လူတစ်ဦးချင်းရဲ့ ဘ၀တိုးတက်ဖို့၊ မိသားစုတစ်စုရဲ့ ဘ၀တိုးတက်ဖို့၊ အဖွဲ့ အစည်းတစ်ခုရဲ့ အောင်မြင်တိုးတက်မှု၊ နိုင်ငံတစ်နိုင်ငံတိုးတက်ပြီး မိမိနိုင်ငံသား တွေရဲ့ ဘ၀အရည်အသွေးတိုးတက်ဖို့ Capital လို့ခေါ်တဲ့ အရင်းအနှီးတွေကို ရင်းနှီးမြှုပ်နှံမှု(Investment)လုပ်ကြရတာ ဖြစ်တယ်။ အရင်းအနှီးတွေကို လေ့လာရာ မှာ -
(၁) သဘာဝဆိုင်ရာအရင်းအနှီး (Natural Capital)
(၂) လူသားရင်းမြစ်အရင်းအနှီး (Human Resource Capital)
(၃) ငွေကြေးဆိုင်ရာ အရင်းအနှီး (Financial Capital)
(၄) အသိပညာအရင်းအနှီး(Knowledge Capital)
(၅) လူမှုရေးအရင်းအနှီး (Social Capital)နှင့်
(၆) ရုပ်ပိုင်းဆိုင်ရာ အရင်းအနှီး (Phycial Capital )တွေဖြစ်တယ် ဆိုတာတွေ့ရမှာဖြစ်တယ်။
အခုဆောင်းပါးမှာ အဓိကရေးပြချင် တာက သဘာဝဆိုင်ရာ အရင်းအနှီးနဲ့ ပတ်သက်တာတွေဖြစ်ပါတယ်။ စာရေးသူ တို့ နေထိုင်တဲ့ကမ္ဘာကြီးက နှစ်သန်းပေါင်း များစွာ ကြာခဲ့ပြီဖြစ်တယ်။ ဘူမိဗေဒပညာ ရှင်တွေရဲ့ အဆိုအရ ကမ္ဘာကြီးရဲ့ သက် တမ်းက နှစ်သန်းပေါင်း ၄၅၀၀ ရှိတယ်လို့ ဆိုတယ်။ စာရေးသူတို့နိုင်ငံအတွင်းမှာ ထူးခြားချက်က သက်တမ်းအရင့်ဆုံး Pre-Cambraium(နှစ်သန်းပေါင်း ၆၀၀ ကျော်)တဲ့ မိုးကုတ်ကျောက်လွှာစဉ်နဲ့ ချောင်းမကြီး ကျောက်လွှာအုပ်စုကနေ မကြာမြင့်မီအချိန် မှာ ဖြစ်ခဲ့တဲ့ ကျောက် လွှာအုပ်စုတွေအထိရှိ နေပြီး အဓိကပြတ်ရွေ့ကြီးဖြစ်တဲ့ စစ်ကိုင်း ပြတ်ရွေ့ကြီးနဲ့ ဆက်စပ်တဲ့ပြတ်ရွေ့ပေါင်း များစွာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီး အဲဒီ ပြတ်ရွေ့တွေရဲ့ အက်ကြောင်းတွေမှာ သတ္ထုသယံ ဇာတတွေဖြစ်တဲ့ ရွှေ၊ ငွေ၊ ခဲ၊ သွပ်၊ ခနောက်စိမ်း၊ ခဲမဖြူအဖြိုက်နက်၊ ကြေးနီ အပါအ၀င်သဘာဝအရင်းအနှီး များစွာ ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့တယ်။ သတ္ထုမဟုတ်တဲ့ သယံဇာတအနေနဲ့ မိုးကုတ် ဒေသရတနာမြေကနေကမ္ဘာက အသိ အမှတ်ပြုတန်ဖိုးထားတဲ့ ပတ္တမြားနဲ့ နီလာ တွေ ထွက်ရှိတယ်။ မြန်မာနိုင်ငံအလယ် ပိုင်းမှာ ရေနံတွေနဲ့ မြန်မာ့ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိ တဲ့ သဘာဝအရင်းအနှီးတွေဖြစ်တယ်။ ရေနံနဲ့ (Fossil Fuel) တွေဖြစ်တယ်။ ရုပ်ကြွင်းလောင်စာ တွေဖြစ်လာဖို့ နှစ်ပေါင်းသန်းနဲ့ချီပြီး ကြာ မြင့်တယ်။
