တိုက်ခန်းအရောင်းအဝယ်ပြန်ကောင်းဖို့ နိုင်ငံခြားသားဝယ်ယူခွင့်နဲ့ ဥပဒေအကာအကွယ်လို

တိုက်ခန်းအရောင်းအဝယ်ပြန်ကောင်းဖို့ နိုင်ငံခြားသားဝယ်ယူခွင့်နဲ့ ဥပဒေအကာအကွယ်လို - Property News in Myanmar from iMyanmarHouse.com
9 May 2016 1:00 pm တွင် တင်ခဲ့သည်
1454 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းဥပဒေသီးသန့်သတ်မှတ်ပေးမယ်ဆိုရင် ရောင်းဝယ်သူတွေအတွက်ခိုင်မာမှုရှိလာမှာဖြစ်သလို နိုင်ငံခြားသားဝယ်ယူခွင့် ပေးမယ်ဆိုရင်လည်းအရောင်းအဝယ်ကောင်းလာနိုင်တယ်လို့သိရပါတယ် ။

တိုက်ခန်းအရောင်းအဝယ်တွေမှာ ဝယ်တဲ့သူအတွက် ခိုင်မာတဲ့ အထောက်အထားမပေးနိုင်တာကြောင့် တရားဥပဒေအရ အရှုပ်အရှင်းဖြစ်ခဲ့ရင် အငှါးလိုလို မပိုင်ဝက်မွေးဖြစ်နေကြတာပါ ။

ဝယ်ရင် ဝယ်ကြောင်းဥပဒေရဲ့အကာအကွယ်ရဖို့လိုအပ်ပါတယ် ။တချို့ကတော့နိုင်ငံခြားသားတွေ ကိုဝယ်ခွင့်ပေးပြီး ကွန်ဒိုလို ဈေးကွက်ထဲမှာဖြစ်ပျက်နေတာတွေကိုဖြေရှင်းနိုင်ဖို့ ဥပဒေသတ်မှတ်သင့်တယ်လို့ ပြောပါတယ် ။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းကဒုတိယဥက္ကဌ ဦးကိုကိုထွေးက’ဥပဒေဖြစ်လာရင် ၊နိုင်ငံခြားသားဝယ်ခွင့်ရလာရင် အစိုးရက ရသင့်ရထိုက်တဲ့ အခွန်တွေဖြစ်လာမယ် ၊ဒါတွေက နိုင်ငံအတွက် အကျိုးရှိမယ် ‘ လို့ပြောပါတယ် ။

အဓိက လိုအပ်နေတာက ကြိုပွိုင့်ပြသနာတွေ ၊တိုက်ခန်းပိုင်ဆိုင်မှု(အပျောက်စနစ်) ပုံစံတွေ ၊ပြန်ဖြိုပြီးဆောက်တဲ့အခါ ဝယ်သူ ၊ရောင်းသူအခွင့်အရေးတွေ ၊အစိုးရတိုက်ခန်း ၊ပုဂ္ဂလိကတိုက်ခန်း ဒါတွေအားလုံးကို ဖြေရှင်းနိုင်မယ့် ဥပဒေ လိုနေတာလို့ သိရပါတယ် ။

