နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်သည့် ကွန်ဒိုဥပဒေကြောင့် ကွန်ဒို
တိုက်ခန်းများ၏၀ယ်လိုအားဆက်တိုက်မြင့်တက်လာနိုင်
သည့်အနေအထားဖြင့် ဆောက်လုပ်ရေးလုdပ်ငန်းရှင်များက ရင်ခုန်လျှက်ရှိသည်။
ဈေးကွက်အတွင်းဝယ်လို အားမှာ ချက်ချင်း သိသာစွာ မြင့်တက်လာခြင်း မရှိသော်လဲ အစိုးရသစ်
အပြောင်း အလဲ နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုများရှိလာပါက ကွန်ဒိုဈေးကွက် မှာ
စင်မြင့်ထက်က စောင့်ကြည့်ရမည့် မြန်မာ့စီးပွားရေး ပင်ဖြစ်သည်ဟု ကျွမ်းကျင်သူများ
ကမှတ်ချက်ပြုကြသည်။
ဇန်န၀ါရီ၂၂ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်စုပေါင်းအဆောက်အအုံဥပဒေ
(ကွန်ဒိုဥပဒေ)အပေါ် အပိုဒ် လိုက်ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ အတည် ပြုခဲ့ရာတွင် ပြည်တွင်းရှိ ကွန်ဒိုအဆောက် အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင် နှုန်းအား နိုင်ငံခြားသားများကို ရောင်းချခွင့် ရှိသည့်အချက်အပါအ၀င် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ဈေးကွက်အတွင်း ကြိုပွိုင့်ဝယ်ယူထားသည့်ဝယ်ရောင်းသမားများ အဓိက အရောင်း အ၀ယ်ဖြစ်လာနိုင်ပြီး အစိုး၇သစ်လပ်ထပ် ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ အားရောင်းချရန် စီစဉ် နေပြီဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
ကွန်ဒိုမီနီယံဥပဒေ ထွက်ပေါ် လာသဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ကွန်ဒိုတိုက် ခန်း တစ်လုံး၏ ၄ဝ ရာခိုင်နှုန်း ကို ဆောက်လုပ်ရေးကုမ္ပဏီများမှ ရောင်းချနိုင်ကြကြောင်း၊
ကွန်ဒိုမီနီယံ ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်း များကို စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပြီး ဥပဒေအရ
တင်းကျပ် လိုက်ခြင်းဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်သည့် အခန်းများ
တွက်ပေါ်လာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဝင်းမြင့်ကဆိုသည်။
နိုင်ငံခြားသားများအားဝယ်ယူခွင့်ပေးလိုက်သည့်အတွက် ကွန်ဒို တိုက်ခန်းများ လုပ်ငန်း၏
၄၀ရာခိုင်နှုန်းအပေါ် နိုင်ငံခြားငွေများပိုမို စီးဆင်လာနိုင်ပြီး အရောင်းအ၀ယ် တည်ငြိမ်နေသော ကွန်ဒို
တိုက်ခန်းဈေးကွက်အပေါ် အပေါင်း လက္ခဏာဆောင်သည့် သဘောဟု ဇေကမ္ဘာဆောက်လုပ်ရေး
လုပ်ငန်းရှင် ဇေသီဟကဆိုသည်။
ရန်ကုန်မြို့တွင် ကွန်ဒိုအ ထပ်မြင့်တိုက်ခန်းများ ဆောက် လုပ်မှုများပြားလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နောက်ဆုံးကောက်ယူ ထားသည့် စာရင်းများအရ ကွန်ဒို ၀ယ်ယူနိုင်သည့် အိမ်ထောင်စုမှာ လေးသောင်းခန့်သာရှိပြီး ၎င်းတို့ က ကွန်ဒိုများဝယ်ယူမှု မရှိသော ကြောင့် ကွန်ဒိုတိုက်ခန်းဈေးကွက်မှာယနေ့အထိ ဈေးကွက်
မှာအေးစက်နေဆဲဖြစ်သည်း။
၂၀၁၄ ပြည်လုံးကျွတ် သန်း ခေါင်စာရင်းအရ လူဦးရေငါးသန်း ကျော်ရှိသော ရန်ကုန်မြို့တွင်
အိမ်ထောင်စုပေါင်း တစ်သန်း ကျော် (၁,၀၉၃,၂၀၀)ရှိသည်။ ထို့ကြောင့် အိမ်ထောင်စု တစ်သန်း