ဒီမျှမကသေးဘဲ သဘာဝကနေ စာရေးသူတို့ မြန်မာနိုင်ငံမှာ သဘာဝ အရင်းအနှီးအဖြစ် အဖိုးတန်ကျွန်း၊ ပျဉ်း ကတိုး၊ အင်၊ အင်ကြင်း၊ ပိတောက်၊ တမလန်း အပါအ၀င် သစ်ပင်များစွာကိုလည်း သဘာဝအရင်းအနှီးအဖြစ် ဖြည့်ဆည်း ပေးထားတယ်။ စာရေးသူတို့ နိုင်ငံက သဘာဝအရင်းအနှီးတွေပေါကြွယ်ဝစွာ ဖြည့်ဆည်းပေးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် တယ်။ အခုလို သဘာဝအရင်းအနှီး အလျှံ ပယ်ဖြည့်ဆည်းပေးထားတဲ့ နိုင်ငံကို ကမ်္ဘာ့ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လွှဲမှားစွာ စီမံခန့်ခွဲခဲ့တဲ့ အာဏာရှင်တွေကို VIP အဖြစ် ဂုဏ်ပြုချင်တယ်။ စာရေးသူပေးချင် တဲ့ ဂုဏ်ပြုမှုက အများထင်ထားတဲ့ (Very Important Person) (VIP) မဟုတ်ဘဲ Very Ignorance Personal (VIP) ဘွဲ့ပေးချင်တယ်။ ဘာကြောင့်များ အခုလို အတ္တတွေများပြီး မိမိနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့။ မိမိကတော့ ကမ္ဘာ့အချမ်းသာဆုံး ဘီလ်ဂိတ်နဲ့အပြိုင် ချမ်းသာကြွယ်ဝချင်ရ တာလဲဆိုတာ မေးခွန်းထုတ်ချင်တယ်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေက အခုအခါ ပညာရေးနဲ့ မိမိနိုင်ငံကို ပျော် ရွှင်မှုရအောင် လုပ်ဆောင်နေကြချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ (စာရေးသူတို့နိုင်ငံအပါ အ၀င်) ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေက နည်းပညာကို လွှဲပြောင်းရယူနေကြရမယ့် အခြေအနေသာရှိနေသေးတယ်။ စာရေး သူတို့နိုင်ငံကနေ ထွက်ရှိတဲ့ သဘာဝဓာတ် ငွေ့ကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ရောင်း ချလိုက်တယ်။ အဲဒီသဘာဝဓာတ်ငွေ့ ရောင်းချရငွေက နှစ်စဉ် ၃ ဘီလီယံရှိတယ် လို့ကြားရတယ်။ တရားဝင်ထုတ်ပြန်မှုတော့ မရပါ။ မိမိနိုင်ငံအတွင်း ပြည့်စုံလုံလောက် အောင် ဖြည့်ဆည်းမှုမရှိဘဲ အခြားနိုင်ငံကို ရောင်းချလိုက်ရာမှာ အဲဒီဓာတ်ငွေ့တွေ ပို့လွှတ်ဖို့ ပိုက်လိုင်းတွေ သွယ်တန်းရတယ်။ ပိုက်လိုင်းနဲ့ မလွတ်ကင်းတဲ့ လယ်ယာမြေ တွေ ဆုံးရှုံးကုန်ကြတယ်။ ပိုက်လိုင်းလုံခြုံ ရေးအတွက် သူတို့နိုင်ငံက လုံခြုံရေးတွေ ချဦးမယ်လိုလိုကြားရတယ်။ မိမိနိုင်ငံအတွင်း ကို အခြားနိုင်ငံက လုံခြုံရေးယူမယ်ဆိုတာ က ကြားလို့မှ မသင့်တ်ာတာပဲ။ ဒါကိုတော့ နိုင်ငံတော်အနေနဲ့ လုံးဝ (လုံးဝ) ခွင့်မပြု သင့်ပါ။ နဂိုကမှ ရှေးတဘောင်အတိုင်း ဖြစ်လာနေခဲ့တာ ခွင့်ပြုလိုက်ရင် ပိုဆိုးသွား မယ်။
အိန်္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ဂန်္ဓီရဲ့ စကားအညွှန်းတစ်ခုကို ဖတ်လိုက်ရ တယ်။
“ကမ္ဘာကြီးက လူတစ်ဦးချင်းစီကို စိတ်ကျေနပ်မှုဖြစ်စေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားတယ်။ သို့ပေမယ့် အဲဒီလိုဖြည့်ဆည်းပေးထားမှုက လူရဲ့ လောဘအတွက် မဟုတ်ပါဘူး”လို့ ဆိုရ တယ်။
