ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တင်ဒါအောင် တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းရန် တင်ပြထားသည့် ကုမ္ပဏီ ၁၉ ခုရှိ

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တင်ဒါအောင် တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းရန် တင်ပြထားသည့် ကုမ္ပဏီ ၁၉ ခုရှိ - Property News in Myanmar from iMyanmarHouse.com
8 Apr 2016 10:08 am တွင် တင်ခဲ့သည်
1152 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီး ပွားရေးဇုန်တွင် တင်ဒါအောင် ထားသည့် တရုတ်ကုမ္ပဏီနှင့် ပူး ပေါင်းဆောင်ရွက်ရန် တင်ပြထား သည့် မြန်မာကုမ္ပဏီ ၁၉ ခုရှိ ကြောင်း သတင်းရရှိသည်။

အဆိုပါတရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုနှင့် ပူးတွဲလုပ် ဆောင်ရန် မြန်မာဘက်မှ ကုမ္ပဏီ များ ၂၀၁၆ မတ်လ ၃၁ ရက်နောက်ဆုံးထား၍ စိတ်ဝင်စားမှုဖော်ပြ လွှာတင်ပြရန် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

‘‘အခုက တင်ပြလာတဲ့ ကုမ္ပဏီတွေကို သုံးသပ်နေပါတယ်။ ဘယ်ကုမ္ပဏီကို ကမ်းလှမ်းမယ်ဆိုတာ ဧပြီလကုန်ပိုင်းလောက်ဖြစ်မယ်’’ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုမ္ပဏီ ၁၉ ခု၏ ငွေကြေးတောင့်တင်းမှု၊ လုပ်ငန်းအတွေ့အကြုံနှင့် တိုင်းရင်းသားကုမ္ပဏီဟုတ်၊ မဟုတ်တို့ကို အဓိကစစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရွေးချယ်ခံကုမ္ပဏီများ၏ ငွေရေးကြေးရေးပေါ်မူတည်၍ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီအရေအတွက်ကို စဉ်းစားမည် ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင်စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းအကောင်အထည် ဖော်ရန်ကုမ္ပဏီခြောက်ခုဖြင့် ဖွဲ့ စည်းထားသော တရုတ်အစိုးရပိုင် CITIC Consortium က တင်ဒါ အောင်မြင်ကြောင်း အစိုးရက ၂၀၁၅ ဒီဇင်ဘာ ၃၀ ရက်၌ ထုတ် ပြန်ကြေညာခဲ့သည်။ CITIC Consortium သည် စီမံကိန်းနှစ်ခု စလုံးအတွက် အမေရိကန်ဒေါ် လာ ကိုးဘီလီယံရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစီမံကိန်း၏ ချေးငွေသည် အတိုးမဆပ်နိုင်ပါက လုပ်ငန်းပါ သိမ်းယူနိုင်သည့် ချေးငွေပုံစံဖြစ် ပြီး လုပ်ငန်းအမြတ်မှာ နှစ် ၄၀ ကျော်မှရရှိမည် ဖြစ်သော်လည်း ချေးငွေအတွက် အတိုးကအမြတ်မရမီ ပေးဆပ်ရမည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်နည်းဥပ ဒေ၌ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီနှင့် ခြောက်လအတွင်း သဘောတူ ညီချက်စာချုပ်ချုပ်ဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် လာမည့် ခြောက်လအတွင်း စာချုပ်နှင့် ပတ်သက်၍ မြန်မာအစိုးရက ဆုံးဖြတ် ချက်ထပ်မံပေးပိုင်ခွင့်ရှိသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကုန်ခါနီးတွင် အဆိုပါစီမံကိန်းကိုအလျင်အမြန်အကောင်အထည် ဖော်ရန်
ဆောင်ရွက်ခြင်းခဲ့ဖြစ်ပြီး ဒေသခံများက တရုတ်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရရှိခြင်းအပေါ် စိုးရိမ်မှု များရှိနေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service