မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ်

မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
5 Feb 2016 11:47 am တွင် တင်ခဲ့သည်
1958 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၂၀ ရပ်ကွက် မြို့ကြီးရပ်၊ သဲပုံဆိပ် စစ်တောင်းမြစ်ကမ်းနားနေတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား တစ်ဦးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်လင့်ချက်ဖြင့် မြေကြီးကိုသာ အဓိကအသုံးပြု ဆောက်လုပ်သောအိမ်ဖြင့် နေထိုင်လျှက်ရှိပြီး မိခင်ဖြစ်သူ နေထိုင်ရန် လူနေအိမ် တစ်လုံးအား ထပ်မံဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ လင်မယား လက်ရှိနေတဲ့ အိမ်ကလည်း ခြံထဲက မြေကြီးတူးပြီးမှ အဲဒီကရတဲ့ ရွှံ့မြေတွေနဲ့ ဆောက်တာပဲ၊ အဓိကကတော့ ငွေလည်းမကုန်တော့ဘူးပေါ့နော်၊ သစ်လည်း မခုတ်ရတော့ဘူး၊ ၀ါးလည်းမခုတ်ရတော့ဘူး၊ သစ်တောသစ်ပင်တွေလည်း မပြုန်းတီးတော့ဘူးပေါ့၊ ကျွန်တော်အခုလို ဆောက်တာလည်း ကျွန်တော့်အိမ်ထဲက မြေကြီးကို တူးပြီးတော့မှ အဲဒီမြေကြီးနဲ့ပဲ ပြန်ဆောက်တာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်၊ ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး၊ မြေကြီးကို အသုံးပြုပြီးတော့မှ စပါးခွံရယ်၊ ကောက်ရိုးရယ် အဲဒါကိုပဲ အဓိကရောပြီး လုပ်တာပါ၊ အသုံးပြုတဲ့ ဟာတွေကလည်း လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာလည်း မရှိပါဘူး၊ ကျန်မာရေး အရလည်း ထိခိုက်မှု မရှိပါဘူး" ဟု ရွှံ့မြေကြီးဖြင့်အိမ် ဆောက်နေသူ ကိုစောခွားဖိုးက ပြောကြားသည်။

အဆိုပါ မြေကြီးဖြင့် ဖန်တီးဆောက်လုပ်သောအိမ်အား ကိုစောခွားဖိုး ၄၁ နှစ် (ဘ) ဦးစောဘီးဘီလူး မှ ဆောက်လုပ်ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မနော်လဲစေနုနှင့်အတူ လက်ရှိနေထိုင်လျှက်ရှိသော အိမ်မှာလည်း မြေကြီးဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ ယခုဆောက်လုပ်နေသည့်အိမ်မှာ မိခင်ဖြစ်သူအား ပေးနေရန် ရည်ရွယ်ဆောက် လုပ်ခြင်း ဖြစ်ကြောင်း၊ မြေကြီးဖြင့် ဆောက်ထားသောအိမ်မှာ မိုးရေဒဏ်မှလွဲ၍ အခြားသဘာဝဘေး အန္တရာယ် များအား ပုံမှန်အိမ်များကဲ့သို့ ကာကွယ် မှု ပေးနိုင်ကြောင်း၊ နွေရာသီကာလတွင် အပူဒဏ် ကျရောက်ခြင်းမှ သက်သာစေကြောင်း ကိုစောခွားဖိုးမှ ပြောကြားသည်။

"ရောင်စုံပုလင်းတွေကို အလှဆင်တယ်၊ ပြတင်း တံခါးတွေကို အဟောင်းတွေဝယ်ပြီး ပြန်ဆင် တယ်၊ မြေကြီးကို အုတ်ခဲပုံစံ ပုံဖော်ရတာပေါ့၊ ၈ လက်မ ၁၆ လက်မပုံစံအရွယ် မြေခဲလုပ်ပြီးမှ နေလှန်းရတာ၊ အဲဒါခြောက်အောင် သုံးရက်လောက် နေလှန်းရတယ်၊ သူကလုံးဝခြောက်မှ ခိုင်တာလေ၊ အဲလိုမခြောက်ပဲ အထဲက စိုနေသေးရင် စိတ်မချရဘူး၊ နောက်ထပ်ကျွန်တော့် ဒီအိမ်ဆောက်တာ တစ်လလောက်တော့ ရှိပါပြီ၊ အချင်းက ပေ ၂၀၊ အမြင့်က ၉ ပေရှိပါတယ်၊ အိမ်ဆောက်ပြီးရင်လည်း ခိုင်ခန့်မှုရှိအောင် ရွှံ့မြေတွေနဲ့ လိုက်ပြီးတော့ အုပ်ရတာပေါ့၊ ကျွန်တော်တို့ ရွှံ့မြေနဲ့ဆောက်ထားတဲ့အိမ်က နွေရာသီဆိုရင် ပန်ကာတောင် မလိုပါဘူး၊ သူ့သဘာဝအတိုင်း အေးနေတာပဲ၊ အပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်တယ်" ဟု ကိုစောခွားဖိုးက ဆက်လက်ရှင်းပြသည်။

အဆိုပါ သဘာဝရွှံ့မြေဖြင့် ဆောက်လုပ်သော အိမ်မှာ မြင်တွေ့ရခဲသော်လည်း မြန်မာနိုင်ငံအနှံ့ မှော်ဘီ၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကချင်၊ မကွေးတိုင်းဒေသ အချို့တို့တွင် ဆောက်လုပ်နေထိုင်မှုများ ရှိကြောင်း၊ ရွှံ့မြေဖြင့် ဆောက်လုပ်သော အိမ်များမှာ ရေဖြင့် ထိတွေ့မှုမှ ရှောင်ကျဉ်ရန်သာ လိုအပ်ပြီး ပုံမှန်အိမ်များကဲ့သို့ အသုံးပြု နေထိုင်နိုင်ကြောင်း သိရသည်။

Credit: Eleven Media Group
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service