန်စီမံကိန်း ၂၄ မှာမူ ပြန်လည်စတင်ရန် အစပျိုးစီမံကိန်းများ ချမှတ်ထားပြီး ၀ယ်လက်ပေါင်း ၃၆၁၅ ဦးနှင့် သက်ဆိုင်ကြောင်းလည်း ဆာလစ်ကပြောကြားသည်။
ယင်းအိမ်ရာစီမံကိန်းများ ရပ်တန့်သွားခြင်းတွင် အကြောင်းရင်းများစွာရှိ သည့်အနက် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ဘဏ္ဍာရေးချို့ တဲ့ခြင်း၊ ၀ယ်လက်တို့၏ တုံ့ပြန်မှု နည်းပါးခြင်း၊ ဥပဒေကြောင်းအရ အငြင်းပွားမှု များရှိနေခြင်းနှင့် ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်းမြင့် တက်ခြင်း အစရှိသောအကြောင်းရင်းများ အပါအ၀င်ဖြစ်သည်ဟုဆိုသည်။
အဆိုပါအကြောင်း ရပ်ကိုကိုင်တွယ်ရန်အတွက် developer တို့အပေါ် စည်းမျဉ်းများတင်းကြပ်ကာ ၀ယ်လက်တို့အပေါ် အကာအကွယ်ပေးမှုများ ပြုလုပ်ရန်လိုကြောင်းသုံးသပ်ကြသည်။
Developer တို့အနေဖြင့် အိမ်ရာစီမံကိန်းတန်ဖိုး၏ ၃ ရာခိုင်နှုန်းကို deposit ထားခြင်း၊ စီမံကိန်းများ ၆ လအတွင်းစတင်သည့် အရိပ်အယောင် မတွေ့ရပါက ၀ယ်လက်များအနေဖြင့် developer တို့နှင့် နေအိမ်ဝယ်ယူမှု သဘောတူညီချက်ဖျက်သိမ်းခွင့်ပေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်းသုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)