နေပြည်တော် ရွှေကြာပင်ရပ်ကွက်မှာ အစားပြန်ပေးထားတဲ့မြေကွက် ၃၀၀ ကျော် နှစ်လအတွင်းမှာ ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ လုပ်ငန်းရှင်များထံက သိရပါတယ်။
နေပြည်တော် စပြီးတည်ဆောက်စဉ်က သိမ်းဆည်းမြေတွေအတွက် အစားထိုးချပေးတဲ့ တောင်သူတွေဆီက မြေကွက်တွေအရောင်းအဝယ်ဖြစ်နေတာပါ။ မှုလတောင်သူက မြေဧကဝက်ကနေ ငါးဧကပိုင်ဆိုင်သူကို ပေ၄၀ x ပေ ၆၀ တစ်ကွက် ၊ ငါးဧက အထက်ပိုင်ဆိုင်တဲ့သူတွေကို သုံးကွက်အချိုးကျနဲ့ ပြန်လည်ပေးဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေးပေးချင်းမှာတော့ လမ်းပိုင်းဆိုင်ရာဖောက်လုပ်မှုမရှိတာရယ် ၊ ဓါတ်မီးတိုင်တွေ မဆောက်ရသေးတာကြောင့် ဝယ်ယူသူစိတ်ဝင်စားမှုနည်းနေပြီး နှစ်လအတွင်းမှာ လမ်းပိုင်းဆိုင်ရာနဲ့ မီးအစုံအလင် ရရှိလာပြီဖြစ်တာကြောင့် ဈေးနှုန်း နှစ်ဆမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၁၆၀ နဲ့စပြီးပေါက်တဲ့ဈေးနှုန်းမှာ နှစ်လအတွင်း အဲသည်အကွက်တွေဟာ ကျပ်သိန်း ၂၈၀ မှ သိန်း ၃၀၀ အထိ မြင့်တက်လာတယ်လို့လည်း သိရပါတယ်။
‘အခုဆို လမ်းကြားတွေအထိ လမ်းတွေဖောက်လုပ်ပြီးစီးနေပြီ ၊ အဲဒီတော့ ဝယ်တဲ့သူတွေကလဲ စိတ်ဝင်စားလာတော့ ပြုံပြီးဝယ်လာတယ် ၊ အဲဒီတော့ ဝယ်တဲ့သူတွေကလဲ စိတ်ဝင်စားလာတော့ ပြုံပြီးဝယ်လာတယ် ၊ အဲဒီတော့ ဈေးတွေက နှစ်ဆနီးပါးမြင့်တက်လာတာပေါ့’လို့ ဇေယျာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောပါတယ် ။
နေပြည်တော်စည်ပင်က ပြန်လည်ပေးဆောင်ခဲ့တဲ့ အကွက်အရေအတွက်မှာ ၃၃၂ ကွက်ဖြစ်ပြီး တောင်သူအများစုက လက်ရှိပေါက်ဈေးနဲ့ ပြန်ရောင်းတဲ့နေရာမှာ ပွဲစားလက်ထဲက ပြန်လည်ရောင်းချတာမဟုတ်ဘဲ တောင်သူတွေကိုယ်တိုင်က ပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရွှေကြာကင်ရပ်ကွက်ဟာ တောင်သူတွေလယ်ယာလုပ်စားနေဆဲဖြစ်ပြီးကျေးရွာအတွင်းမှာ ကျွဲ ၊ နွား တိရစ္ဆာန်မွေးမြူမှုများကို ပြုလုပ်နေဆဲဖြစ်ပြီး ရွှေကြာပင်အနီးမှာ ကွက်သစ်တွေရိုက်ပြီး ဗီအိုင်ပီအကွက်တွေ ချပေးထားတာဖြစ်ပါတယ်။ ယခုတောင်သူတွေကိုပေးထားတဲ့ အကွက်တွေမှာ သီးသန့်အကွက်ပုံစံမျိုးဖြစ်ပြီး သပြေကုန်းနဲ့နီးနေတာကြောင့် ဝယ်သူတွေက စိတ်ဝင်စားမှုများလာတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်တွေက သုံးသပ်ပြောကြားပါတယ်။
မူလသိမ်းဆည်းခဲ့တဲ့ မြေကွက်နေရာမှာပဲ ကွက်သစ်ရိုက်ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းကစပြီး နေပြည်တော်စည်ပင်သာယာကပြန်လည်ချထားပေးခဲ့တာ ဖြစ်ပါတယ်။
Credit: The Modern