ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြည်တွင်းကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ ရရှိ

ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြည်တွင်းကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ ရရှိ - Property News in Myanmar from iMyanmarHouse.com
14 Jan 2016 10:29 am တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့မီးရထားက ရွာသာကြီးနှင့် မြစ်ငယ်တို့တွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုတို့ ရရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
အဆိုပါ ကုန်းတွင်းဆိပ်လုပ်ငန်း တည်ဆောက်ရန် မြန်မာ့မီးရထားက ရန်ကုန်ရှိ ရွာသာကြီးဘူတာအနီးနှင့် မန္တလေးရှိ မြစ်ငယ်ဘူတာအနီးတို့တွင် လျာထားပြီး လုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၄ စက်တင်ဘာတွင် တင်ဒါခေါ်ယူခဲ့ရာ ပဏာမရွေးထားသည့် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ၅ ခုအနက် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ Resources Group of Logistics နှင့် စင်ကာပူအခြေစိုက် Kerry Logistics Network တို့ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ကုန်းတွင်းဆိပ် သယ်ယူပို့ဆောင်ရေးတွင် ယာဉ်ကြောသွားလာရေးနှင့် သက်ဆိုင်ပြီး ကုန်စည်ပစ္စည်းများ သယ်ယူသည့်အခါ ယခင်က ကုန်းလမ်း၊ ရေလမ်းက သယ်ဆောင်ခဲ့ရာ ယခု ရထားဖြင့် အခြေပြုသယ်ယူမည့် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
ကွန်တိန်နာကားများဖြင့် ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ပုံမှန်အချိန်ထက် ပိုမိုကြာမြှင့်၍ လုပ်ငန်းနှောင့်နှေးခြင်းများ ဖြစ်ပေါ်ရာတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်၍ ရထားဖြင့် သယ်ယူပို့ဆောင်ပါက ယခင်ထက် ပိုမိုအဆင်ပြေလာနိုင်သည်ဟု မြို့ပြပညာရှင် ဦးဝင်းမြင့်က ဆိုသည်။ ကုန်းတွင်းဆိပ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများသည် ရန်ကုန်နှင့် မန္တလေးတွင် ကနဦးတည်ဆောက်မည့် ကုန်းတွင်းဆိပ် ၂ ခုအတွက် ယခုနှစ် ဇန်န၀ါရီမှ ၂၀၁၇ ဒီဇင်ဘာအထိ ၂ နှစ်အတွင်း တည်ဆောက်ရမည်ဖြစ်ပြီး မြန်မာ့မီးရထားက BOT စနစ်ဖြင့် နှစ် ၅၀ မြေငှားရမ်းခွင့် ပြုပေးထားကြောင်း သိရသည်။
‘‘ကုန်းတွင်း ဆိပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် ကုန်စည်စီးဆင်းမှုက လျင်မြန်ချောမွေ့လာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူပြုနိုင်မယ်။ ဒေသတွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာမယ်’’ဟု ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သည့် Resources Group of Logistics မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းတည်ဆောက်မည့် ကုမ္ပဏီများသည် မြေအသုံးပြုခအနေဖြင့် မြန်မာ့မီးရထားသို့ တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ပေးသွင်းရမည်ဖြစ်ပြီး တစ်နှစ် မြေငှားရမ်းခ တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၅ ထောင့် ၅ ရာ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်ရှိ ရွာသာကြီးတွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ် လုပ်ငန်းအတွက် Kerry Logistics Network ကုမ္ပဏီက မြေဧက ၄၀ နှင့် Resources Group of Logistics ကုမ္ပဏီမှ မြေဧက ၄၀ ရရှိထားပြီး မန္တလေးရှိ မြစ်ငယ်ကုန်းတွင်းဆိပ် လုပ်ငန်းအတွက် Kerry Logistics Network က ၄၂ ဧကကျော်နှင့် Resources Group of Logistics က ၃၂ ဧကကျော် အသီးသီး လုပ်ငန်းလုပ်ကိုင်ခွင့်များ ရရှိထားသည်။

‘‘လက်တွေ့မှာတော့ မစသေးပေမယ့် အခု လမ်းတွေပိတ်နေတာမျိုးမှာ ဆိုရင်တော့ ပိုပြီးတော့ ကောင်းလာနိုင်တယ်။ အရင်က တစ်ညအိပ်ခရီးက အခု လမ်းတွေ ပိတ်တော့ နှစ်ညအိပ်၊ သုံးညအိပ်ခရီး ဖြစ်ရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီကုန်းတွင်း ဆိပ်ကမ်းကနေ ရထားနဲ့ ပို့တော့ ပိုပြီး မြန်မယ်။ ဒါကလည်း သူ့ချည်းပဲ အားကိုးလို့ မရဘူး။
သူနဲ့ဆက်နေတဲ့ လမ်းကြောင်းတွေ လမ်းအနေအထားတွေနဲ့ ဆိုင်တယ်။ ဒီလိုမျိုးစနစ်ကို လုပ်တဲ့အခါမှာ သူတစ်ခုတည်းက လုပ်တာနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ’’ဟု မြို့ပြပညာရှင် ဦးဝင်းမြင့်က ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေးနှင့်ပတ်သက်၍ အကြံပြုပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကုန်းတွင်းဆိပ်များ တည်ဆောက်ပြီးစီးပါက မြန်မာ့မီးရထားက ဆက်လက်၍ မော်လမြိုင်၊ မုံရွာ၊ မူဆယ်၊ တမူး၊ ပဲခူးနှင့် ပြည်မြို့တို့တွင် ကုန်းတွင်းဆိပ် လုပ်ငန်းများကို လာမည့် ၅ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Kerry Logistics Network ကုမ္ပဏီသည် တရုတ်နှင့် အာဆီယံဒေသတစ်လွှားတွင် ကုန်အမှတ်တံဆိပ်ပေါင်း ရာကျော်ကို ဖြတ်သန်းသယ်ယူပို့ဆောင်ဖြန့်ချိပေးနေသည့် စင်ကာပူအခြေစိုက် ကုမ္ပဏီကြီးဖြစ်သည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service