ဝင်ငွေမဖော်ပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်လျှင် အခွန်တိုးကောက်ရန် ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြ

ဝင်ငွေမဖော်ပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်လျှင် အခွန်တိုးကောက်ရန် ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြ - Property News in Myanmar from iMyanmarHouse.com
18 Jan 2016 11:15 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး
ဝင်ငွေရလမ်း မဖော် ပြနိုင်သော ငွေများဖြင့် အိမ်ခြံမြေများ ၀ယ်ယူနေခြင်းကို ယမန်နှစ်ကထက် အခွန်တိုးမြှင့်ကောက်ခံနိုင်ရေး ပြည် ထောင်စုလွှတ်တော်က သဘောတူညီ ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာလင်းအောင်က တင်ပြခဲ့သည်။

ငွေဖြူမပြနိုင်သော ငွေများဖြင့် ၀ယ်ယူမှုအပေါ် အခွန်တိုးမြှင့်ကောက် ခံသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၏ အကြံပြုချက်ကို လက်ခံပြီး ယင်းအကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုပေးနိုင်ရန် ဇန်န၀ါရီ ၁၄ရက်က ကျင်းပသောပြည်ထောင်စုလွှတ်တော်ကို ဘဏ္ဍာရေးဒုဝန်ကြီးက တင်ပြလိုက်ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ်က၀င် ငွေရလမ်းမဖော်ပြနိုင်သော ငွေများအပေါ် အခွန်ကောက်ခံခြင်းသည် ငွေဖြူပြနိုင်သူများအား အခွန်ကောက်ခံနေခြင်းထက် နည်းပါးနေသောကြောင့် ၎င်းတို့ထံမှ အခွန်ပိုမိုကောက်ခံရန် ၂၀၁၆ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းရေး အကြံပြု ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ကပြောသည်။

‘‘မနှစ်က ပြည်ထောင်စု လွှတ်တော်က လုပ်ပေးလိုက်တဲ့ အခွန်ဥပဒေမှာကျတော့ သုံးရာ ခိုင်နှုန်းက စတာပေါ့။ သုံးရာခိုင် နှုန်းကစပြီး ဆောင်ရတယ်ဆို တော့ ပုံမှန်ကျွန်တော်တို့ ၀င်ငွေ ခွန်ဆောင်တဲ့သူတွေရှိတယ်။ အဲ ဒီလူထက် သူတို့(ငွေဖြူမပြနိုင်သူ များ) က နည်းနေတယ်။ ပုံမှန် သတ်မှတ်ထားတဲ့အခွန်က ငါးရာ ခိုင်နှုန်းကစတယ်’’ဟု ဒေါက်တာဝင်းမြင့်ကဆိုသည်။

ဝင်ငွေရလမ်း မဖော်ပြနိုင် သည့်ငွေများအပေါ် တစ်ကျပ်မှ ကျပ်သိန်းသုံးရာအထိ ၁၅ရာခိုင် နှုန်း၊ ကျပ်သိန်းသုံးရာမှ ကျပ်သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း နှင့် ကျပ်သိန်းတစ်ထောင်အထက် ကို၃၀ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဒေါက်တာဝင်းမြင့်
ကတင်ပြခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဝင်းမြင့်၏ တင်ပြမှုအတိုင်း ကောက်ခံသင့်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးခဲ့သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service