သံရုံးများဖွင့်ရန် နေပြည်တော်တွင် မြေငှားရမ်းနေ

သံရုံးများဖွင့်ရန် နေပြည်တော်တွင် မြေငှားရမ်းနေ - Property News in Myanmar from iMyanmarHouse.com
12 Jan 2016 10:49 am တွင် တင်ခဲ့သည်
1485 ကြိမ် ကြည့်ရှု့ပြီး
အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် နိုင်ငံတကာသံရုံးများ ဖွင့်လှစ်ရန် ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုန်နောက်ကျောတွင် မြေကွက်များ ငှားရမ်းနေပြီဟု နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ပြောသည်။
"သံရုံးများ မဆောက်သေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံတို့က စာချုပ်ချုပ်ဆို ငှားရမ်းထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဘရူနှိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှလည်း ငှားရမ်းရေးနှင့် စာချုပ်ချုပ်ဆိုရေး စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်" ဟု ဇန်နဝါရီ ၁၁ ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးကံချွန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရတစ်ရပ်ပေါ်ပေါက်လာရန် နီးကပ်လာသည့်အချိန်တွင် သံရုံးများကို နေပြည်တော်တွင်ဖွင့်လှစ်ရန် မြေငှားရမ်းလာကြခြင်းလည်း ဖြစ်သည်။

သံရုံးများ ဆောက်လုပ်နိုင်ရန်အတွက် အစိုးရက ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုန်နောက်ကျောတွင် ပေ ၅၀၀ ပတ်လည်(၅၀၀' × ၅၀၀')အကျယ်ရှိ မြေကွက်ပေါင်း ၁၂၀ ကိုလည်းကောင်း၊ စစ်သံမှူးရုံးဆောက်လုပ်ရန် ပေ ၃၀၀ ပတ်လည်(၃၀၀' × ၃၀၀')အကျယ်ရှိ မြေကွက်ပေါင်း ၅၀ ကိုလည်းကောင်း ဖော်ထုတ်ထားပြီးဖြစ်သည်ဟု သမ္မတဦးသိန်းစိန် တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ပြောသည်။

ဇန်နဝါရီ ၁၁ ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်အမတ် ဦးဝင်းနောင်က "အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အလားအလာ"ကို သိလိုသည်ဟု မေးခွန်းထုတ်ခဲ့သည်။

ယင်းမေးခွန်းအပေါ် နေပြည်တော်ကောင်စီဝင် ဦးကံချွန်က လာရောက်ဖြေကြားခဲ့ခြင်းဖြစ်ပြီး သံရုံးဆောက်ရန် မြေငှားရမ်းမှုအခြေအနေများကိုပါ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဦးကံချွန်၏ ပြောဆိုချက်အရ လက်ရှိတွင် နေပြည်တော်ရှိ GRAND ACE Villa တွင် တရုတ်သံရုံး ရုံးခွဲဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ၂၆ ဦး နေထိုင်လျက်ရှိသည်။
မြေဧကပေါင်း ၁,၇၄၃,၈၄၄ ဧက ကျယ်ဝန်းသည့် နေပြည်တော်တွင် လူဦးရေ ၁ သန်းကျော် နေထိုင်လျက် ရှိသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် လာမည့် မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

Credit: Mizzima News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service