နိုင်ငံရေး အခြေအနေတည်ငြိမ်ကောင်း မွန်မှု၊ နိုင်ငံတကာ မှမျှော်လင့်နေသောအပြောင်းအလဲအား ကောင်းစွာ ပုံဖော်နိုင်မှု စသည့် အပြောင်းအလဲများအပြင် ရှိရင်းစွဲ ယဉ်ကျေးမှု အမွေအနှစ်များ ၊ ရှေးဟောင်းမြို့တော်များ၊ အခိုင်အမာရှိခဲ့သော သမိုင်းများနှင့် ရာဇဝင်များ သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ခရီးသွားဆွဲဆောင်နိုင်သည့်အချက်များဖြစ်သည်။
၂၀၁၀ ခုနှစ်မှ စတင်၍ ပြည်ပ ဧည့်သည်လာရောက်မှုနှုန်းထားသည် နှစ်စဉ် တိုးတက်မြင့်မားလာခဲ့သည်။အာဆီယံ ဒေသများအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းထားသည် နှစ်စဉ် ငါးဆယ်ရာခိုင်နှုန်းခန့် တိုးပွားမှုရှိနေသည်။ယင်းပမာဏသည် အာဆီယံဒေသ အပါအဝင် နိုင်ငံအများစု မရခဲ့ဖူးသော စံချိန်ကောင်းတစ်ရပ်ပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် တိုးပွားမှုနှုန်းသည် ၂၀၁၅ ခုနှစ်အကုန်တွင် ငါးသန်းဝန်းကျင်အထိရှိခဲ့သည်။ခရီးသွားလုပ်ငန်းအောင်မြင်နေသော နိုင်ငံများတွင်ပင်လျှင် တစ်နှစ်တာ ခရီးသွားဦးရေ တိုးပွားမှုသည် ဆယ်ရာခိုင်နှုန်းမှ ဆယ့်ငါးရာခိုင်နှုန်းသာရှိခဲ့သည်။၂၀၁၂ မှ ၂၀၁၃ ခုနှစ် အကူးတွင်ပင်မြန်မာ၏ ခရီးသွားဧည့်သည်မှာ သိန်းဂဏန်းမှ သန်းဂဏန်း အထိ တိုးမြင့်ခဲ့သည်။ထို ပမာဏ သည် အကောင်းဆုံးသော ညွန်းကိန်းတစ်ရပ်ဖြစ်ခဲ့ပြီး ရင်းနှီးမြုပ်နှံလိုသော လူတန်းစားတစ်ရပ်အတွက်လည်း စိတ်ဝင်စားဖွယ်ရာ အခြေအနေ တစ်ရပ်ဖြစ်လာသည်။
ခရီးသွားလုပ်ငန်းကို အချို့က မီးခိုးမထွက်သော စက်ရုံ ဟု အချို့က တင်စားကြသသည်။ နှစ်စဉ်မြင့်မားလာသော ခရီးသွားဧည့်သည် ပမာဏ အတွက် လိုအပ်လာသော Infrastructure အခြေခံအဆောက်အအုံ များစွာ လိုအပ်လာသည်။အဘယ်ကြောင့်ဆိုသော် နိုင်ငံအေးချမ်းတည်ငြိမ်နေသရွေ့၊ရာသီဥတု သဘာဝ ကပ်ဘေးများ ပြင်ပြင်းထန်ထန် မကြုံဆုံရသရွေ့ ခရီးသွားလုပ်ငန်း၏ အနာတ်မှာ ဖြောင့်ဖြူးကောင်းမွန်နေခြင်းကြောင့်ဖြစ်သည်။တစ်ဖန် ခရီးသွားလုပ်ငန်းဟူသည် Bubble Economic မဟုတ်ကြောင်း အားလုံးက လက်ခံထားရှိသည်။
ယင်းအချက်အလက်အပေါ် မူတည်၍ ရင်းနှီးမြုပ်နှံလိုသူများသည် ခရီးသွားလုပ်ငန်းအပေါ် မှီတည်ရင်းနှီးမြုပ်နှံလာကြသည်။အထူးသဖြင့် ရန်ကုန်မှ အိမ် ခြံ မြေ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံထားသူများ၏ ဈေးကွက်မှာ ခရီးသွားလုပ်ငန်းအတွက် လိုအပ်နေသော အခြေခံ အဆောက်အအုံပိုင်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်အားထက်သန်လာကြသဖြင့် ခရီးသွားလုပ်ငန်း ဖြစ်ထွန်းမှုအားကောင်းနေသော ဒေသများထံ များထံသို့ ရွေ့လျားလာမှုကို တွေ့မြင်လာရသည်။
