မြန်မာနိုင်ငံ၏ မြို့ပြ စီမံကိန်းများတွင် ပိုမိုပါဝင်ဆောင်ရွက်ရန် ဗြိတိန်နှင့်ဂျပန် သဘောတူ

မြန်မာနိုင်ငံ၏ မြို့ပြ စီမံကိန်းများတွင် ပိုမိုပါဝင်ဆောင်ရွက်ရန် ဗြိတိန်နှင့်ဂျပန် သဘောတူ - Property News in Myanmar from iMyanmarHouse.com
15 Mar 2016 10:40 am တွင် တင်ခဲ့သည်
4480 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ မြို့ပြတိုးတက်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပိုမိုလေးနက်စွာ ပါဝင်ဆောင်ရွက်ရန် ဗြိတိန်နှင့် ဂျပန်နိုင်ငံကြား
နားလည် မှုတစ်ရပ် တည်ဆောက်ခဲ့ ကြောင်း သတင်းရရှိသည်။

ဗြိတိန်နှင့် ဂျပန်နိုင်ငံတကာ

ကော်ပိုရေးရှင်း အေဂျင်စီက ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံတို့ သည် မန္တလေး၊ ပုသိမ်နှင့် မော် လမြိုင်မြို့ကြီးများတွင် မြို့ပြစီမံကိန်း
ပရောဂျက်တစ်ခု အကောင် အထည်ဖော်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ မြို့များတွင် ဒေသ အလိုက် မှတ်တမ်းအချက်အ လက်များ ကောက်ယူမှု အစီအစဉ် ကို ဇန်နဝါရီလကတည်းက အစ ပြု ဆောင်ရွက်ခဲ့သည်။

ယင်းစစ်တမ်းကောက်ယူ ရေးအဖွဲ့တွင် ဂျပန်မှ ကျွမ်းကျင် ပညာရှင်ကိုးဦးနှင့် ဗြိတိန်နိုင်ငံ သား အကြံပေး တစ်ဦးတို့ ပူးပေါင်း ပါဝင်ကြသည်။
၎င်းတို့သည် အ စိုးရ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ ရှေ့ဆက် လုပ်ငန်းများ ဆောင်ရွက်သွား မည်ဟု သိရသည်။

‘‘လောလောဆယ်တော့ မူ ဝါဒပိုင်း၊ စီမံကိန်းပိုင်းတွေနဲ့ မြို့ တော်သုံးခုရဲ့ လက်ရှိအနေအ ထားတွေကို ဆန်းစစ် လေ့လာနေ ပါတယ်။ ပရောဂျက် ပြီးရင်တော့ ဖွံ့ဖြိုးရေး ကဏ္ဍအတွက် မြေလွတ် နေရာတွေ၊ တည်ဆောက်ရေး အ စီအစဉ်တွေ၊ ဦးစားပေးဆောင် ရွက်သင့်တဲ့ လမ်းပြမြေပုံ အချက် အလက်တွေကို တင်သွင်းလာနိုင် ဖို့ မျှော်လင့်ပါတယ်’’ ဟု ဂျပန် အခြေစိုက် Nippon Koei Co မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကူ နီယိုမီဟီရာနိုက ပြောကြားခဲ့ သည်။

Nippon Koei Co သည် မြန်မာနိုင်ငံတွင် ဖော်ဆောင်မည့် ဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ် ချ မှတ်ရေး ပရောဂျက်လေးခု၌ ပါ ဝင်လုပ်ကိုင်နေသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများ အနက် ယခုမြို့တော်များကို စီး ပွားရေး အလားအလာကောင်း၊ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွား
လုပ်ငန်း ထွန်းကားနိုင်သည့် အခြေအနေကို အဓိကထား လေ့လာ ရွေးချယ်ခဲ့ခြင်းဟုလည်း ဟီ ရာနိုက ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ စီးပွား ရေးမြို့တော် ရန်ကုန်သည် မြန်မာ နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ်
ရပ်တည်နေပြီး လူဦးရေ ခုနစ်သန်းကျော် မှီတင်းနေထိုင်လျက်ရှိ သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ မြို့ပြအခြေအနေ ပြောင်းလဲတိုး တက်မှု အစီရင်ခံစာ၌ ရန်ကုန်မြို့ ၏ လူဦးရေသည် မြို့၏ ချဲ့ထွင်
နိုင်စွမ်းထက် လွန်ကဲစွာ တိုးတက်နေကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်တွင် လူဦး ရေ ၂ ဒသမ ၆ သန်းမျှ ရှိခဲ့သော ရန်ကုန်သည် ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၃ ဒသမ ၄ သန်းအထိ များ ပြားလာသည်။ မြို့၏ နှစ်စဉ်လူဦး ရေ မြင့်တက်နှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းမျှရှိခဲ့ရာ မြို့၏ တိုး ချဲ့နိုင်စွမ်းက အမီမလိုက်နိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှု၊ မိလ္လာစနစ် အဆင်မပြေမှု အစရှိသည့် အ ခြေခံ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရ သည်။

ဗြိတိန်အစိုးရက မြန်မာနိုင်ငံ တွင် ဘဏ္ဍာရေးနှင့် အခြေခံ အ ဆောက်အအုံ ကဏ္ဍများ၌ ရင်းနှီး မြှုပ်နှံသွားရန် ဆုံးဖြတ်ခဲ့ပြီး နောက် ဂျပန်နှင့်
ဗြိတိန်တို့ ပူး ပေါင်းကာ မြန်မာနိုင်ငံတွင် ဒေါ် လာ သန်း ၃၀၀ ဖိုးထိ ရင်းနှီးမြှုပ် နှံရန် ပြင်ဆင်နေသည်။

