ငွေကြေးခဝါချမှု မြန်မာ့စီးပွားဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ

ငွေကြေးခဝါချမှု မြန်မာ့စီးပွားဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ - Property News in Myanmar from iMyanmarHouse.com
18 May 2016 10:42 am တွင် တင်ခဲ့သည်
1516 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ စီးပွားရေး အလျင်အမြန် တိုးတက်လာခြင်းကို ငွေကြေးခ၀ါချမှု တိုးလာမည့် အန္တရာယ်က ခြိမ်းခြောက်နေသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောနေကြသည်။
ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ၈.၄ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ခန့်မှန်းထားသော်လည်း ငွေကြေးခ၀ါချမှုများကို လွှတ်ပေးထားခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည်။

အိမ်ခြံမြေလုပ်ငန်း ကဏ္ဍသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုတွင် ဆက်လက်ကောင်းမွန်နေမည်ဟု ခန့်မှန်းရသော်လည်း အဆိုပါလုပ်ငန်းကဏ္ဍကို တရားမ၀င်ငွေများကို တရားဝင်ဖြစ်အောင် ပြောင်းလဲသည့်နေရာအဖြစ် အချို့က အသုံးပြုလေ့ရှိသည်။ မြန်မာနိုင်ငံမှ ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ စာရင်းအချက်အလက်များ ရှာဖွေရန် ခက်ခဲသော်လည်း ငွေကြေးခ၀ါချမှု ရှိနေကြောင်းကို အလွယ်တကူ သတ်မှတ်နိုင်ပါသည်။

“မန္တလေးမှာ တရားမ၀င် မူးယစ်ဆေးနဲ့ ကျောက်စိမ်း တွေကို ဥပဒေနဲ့အညီ အရေးယူမှုတွေ လုပ်လိုက်တဲ့အခါ အိမ်ခြံမြေ ဈေးနှုန်းတွေနဲ့ တခြားစီးပွားရေးတွေ အရှိန်လျော့သွားပါတယ်။ ဒါကြောင့် ပြောင်းပြန်တွက်ကြည့်မယ်ဆိုရင် ရွှေ့ပြောင်းလာတဲ့ ငွေကြေးတွေကြောင့်၊ ရွှေ့ပြောင်းလာတဲ့ လူတွေကြောင့်၊ မူးယစ်ဆေးနဲ့ ကျောက်စိမ်းကနေရတဲ့ ငွေတွေကြောင့် အိမ်ခြံမြေလုပ်ငန်းဈေးကွက် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်” ဟု စီးပွားရေးဆိုင်ရာ ဆောင်းပါးရှင်တစ်ဦး ဖြစ်သော ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။

မြန်မာနိုင်ငံတွင် အများစုက တန်ဘိုးကြီး ပစ္စည်းများ ၀ယ်ယူရာတွင် ငွေသားကိုသာ အသုံးပြုသည့် အလေ့အထရှိသောကြောင့် ငွေကြေးများနောက်သို့ ခြေရာခံလိုက်ရန် ခက်ခဲစေသည်။
“ငွေသား မသုံးတော့တဲ့ တိုင်းပြည်တစ်ပြည်မှာ ဆိုရင် ငွေပေးချေဖို့အတွက် ချက်လက်မှတ် ဒါမှမဟုတ် ခရက်ဒစ်ကတ် ဒါမှမဟုတ် အီလက်ထရောနစ် ငွေလွှဲပြောင်းစနစ်ကို သုံးမှာ ဖြစ်တဲ့အတွက် အဲဒီငွေလွှဲပြောင်းမှုတိုင်းကို ခြေရာခံ လိုက်လို့ရတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)မှ ငွေကြေးခ၀ါချမှုဆိုင်ရာ အကြံပေး Chris Batt က ပြောသည်။

“ဒါကြောင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ငွေကြေးရဲ့ မူလဇစ်မြစ်နောက်ကို လိုက်ဖို့ လွယ်တယ်။ ဒီငွေတွေဟာ ရာဇ၀တ်မှု တစ်ခုခုနဲ့ ပတ်သက်ခြင်း ရှိ၊မရှိကိုလည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဖို့ လွယ်ကူစေပါတယ်။ ငွေသားကို အခြေပြုတဲ့ စီးပွားရေး စနစ်မှာတော့ ဒီလိုလုပ်ဖို့ သိပ်အဆင်မပြေပါဘူး”ဟု သူက ထပ်ပြောသည်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ကတိပြုခဲ့သည်။ သို့သော်လည်း ဥပဒေဆိုသည်မှာ အသုံးချခြင်းမရှိပါက အသုံးမ၀င်ကြောင်း ဝေဖန်သူများက ပြောကြသည်။

“ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာ နည်းဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေက ထွက်မလာဘူး။ ကျင့်သုံးဆောင်ရွက်မှု မရှိဘူး။ ကျနော် မှတ်မိသလောက် ငွေကြေးခ၀ါချမှုနဲ့ အရေးယူတဲ့ အမှုလည်း မရှိဘူး။ ဥပဒေ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ နည်းဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အသေးစိတ် ညွှန်ကြားချက်တွေ လိုအပ်ပါတယ်။ တကယ်လို့ ကျနော်တို့မှာ အဲဒါတွေ ရှိနေရင်တောင် အရေးယူဆောင်ရွက်မယ့် အာဏာပိုင်အဖွဲ့အစည်းတွေ အင်အားကောင်းဖို့ ခိုင်မာဖို့လည်း လိုပါသေးတယ်” ဟု ဦးခင်မောင်ညိုက ပြောသည်။

UNODC ကလည်း သဘောတူသည်။ ငွေကြေးခ၀ါချမှုကို လွှတ်ထားခဲ့လျှင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည် ဟု သူတို့က ပြောသည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စစ်မှန်သော ဖြောင့်မှန်သော လုပ်ငန်းများပေါ်တွင် အခြေမခံဘဲ ရာဇ၀တ်မှုနှင့် မကင်းသည့် အခြေအနေများပေါ်တွင် အခြေခံသည်ဟု ယူဆသွားခဲ့လျှင် သူတို့၏ ယုံကြည်မှု ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။

အရှေ့တောင်အာရှဒေသက တစုတစည်းဖြစ်သော စီးပွားရေး အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာနေပြီး လူများနှင့် ငွေကြေးများ လွတ်လပ်စွာ စီးဆင်းခြင်းကြောင့် ငွေကြေးခ၀ါချမှုများ တိုးလာနိုင်သလို ငွေကြေးများနောက်သို့ ခြေရာခံလိုက်ရန် ခက်ခဲလာနိုင်သည်ကိုလည်း လေ့လာစောင့်ကြည့်သူများက ထောက်ပြနေကြသည်။

Credit : Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service