""လတ်တလောမှာ ရန်ကုန်က ခြံမြေတွေ ပိုက်မိထားတဲ့သူတွေက ရှိတဲ့ မြေကို ပြန်ရောင်းချင်ကြတယ်။ရောင်းပြီးတော့ နယ်ဘက်ကို ဈေးကွက်ရွေ့လာတယ်။ခုတလော ခရီးသွားဒေသသစ်ဖြစ်လာတဲ့ ငရုတ်ကောင်းတို့၊နောက်တစ်ခါ ဂေါ်ရင်ဂျီ တို့ ဘက်ကို ရွေ့သွားတယ်။နောက်ပြီး ဧည့်သည် အဝင်များတဲ့ ချောင်းသာ ငွေဆောင် ငပလီ ဒေသတွေကိုလည်း သွားဝယ်ပြီးရင်းနှိးမြုပ်နှံကြတယ်။နောက် ဧည့်သည် အဝင်များတဲ့ ပုဒံဒေသတွေကိုလည်း စိတ်ဝင်တစား သွားဝယ်ကြတယ်။ခရီးသွားကိုလည်း ရင်းနှီးမြုပ်နှံရာ ဖြစ်တယ်။နောက် ဈေးနှုန်းပိုင်းအရလည်း ရန်ကုန်ထက်သက်သာတယ်။"" ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ စိုင်းခွန်နောင် မှ ပြောပြသည်။
လက်ရှိနှစ်ကာလ မတိုင်မီအထိ ရှေးဟောင်းယဉ်ကျေးမှုဇုန် ပုဂံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နှစ်သိန်း ဝန်းကျင်အထိ ရှိခဲ့ပြီး နိုင်ငံခြားငွေ သိန်းပေါင်း ၆၀၀၀၀ ကျော် ရရှိသည်အထိ ဧည့်သည် ဝင်ရောက်မှုအားကောင်းခဲ့သည်။ သို့သော် ယင်းဒေသ၏ ခရီးသွားလုပ်ငန်းအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်။""ခု အရောင်းအဝယ် ဖြစ်တဲ့ ဒေသတွေမှာ ပုဂံလည်းပါတယ်။အများစုက ဟိုတယ်ဆောက်ဖို့ လုပ်နေကြတာပေါ့။ရန်ကုန်မှာ ရှိတဲ့ မြေကွက်တွေကိုရောင်းမယ်။နယ် ဘက် ခရီးသွားအဝင်များတဲ့နေရာတွေကို ရွေ့တယ်။ဒါဘဲ။အဲဒါကလည်း ပို အလုပ်ဖြစ်တယ်""ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။
ချောင်းသာ ကမ်းခြေအနီးရှိ ရွှေသောင်ယံ ကျေးရွာတွင် ဝယ်ယူထားသူတစ်ဦးမှ လည်း ယင်းနေရာအားဝယ်ယူမှုနှင့်စပ်လျဉ်း၍ အနာဂတ် ခရီးသွားဧည့်သည် တိုးတက်လာမည် ကို မျှော်မှန်းစီးပွားရေးလုပ်လိုမှုကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်သိရှိရသည်။""အသိ တစ်ယောက်ဆီက ဝယ်ခဲ့တာ။အဓိက က လတ်တလောမှာ စီးပွားရေးလုပ်လို့ မရသေးပေမယ့် လိုအပ်လာမယ့် အခြေခံ အဆောက်အအုံလိုအပ်ချက်တွေကို တစ်နေ့နေ့မှာ ဖြည့်ဆည်းနိုင်အောင် ဝယ်ထားတာ။နောက်ပြီး ဈေးနှုန်းအရမှာလည်း ရန်ကုန်လို မြို့ပြနဲ့ ယှဉ်ရင် အစစအရာရာ အဆင်ပြေတယ်။ဒီမှာ ကျွန်တော်ဝယ်တာ တစ် ဧကကို ခုနစ်သိန်းဘဲ ပေး ရတယ်။""ဟု ၎င်းမှဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ၏ ရန်ကုန်မြို့အတွင်း ၌ အိမ် ခြံ မြေ ဈေးနှုန်းများမှာ သင်္ဃန်းကျွန်းမြို့နယ်၌ပင် ၂၀၁၀ ခုနှစ်အတွင်းက တစ်ပေပတ်လည်လျှင် ကျပ် ခုနှစ်သောင်းဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ကျပ် တစ်သိန်းခန့်ဈေးပိုများလာခဲ့သည်။မြောက်ဥက္ကလာ မြို့နယ်တွင်လည်း တစ်ပေပတ်လည် တစ်သောင်းနှစ်ထောင့်ငါးရာမှ တစ်သိန်းခြောက်သောင်းကျော်အထိရှိလာခဲ့သည်။ ဗဟန်းကဲ့သို့သော မြို့နယ်များဆိုပါက တစ်ပေပတ်လည် ဈေးနှုန်းများမှာ ကျပ်ခြောက်သိန်းဝန်းကျင်ခန့်အထိ မြင့်တက်လာခဲ့သည်။
သို့သော် ယင်းနေရာများသည် ရင်းနှီးမြုပ်နှံထား ပါက ငွေအိပ်နေနိုင်သည့် ဒေသများဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်ရာတွင်လည် ခက်ခဲစေသဖြင့် အများစုသည် ၎င်းတို့၏ အိမ်ခြံမြေဈေးကွက်ကို ခရီးသွားလုပ်ငန်းအပေါ်တည်မှီ၍ ဧည့်သည် ဝင်ထွက်မှုများသော ဒေသများသို့ ဦးတည်လာသည်ကိုတွေ့ရကြောင် ရေးသားတင်ပြလိုက်ရပါသည်။
မင်းဝဿ န် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com