သြစတေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့ ၏ အနောက်မြောက်ဘက် ၂၃၁ မိုင်အကွာတွင်ရှိသော မြို့ ငယ်တစ်မြို့  အရောင်းဈေးကွက်သို့ ရောက်ရှိ လာကြောင်းလန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါမြို့ ၏အမည်မှာအလိုင်းစ်ခရိခ်ဖြစ်ပြီး မြို့ တစ်မြို့ လုံးကို ဗြိတိန်စတာလင်ပေါင် ၃၆၇၂၇၅ (ကန်ဒေါ်လာ ၅၄၀၄၈၄) ဖြင့် ရောင်းချမည် ဖြစ်သည်ဟုဆိုသည်။
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ကြီးတွင် အိပ်ခန်းတစ်ခန်းပါ လူနေခန်းတစ်ခန်း၏ ပျှမ်းမျှ ဈေးနှုန်းမှာပေါင် ၅၀၀၀၀၀ (ကန်ဒေါ်လာ ၇၃၅၉၆၃) ခန့်ဖြစ်ရာလန်ဒန်၏ လူနေခန်းတစ်ခန်းဖိုးပင် မရှိသောငွေပမာဏဖြင့် သြစတေးလျတွင် မြို့ တစ်မြို့ လုံး ၀ယ်ယူနိုင်မည့် အခွင့်အရေး ဖြစ်သည်။
ယင်းမြို့ ကိုလက်ရှိပိုင်ဆိုင်သူမှာ နာတာလီဝီလျံဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီးလွန်ခဲ့သောခြောက်နှစ်ခန့်က အလိုင်းစ်ခရိခ်ရှိသစ်စက်ဟောင်းတစ်ခုလေလံတင်ပွဲကို သွားရောက်ခဲ့ရာတွင် အဆိုပါမြို့ ကို ၀ယ်ယူဖြစ်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီတုန်းကစက်သွားကြည့်တာ။ နောက်ဆုံးမှာတော့ မြို့ ကို ၀ယ်ဖြစ်သွားတယ်။ ဒီနေရာကို ၀ယ်ဖြစ်လိုက်တာဟာ ကြိုတင်ရည်ရွယ်မထားဘဲ ဖြစ်သွားတာပါ။ ဒါပေမယ့် ဒီလိုဝယ်ဖြစ်လိုက်တာကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါ တယ်”ဟုနာတာလီကပြောကြားသည်။
လက်ရှိတွင် နာတာလီဝီလျံသည် အဆိုပါမြို့ တွင် ငါးနှစ်သားအရွယ်သားဖြစ်သူရော်ဂျာနှင့်အတူနေထိုင်ပြီး မြို့ အတွင်း၌ အိမ်ငှားနေထိုင်သူ ၁၂ ဦးရှိသည်။
ယင်းမြို့ တွင် နေထိုင်သည့် ဘန်းစ်မိသားစုမှ အသက်ခြောက်နှစ်အရွယ် သမီးငယ်ကီယာရာကပြောကြားရာတွင် မြို့ ကလေးရှိဆည်တွင် အကို၊ အမများနှင့်အတူငါးဖမ်းရသည်မှာ အလွန်ပျော်စရာကောင်းကြောင်းပြောကြားသည်။
လန်းကော်နာအမည်ရှိအသက် ၇၀ အရွယ် အဘိုးအိုက ၎င်းသည် အလိုင်းစ်ခရိခ်မြို့ ငယ်လေးတွင် နေထိုင်သည်မှာ ၅ နှစ်ရှိခဲ့ပြီဖြစ်ပြီးအစစအရာရာအဆင်ပြေကြောင်းပြောကြားသည်။
အလိုင်းစ်ခရိခ်တွင် ဆောင်းတွင်းအပူချိန်မှာ ၁၀ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ် အကြားရှိပြီး နွေတွင်လည်းအပူပြင်းထန်လှကာ ၄၅ ဒီဂရီစင်တီဂရိတ်အထိရှိတတ်သည်။
စွမ်းအင်၊ ရေရရှိမှု၊ အခြေခံအဆောက်အအုံများကောင်း မွန်သည့် မြို့ ကလေး ဖြစ်သည်။
မြို့ ပြ၏ အရိုင်းဆန်မှုများကိုကျောခိုင်းလိုပါက (သို့မဟုတ်) မည်သူမျှရှာမတွေ့နိုင်သည့်နေရာတစ်ခုတွင် အခြေချလိုပါကအဆိုပါမြို့ တစ်မြို့ လုံးကိုလူနေခန်းတစ်ခန်းစာတန်ဖိုးမျှဖြင့် ၀ယ်ယူနေထိုင်နိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)