နိုင်ငံတွေမှာ သက်ဆိုင်ရာ အုပ်ချုပ် ကြတဲ့ ဒီမိုကရေစီအစိုးရတွေက အကျိုးရှိ စေပြီး အခြေကျကျလုပ်နိုင်စွမ်းရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးကြရမယ်။ မိမိကိုယ်တိုင်ပိုင်ဆိုင်တဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ သူတို့ရဲ့ ဘ၀တွေ ကို ကျေနပ်စေမှုရှိစေရမယ်လို့ Huxley က ဆိုတယ်။ မိမိနိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေကို ဖြည့်ဆည်းပေးရာမှာ အစိုးရတွေက နိုင်ငံရေးဆိုင်ရာ စီးပွားရေး (Political Economy) သဘောတရားတွေကို အပြည့်အ၀နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ John Staurt Mill (၁၈၀၆-၁၈၇၃)က ဆိုခဲ့တယ်။
ဈေးကွက်သဘော တရားအမြင် ရှုထောင့်ကနေ ကြည့်ရင် စီးပွားရေးလုပ်ငန်းတွေက ထုတ်ကုန်ပစ္စည်း တွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ် သက်ဆက်စပ်တဲ့လုပ်ငန်းတွေဖြစ်တယ်။ ၀ယ်ယူလိုကြတဲ့ အ၀ယ်သမားတွေက ရောင်းလိုတဲ့ အရောင်းသမားတွေကိုတွေ့ ဆုံ ကြတာဖြစ်တယ် ၀ယ်သူက ပစ္စည်းတွေကို ၀ယ်ယူရာမှာသူ့အတွက် ဘယ်လောက် အကျိုးကျေးဇူးရှိစေနိုင်မှာလဲဆိုတာ ရှာဖွေ တဲ့ မုဆိုးဖြစ်တယ်။ ထုတ်ကုန်တွေရဲ့ ရင်းမြစ်ကို သူမသိပါ။ ဘယ်လိုထုတ်တာ လဲသူမသိပါ။ သူသိတာက သူဝယ်ယူလိုက် တဲ့ အဲဒီပစ်္စည်းတွေကနေ သူ့ကို ဘယ်လောက် အကျိုးရှိစေနိုင်မလဲဆိုတာကိုပဲ သိအောင် လုပ်ဆောင်သူဖြစ်တယ်။ ၀ယ်ယူသူက သူပေးလိုက်ရတဲ့ ငွေကြေးပမာဏနဲ့ တန်ဖိုး ရှိတဲ့ပစ်္စည်းတွေကို ဘယ်လောက်ရလိုက် သလဲဆိုတာပဲ တွက်မှာဖြစ်တယ်။ ဒီနေရာ မှာ နိုင်ငံကို အုပ်ချုပ်သူတွေက ရောင်းသူ ကုန်ထုတ်လုပ်သူတွေနဲ့တူပြီး မိမိနိုင်ငံမှာ သဘာဝအရင်းအနှီးတွေ ဘယ်လောက်ပေါ ပေါများများရှိနေတယ်။ အဲဒီသဘာဝအရင်း အနှီးတွေနဲ့ မိမိနိုင်ငံ၊ မိမိနိုင်ငံသားတွေ အကျိုးရှိအောင် ဘာတွေထုတ်လုပ်ရောင်း ချပေးရမယ်ဆိုတာကို သိရှိနားလည်သဘော ပေါက်ရမှာဖြစ်တယ်။ မှန်ကန်တဲ့ အသိ စိတ်ဓာတ်နဲ့ နိုင်ငံရဲ့ သဘာဝအရင်းအနှီး တွေကို စနစ်တကျ ထုတ်ယူကာ အကျိုး ရှိအောင် အသုံးပြုတတ်စေဖို့ပါ။ ဒီလိုမှ မဟုတ်ဘဲနိုင်ငံမှာရှိနေတဲ့ သဘာဝအရင်း အနှီးတွေကို မတော်မတရား ကိုယ်ကျိုး ရှာရယူမယ်ဆိုရင်တော့ တစ်နေ့နေ့တစ် ချိန် ချိန်မှာ သဘာဝအရင်းအနှီး ကြိမ်စာ သင့်ကြလိမ့်မှာ ဖြစ်တယ်လို့ ဆိုချင် ကြောင်းပါ။
ဦးငွေသိန်း (ကုမ္မဏီလမ်းညွှန်) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com