နိုင်ငံခြားသား ၀ယ်ယူနိုင်ရန် ကွန်ဒိုဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း အများစုမှာ ၀ယ်ယူရန် မတတ်နိုင်သူများသဖြင့် အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေ

နိုင်ငံခြားသား ၀ယ်ယူနိုင်ရန် ကွန်ဒိုဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း အများစုမှာ ၀ယ်ယူရန် မတတ်နိုင်သူများသဖြင့် အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
10 May 2016 11:04 am တွင် တင်ခဲ့သည်
1483 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားများ ၀ယ်ယူနိုင်ရန် ကွန်ဒိုမီနီယံဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ ကွန်ဒိုတိုက်ခန်း ၀ယ်ယူရန် မတတ်နိုင်သူ များပြားနေသဖြင့် သာမန်တိုက်ခန်းများတွင်သာ နေထိုင်နေကြကာ လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေကြောင်း တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

"ကွန်ဒိုမီနီယံဥပဒေ ထုတ်ပေးလိုက်တယ်။ ကွန်ဒိုဥပဒေနဲ့ အကျုံးဝင်တဲ့ အဆောက်အအုံ ဘယ်နှခုရှိလဲ။ ကွန်ဒိုရှိပြန်တော့လည်း လာတဲ့ နိုင်ငံခြားသားက မ၀ယ်နိုင်တဲ့သူတွေ ဖြစ်နေတယ်။ သွားကြည့်လေ၊ ရပ်ကွက်တွေထဲမှာ တစ်ပုံကြီးပဲ။ ကျွန်တော့် မုဒိတာ တန်ဖိုးနည်း တိုက်ခန်းမှာလည်း တစ်ပုံကြီးပဲ။ သူတို့ဝယ်နိုင်အောင် လုပ်ပေးနိုင်ရင် ဒီလုပ်ငန်းက ဖွံ့ဖြိုးလာမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ အိမ်ခြံမြေ ဈေးကွက်ကြီးက ၀ယ်မယ့် နိုင်ငံခြားသား ရှိတယ်။ ဆင်းရဲတဲ့သူတွေ ရှိမယ်။ ပိုက်ဆံသုံးနိုင်တဲ့သူလည်း ရှိလာမယ်။ အငှားအိမ်ရာတွေ အကောင်အထည် ဖော်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ တက်လာမယ်။ အဲဒါတွေ အကောင်အထည် ဖော်ပေးနိုင်တာက အစိုးရပဲ" ဟု ဦးကိုကိုထွေးက ဆိုသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် အဆိုပါ ဥပဒေအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ (Comdominium Law) တွင် စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်မည့် မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည့်အချက် အပါအ၀င် နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်အဖြစ် ရာခိုင်နှုန်း ၄၀ ရှိမည့် အချက်များ ပါဝင်ခဲ့သည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ အတည်ပြုခဲ့သည့်အတွက် ယခင်က စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအား မယုံကြည်မှုများ အထိုက်အလျောက် လျော့နည်းစေနိုင်မည် ဟုလည်း သုံးသပ်မှုများ ရှိခဲ့သည်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာပါက နိုင်ငံခြားသားများ ၀ယ်ယူခွင့် ပါဝင်လာသဖြင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအ၀ယ်မှာ ပိုမိုဖြစ် ထွန်းလာမည်ဟုလည်း အိမ်ခြံမြေဆိုင်ရာ အကျိုးဆောင်များက ခန့်မှန်းထားကြသည်။ ထိုသို့ခန့်မှန်း ထားခဲ့သော်လည်း လက်ရှိအချိန်တွင် ကွန်ဒိုမီနီယံဥပဒေသာ အတည်ပြုခဲ့မှု လေးလခန့် ရှိလာသော်လည်း ကွန်ဒို အပါအ၀င် အိမ်ခြံမြေ အရောင်းအ၀ယ်များမှာ သိသာစွာ မြင့်တက်လာမှု မရှိဘဲ အရောင်းအ၀ယ် ရပ်ဆိုင်းလု အခြေအနေအထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေအနေတွင် အိမ်ခြံမြေဈေးကွက် ကျဆင်းနေရခြင်းမှာ တက်လာသည့် အစိုးရက ဆင်းရဲသားများနှင့် လူလတ်တန်းစားများအကြား ၀ယ်ယူနေထိုင်နိုင်မည့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဆိုသည့် မျှော်လင့်ချက်က အဓိကဖြစ်နေသည်ဟု ယုံကြည်ကြောင်းနှင့် ကွန်ဒိုမီနီယံဥပဒေသာ အသက်ဝင်လာပါက နိုင်ငံခြားသားများ ၀ယ်ယူလာကြမည်ဟု မျှော်လင့်ကြောင်းနှင့် လက်ရှိအခြေအနေတွင် နိုင်ငံခြားသားများက ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူရန် မေးမြန်းမှုများ ရှိလာနေပြီ ဖြစ်ကြောင်း ပြည်တွင်း အွန်လိုင်း အိမ်ခြံမြေ၀က်ဘ်ဆိုတ် ဖြစ်သည့် iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

"ကွန်ဒိုဥပဒေအရဆိုရင် အခန်းပေါင်း ၁၀၀ ရှိတဲ့ ကွန်ဒိုကနေ အခန်း ၄၀ ကို နိုင်ငံခြားသားတွေကို ရောင်းချခွင့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆို ဆယ်စုနှစ်များစွာ နေလာတဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိပါတယ်။ အဲ့လိုလူတွေက ကွန်ဒိုမီနီယံတွေမှာ ၀ယ်ယူမြှုပ်နှံချင်သူတွေ ရှိနေပါပြီ။ အဲ့လိုလူတွေက အခုဆိုရင် ကွန်ဒိုမီနီယံကို ဘယ်လို ၀ယ်ရမယ်ဆိုတာ၊ ဘယ်လို အချက်တွေကို ကြည့်လို့ရမလဲဆိုတာ စုံစမ်းနေပါပြီ။ အဲ့ဒီကွန်ဒိုဥပဒေသာ အသက်ဝင်လာရင် နိုင်ငံခြားသားတွေကလည်း ကွန်ဒိုတွေ ၀ယ်ယူလာနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးနေမင်းသူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကွန်ဒိုဟု အမည်ခံထားသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၁၀၀၀ ခန့်မှ ကျပ်သိန်း ၆၀၀၀ ခန့် အကြားတွင် ဈေးနှုန်းရှိနေပြီး နေရာအချက်အချာ ကျမှုနှင့် ပါဝင်သည့် ၀န်ဆောင်မှုများ၊ ပါဝင်သည့်အခန်း အရေအတွက်နှင့် အကျယ်အ၀န်းအလိုက် ဈေးနှုန်းကွာခြားမှု ရှိနေကြောင်း iMyanmarHouse.com မှ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service