ကျော်တွင် လေးသောင်းခန့်သာ ကွန်ဒိုဝယ်နိုင်သည်ဆိုခြင်းကြောင့် အချိုးကျလျှင် အိမ်ထောင်စု ၂၇ စုကျော်လျှင် တစ်စု သာကွန်ဒိုခန်းတစ်ခန်းဝယ်ယူနိုင်ကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အသင်းမှ ကောက်ယူထားသော အချက်အလက်များကို ကိုးကားပြီး သံအမတ်ကြီး ဦးလှမောင်က
ကပြောကြားထားသည်။
ကွန်ဒိုမီနီယံဥပဒေကြမ်း တွင် နိုင်ငံခြားမှ အလုပ်လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားလုပ်ငန်းများ၊
လုပ်သားများအတွက် ကွန်ဒိုအခန်းများ ၀ယ်ယူခွင့်ပေးရန် ရေးဆွဲထားသည့်အတွက်
ယင်းဥပဒေသည်ကွန်ဒိုတိုက်ခန်း ဈေးကွက်များ ပြန်လည်
သွက်လက်လက်လာနိုင်ရန်အထောက်အပံ့ပေး
နိုင်ကြောင်းတော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက ပြောသည်။
" ဆောက်လုပ်ဆဲနဲ့ ဆောက်လုပ်ပြီး အဆောက်အအုံများအတွက်ရော၊ မြေက နှစ်ရှည်ဌားရမ်းထားတဲ့ (BOT) မြေပေါ်က အဆောက်အဦဆိုရင်ရော၊ စုပေါင်းပိုင်မြေ အဖြစ်သတ်မှတ်ရင် ဂရန်မြေ၊
မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ) ရယ်လို့ ထပ်ခွဲပေးမှာလား ဒါတွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက
တိတိကျကျသိချင်နေကြတယ် အခုထက်ထိ မရှင်းလင်း နေတာတွေ ရှိသေးတယ် " ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
ရန်ကုန် တွင် မိုးထိအောင်မြင့်မားပြီး တည်ဆောက်မည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ကွန်ဒိုဥပဒေ လွတ်တော်တွင်ကြန့်ကြာနေခဲ့သည့်ကို စိုးရိမ်ခဲ့ပြီး ကွန်ဒိုဥပဒေအား နိုင်ငံတော်သမ္မတက
လက်မှတ်ရေး ထိုး အတည်ပြု လိုက်မှသာ စိတ်အေးခဲ့ရသည်။
အတည်ပြူုလိုက်သည့် ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသားများအား ၄၀ရာခိုင်နှုန်း ၀ယ်ယူခွင့် ပေးထားသည်
ဆိုသောကြောင့် ပြည်တွင်းမှ ၀ယ်ယူသူများထက် ပြည်ပမှ လာရောက်မည့် နိုင်ငံခြားသားများကို သာ
ဦးစားပေးရောင်းချရန် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
ကွန်ဒို ဥပဒေတွင် အနည်းဆုံးစတုရန်ပေ ၂၀၀၀၀ကျော်ရှိရမည်ဖြစ်ကာ ၆ထပ်နှင့်အထက် ရေမီး
အရေးပေါ်လုံခြုံရေး အမှိုက်စွန့်ပစ်ရေး စနစ်များ ကို အဆင့်မြင့်နည်းပညာများဖြင့်
တပ်ဆင်ရမည်ဖြစ်ကာ အခန်းအရေအတွက်နှင့် အဘီ ကားရပ်နားနိုင်မည့် ကားပါကင်ပါ ရှိရမည်ဟု သတ်မှတ်ထားသည်။
ယင်းသတ်မှတ်ကြောင့် ရပ်ကွက်များ အတွင်းတည်ဆောက်နေသည့် မီနီကွန်ဒိုများ အပါအ၀င်
ဓာတ်လှေကားထည့်သွင်းရုံဖြင့် ကွန်ဒိုဟု အမည်ခံရောင်းချနေသည့် လုပ်ငန်းရှင်ငယ်လေးများကို
အဓိကအကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကဆိုသည်။
ထို့ကြောင့် သုံးနှစ်ကျော်ရေးဆွဲပြီး မှ အတည်ပြူနိင်သည့် ကွန်ဒိုဥပဒေကြောင့်လုပ်ငန်းရှင်များ မျှော်လင့်နေသည့်
ရောင်းလိုအားပြန်လည်မြင့်တက်လာနိုင်ကာ ရန်ကုန်မြို့တွင် အဆင့်မှီနည်းပညာအားကောင်းပြီးလူနေမှုအဆင့်မြင့်သည့်ကွန်ဒို တိုက်ခန်းသစ်များ ထွက်ပေါ်လာမည့်
အခြေအနေပင်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com