အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ် မှတ်ပုံတင်မယ်ဆိုရင်

အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ် မှတ်ပုံတင်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
12 Feb 2016 11:01 am တွင် တင်ခဲ့သည်
3090 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စာရွက်စာတမ်းရုံးမှာ မှတ်ပုံတင်မယ့်သူတွေအနေနဲ့ တချို့က အကျိုးဆောင်တွေနဲ့ ပြုလုပ်ကြပေမယ့် လုပ်ငန်းစဉ်တွေကို နားမလည်တာတွေရှိတာကြောင့် ကိုယ်တိုင်သိထားသင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။
စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်တဲ့အခါ ရန်ကင်းမြို့နယ်က ရန်ကုန်တိုင်းကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ပြုလုပ်ရတာပါ။

အခွန်တံဆိပ်ခေါင်းကပ်တဲ့အခါ
အရင်က မြေနဲ့ အိမ်တန်ဖိုးကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ ရာဖြတ်ဌာနက သတ်မှတ်ပေးတာဖြစ်တယ်။ သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း ခုနစ်ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ကပ်နှိပ်ရတာပါ။ ငွေ ၁၀၀ တန်လျှင် အခွန်တံဆိပ်ခေါင်း (ခုနစ်ရာခိုင်နှုန်း) ကပ်ပေးရပါသည်။ အခုအချိန်မှာတော့ ပြောင်းလဲထားတဲ့ တံဆိပ်ခေါင်းခွန် (ငါးရာခိုင်နှုန်း)လို့ သိရပါတယ်။ မြေနှင့် အိမ်တည်နေရာမှာရှိတဲ့ ခရိုင်အခွန်ဦးစီးဌာနမှူး ပါဝင်တဲ့ အဖွဲ့က မြေနဲ့အိမ်၊ မြေကွက်ကို တန်ဖိုးသတ်မှတ်ပေးပြီးတာနဲ့ စာချုပ်မှာ ကပ်နိုင်ဖို့ အခွန်တံဆိပ်ခေါင်းကို ၀ယ်ယူလို့ရပြီလို့ သိရပါတယ်။

စာချုပ်ကို မှတ်ပုံတင်တဲ့အခါ လိုအပ်တဲ့အချက်တွေ
လျှောက်မယ့်လျှောက်လွှာဝယ်ယူပြီး အခွန်တံဆိပ်ခေါင်းတစ်ခုကပ်နိုင်ရမှာပါ။ ရောင်းသူ၊ ၀ယ်သူနှစ်ဦးစလုံးက မြန်မာနိုင်ငံသားဖြစ်ပြီး သက်သေနှစ်ဦးတို့ရဲ့ မှတ်ပုံတင်မူရင်းပါရှိရမှာပါ။ မြေပုံမြေရာဇ၀င်မူရင်းကိုလည်း တင်ပြရမှာပါ။ တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်မှာ ရောင်းသူ/၀ယ်သူသက်သေနှစ်ဦးတို့ လက်မှတ်ရေးထိုးထားတဲ့စာချုပ်၊ မြေပုံနဲ့ မြေရာဇ၀င်တို့ကို မိတ္တူတစ်စုံစီကူးပြီးပေးရမှာပါ။ မူရင်းမြေဂရန်ယူဆောင်ရမှာဖြစ်ပြီး မိတ္တူတစ်စုံကူးထားရမှာဖြစ်တယ်။
အဆင့်ဆင့်ရောင်းချထားတဲ့ သူတွေအနေနဲ့ တရားဝင်ဆက်စပ်စာချုပ်တွေကို မိတ္တူတစ်စုံကူးယူလာရမှာပါ။ အားလုံးပြည့်စုံတဲ့အခါ စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးက စစ်ဆေးပြီး မှတ်ပုံတင်ပေးမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ မှတ်တမ်းဌာန၊ ငွေစာရင်းဌာနတွေကို သွားပြီး ကျသင့်ငွေသွင်းရမှာဖြစ်ပါတယ်။ ရောင်းသူ/၀ယ်သူ/သက်သေတို့ရဲ့ လက်ဗွေနှိပ်တာတွေပြီးရင်တော့ ရောင်း ၀ယ်ပြုလုပ်တာပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဌာနမှ ချိန်းဆိုထားတဲ့ရက်မှာ စာချုပ်ကို သွားရောက် ထုတ်ယူလို့ရပြီဖြစ်ပါတယ်။ ထုတ်ယူတဲ့အခါ စာချုပ်မှာ အမည်ပါဝင်တဲ့ သူတွေသာ ထုတ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ မြေပုံနှင့် မြေရာဇ၀င်သက်တမ်းက ဌာနမှ ထုတ်ပေးတဲ့နေ့ကစပြီး တစ်နှစ်သာ သက်တမ်းရှိတယ်လို့ သိရပါတယ်။

ဂရန်အမည်ပေါက်သူ ကွယ်လွန်တဲ့အခါ
ဂရန်အမည်ပေါက်သူ ကွယ်လွန်တဲ့အခါ ကျန်ရစ်တဲ့ မိသားစုဆွေမျိုးသားချင်းတွေက လျှောက်ထားတဲ့အခါ လျှောက်လွှာနှစ်စုံဝယ်ယူပြီး တစ်စုံစီမှာ အခွန်တံဆိပ်ခေါင်းကပ်ရမှာပါ။ စာချုပ်ကို မှတ်ပုံတင်တဲ့အခါ ပိုင်ဆိုင်ကြောင်း ကြေညာမယ့်သူရဲ့ မှတ်ပုံတင်မူရင်းနဲ့ သက်သေနှစ်ဦးရဲ့ မှတ်ပုံတင်မူရင်းပါရမှာ ဖြစ်ပါတယ်။

မြေဂရန်မူရင်းနဲ့ မိတ္တူ၊ မြေပုံနဲ့ မြေရာဇ၀င်မူရင်းနဲ့ မိတ္တူတို့ပါရမှာပါ။ အမည်ပေါက်သူရဲ့ သေစာရင်းမူရင်းနဲ့ မိတ္တူပါရမှာဖြစ်ပြီး ကြော်ငြာစာချုပ်ကိုလည်း မိတ္တူကူးရမှာပါ။ လျှောက်ထားသူက ကွယ်လွန်သူနဲ့ ဘယ်လိုတော်စပ်တယ်။ အမွေဆက်ခံခွင့်ရှိတယ်ဆိုတာကို ကိုယ်တိုင်ကတိသစ္စာပြုလွှာ သို့မဟုတ် ကျမ်းကျိန်လွှာမူရင်းနဲ့ မိတ္တူပါရမှာပါ။ ကျမ်းကျိန်လွှာကလည်း ကျိန်ဆိုတဲ့နေ့ကစပြီး လေးလအတွင်းဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အေးမွန်

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service