ဗြိတိန် သံအမတ်ကြီး အန် ဒရူး ပက်ထရစ်က ဗြိတိန်သည် လမ်းဖောက်ခြင်း၊ ဓာတ်အားပံ့ပိုး ခြင်း အစရှိသည့် အပိုင်းများတွင်
အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ရည်ရွယ်ထား ကြောင်း ဆိုသည်။

ထို့အပြင် မြို့ပြစီမံကိန်း ပရောဂျက်များ စီစဉ်ရေးဆွဲမှု အ တွေ့အကြုံကောင်းများကို မြန်မာ နိုင်ငံတွင် မျှဝေအသုံးချသွားရန် ဗြိတိန် ကုမ္ပဏီကြီးများက လိုလား တက်ကြွနေကြောင်းလည်း ၎င်း က ပြောကြားခဲ့သည်။

ထို့အပြင် ဂျပန်နှင့် ပူးပေါင်း ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်ကို ကူညီပံ့ပိုးရန်၊ ဥပဒေ သတ်မှတ်စံနှုန်းများနှင့် လူ့အခွင့် အရေးတို့ကို မြှင့်တင်သွားရန် လည်း ဗြိတိန်အနေဖြင့် အမှန် တကယ် ဆန္ဒရှိနေကြောင်း သံအ မတ်ကြီးက ဆိုသည်။

‘‘နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အရရော၊ ဒီမိုကရေစီအရပါ အ ခြေခံ အဆောက်အအုံတွေ ခိုင် မာ အားကောင်းရေးဟာ အရေးပါ တဲ့ ထောက်တိုင်တွေဖြစ်နေ တယ်။ အခြေခံအဆောက်အအုံ တွေ ပီပီပြင်ပြင် မတည်ဆောက် နိုင်ဘဲနဲ့တော့ အဲဒီနိုင်ငံဟာ တိုး တက်မှု မရှိနိုင်ဘူး။ နိုင်ငံမတိုး တက်ရင် ဒီမိုကရေစီလည်း ဖွံ့ဖြိုး မှာ မဟုတ်ဘူး’’ ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ငါးနှစ်တာအ တွင်း မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံ ကိန်း အချို့တွင် ပါဝင်ဆောင် ရွက်နေသည့် JICA ၏ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးခွဲ အကြီးအကဲ ကီချီရိုနာ ကာဇာဝါက မြို့ပြတည်ဆောက် မှု အစီအစဉ်များသည် အပို ဆောင်း ပရောဂျက်များအဖြစ် ယူဆနိုင်ကြောင်း ဆိုသည်။

သို့သော် အဆိုပါ စီမံကိန်း များ အမှန်တကယ်ဖော်ဆောင်နိုင် မှု ရှိ၊ မရှိနှင့် အကယ်၍ အ ကောင်အထည် ဖော်ဖြစ်ပါက JICA က ပူးပေါင်းပါဝင်ခွင့် ရှိ၊ မရှိ ဆိုသည်မှာ အစိုးရသစ်အပေါ် မူ တည်ကြောင်းလည်း ၎င်းက မှတ် ချက်ပြုခဲ့သည်။

အကယ်၍ JICA သာ မြန်မာ နိုင်ငံ၏ မြို့ပြတည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ပါဝင်ခွင့် ရလာပါက ကြီးမားသည့်
ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည်ဟုလည်း နာ ကာဇာဝါက ခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံ၏ လမ်းတည် ဆောက်မှု ကဏ္ဍတစ်ခုတည်းက ကျပ်ငွေ ဘီလီယံ ၁၆၀ မျှ တန်ဖိုး ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘မြန်မာနိုင်ငံသားတွေ ကြီး ပွားချမ်းသာဖို့၊ လူမှုနယ်ပယ်မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား နိုင်ဖို့ အစွမ်းရှိသလောက်
ကျွန်တော်တို့ လုပ်ဆောင်ပေးနေပါ တယ်’’ ဟုလည်း နာကာဇာဝါက ပြောကြားခဲ့သည်။

JICA ၏ စီမံကိန်း အသစ် များအတွက် အစိုးရသစ်နှင့် ညှိနှိုင်း ဆွေးနွေးမှုများ မဖြစ်မနေ လိုအပ် ကြောင်းလည်း ၎င်းက ဆိုသည်။

JICA သည် မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးရေး စီမံကိန်း အခု ၆၀ ခန့်ထိ ပါဝင်ရင်းနှီးမြှုပ်နှံသွားရန် လိုလားနေကြောင်းလည်း သိရ သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ကဏ္ဍတွင် ဘဏ္ဍာရေးသည် အ ကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်နေသည်။ သို့သော် စီမံခန့်ခွဲမှုအပိုင်း၊
အခြေခံ အ ဆောက်အအုံများ ထိန်းသိမ်းမှု အပိုင်းတို့သည်လည်း မြန်မာနိုင်ငံ အတွက် အရေးတကြီး လိုအပ် နေသည့် အရေးပါသော ကဏ္ဍ များ ဖြစ်နေသည်။

‘‘တိကျမှန်ကန်တဲ့ ပြုပြင် ထိန်းသိမ်းမှုမျိုး၊ တကယ့်ပရော ဂျက် အကြီးကြီးတွေအတွက် လုံ လောက်တဲ့ အရင်းအမြစ်မျိုး မရှိ ဘဲနဲ့တော့ အခြေခံအဆောက် အအုံတွေကို
မြှင့်တင်နေလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒီ တော့ လူ့အရင်းအမြစ် အပါအ ဝင် လိုအပ်ချက်တွေကို မြှင့်တင် နိုင်ရေးကလည်း သိပ်ကိုအရေး ကြီးပါတယ်’’
ဟု နာကာဇာဝါက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service