နိုင်ငံခြားသား ဝယ်ခွင့်ပေးသင့်

လာတဲ့နိုင်ငံခြားသားက ပိုက်ဆံတတ်နိုင်တဲ့သူ ၊ဝယ်ပြီးနေနိုင်တဲ့ သူချည်းပဲ မဟုတ်တာကြောင့် ကွန်ဒိုအပြင်တိုက်ခန်းတွေပါ ဝယ်ခွင့်ပေးလိုက်ရင် တိုက်ခန်းအရောင်းအဝယ်တွေ ကောင်းလာနိုင်တယ်လို့ သိရပါတယ် ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းက ‘နိုင်ငံခြားသားဝယ်ခွင့်ပေးလိုက်ရင် အေးနေပြီး ဈေးကွက်ပျက်နေတဲ့ တိုက်ခန်းဈေးကွက်လဲ ပြန်ကောင်းလာနိုင်မယ် ၊နိုင်ငံခြားသားတွေ ဝယ်ခွင့်ပေးလိုက်လို့ ရင်းနီုးမြုပ်နှံတာတွေ တိုးလာမယ် ၊သူတို့ယူသွားလို့မရဘဲ ဒီမှာပဲလာပြီး ရင်းနှီးမြုပ်နှံထားတာဖြစ်လို့ နိုင်ငံအတွက်လဲ ဝင်ငွေတိုးနိုင်တယ်’ လို့ပြောပါတယ် ။
သည်လိုဖွင့်ပေးလိုက်ရင်
တိုက်ခန်းဈေးကွက်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေပါ တိုးတက်မှုများလာပါမယ် ၊ကွန်ဒိုက ဝယ်သူတချို့နဲ့ဆောက်လုပ်တဲ့ ကန်တရိုက်တာတွေ ၊ကုမ္ပဏီတွေအတွက်ပဲ အကျိုးအမြတ်ဖြစ်စေနိုင်ပြီး တိုက်ခန်းကတော့ ရန်ကုန်မြို့ရဲ့ နေရာတိုင်းနီးပါးမှာရှိနေတာကြောင့် ဝယ်ထားသူတွေအတွက်ပါကောင်းစေနိုင်တယ်လို့ ကျွမ်းကျင်သူတချို့ ပြောပါတယ် ။

ဦးကိုကိုထွေးက ‘အခုကဝယ်ထားသူတွေအတွက် ဘာမှအကျိုးမရှိဘူးဖြစ်နေတယ် ၊ဒါကြောင့် Apartment Law ကိုတင်ပြထားတာပါ ၊နိုင်ငံခြားသားဝယ်ခွင့်ကလဲ ပြည်တွင်းမှာရောင်းရင် တစ်ခန်း ကိုသိန်း ၂၀၀ဆို နိုင်ငံခြားသားရောင်းရင် သိန်း ၅၀၀ လဲဖြစ်လာနိုင်တယ် ၊ဈေးတက်လာမယ် ၊ဝယ်ထားတဲ့သူတွေလဲ အကျိုးရှိမယ် ‘ လို့ရှင်းပြပါတယ် ။

မြေပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး သူကတိုက်ခန်းတွေအတွက်ဖြစ်တာကြောင့် အခန်းပဲပိုင်ဆိုင်တာပါ ။မြန်မာနိုင်ငံရဲ့အခြေခံဥပဒေမှာကလည်း မြေပိုင်ခွင့်မရှိဘူး ။မြေပိုင်ခွင့်ထက် တိုက်ခန်းဆို တိုက်ခန်းပဲ ၊ကွန်ဒိုဆို ကွန်ဒို အကုန် တိုက်ခန်းပါပဲ ။အခန်းပဲဝယ်တာဖြစ်တယ်လို့ပြောပါတယ် ။

ကန့်သတ်ချက်တော့ရှိသင့်

လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကျဆင်းနေပြီး တိုက်ခန်းအရောင်းအဝယ်တွေရပ်နေပါတယ် ။တိုက်ခန်းဥပဒေက လိုအပ်တာမှန်ပေမဲ့ နိုင်ငံခြားသားဝယ်ခွင့်ပေးထားတာက ကန့်သတ်ချက်တွေထည့်သွင်းထားမှသာ သင့်တော်မယ်လို့ပြောကြပါတယ် ။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘အဓိကက စာရွက်စာတမ်းအတုတွေ ၊လိမ်လည်တာတွေကို ဖြေရှင်းပြီး ထိန်းနိုင်ဖို့တော့လိုအပ်တယ် ၊ဝယ်ခွင့်ပေးရင်လဲ ကန့်သတ်ချက်တွေထားမှဖြစ်မယ် ၊ဒီမှက တိုက်ခန်းက ပွစာကျဲနေတာကြောင့်ဥပဒေက တိကျခိုင်မာပြီး အသေးစိတ်ကျဖို့လိုတယ် ‘ လို့ပြောပါတယ် ။

Credit: The Morden

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service