၂၀၁၅အကုန်နှင့် အိမ်ခြံမြေဈေးကွက်အရွေ့

၂၀၁၅အကုန်နှင့် အိမ်ခြံမြေဈေးကွက်အရွေ့ - Property News in Myanmar from iMyanmarHouse.com
1 Jan 2016 1:56 pm တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၅ ခုနှစ်ကုန်၍ ၂၀၁၆ခုနှစ်သို့ ကူးပြောင်းတော့ မည်။ နှစ်ဟောင်းကုန်၍နှစ်သစ်ကူးပြောင်းပြီး နှစ်လခန့် အကြာမှာပင် အစိုးရသစ်ကပြောင်းလဲ အုပ်ချုပ်တော့မည်ဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် မူဝါဒသစ်များ၊ဥပဒေသစ်များလည်း ပေါ်ထွန်းလာ မည်ဖြစ်ရာ မြန်မာပြည်လူထုအနေဖြင့် အစိုးရသစ်၊ လူသစ်၊ မူဝါဒသစ်များဖြင့် ထပ်မံခရီးဆက်ကြရပေဦးမည်။

ပြည်သူများအားလုံးမျှော်လင့်နေသည့် နိုင်ငံရေးအပြောင်းအလဲကမကြာမီ ဖြစ်ပေးလာတော့မည်။ အစိုးရသစ်နှင့်အတူ စီးပွားရေးအခွင့်အလမ်းသစ်များ ဖြစ်ပေးလာရေးကိုလည်း ပြည်သူများကလိုလားနေသည်။ မြန်မာနိုင်ငံမှာ ယခင်အစိုးရ (စစ်အစိုးရ) လက်ထောက်က ပြည်ပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကိုခံခဲ့ရသည်။ လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်တွင် ဥရောပနိုင်ငံများ၏ စီးပွားရေးဖြေလျှော့မှုကိုရရှိခဲ့သော်လည်း ယင်းမှာအနည်းငယ်သာဖြစ်ပြီး များစွာဖြည့်လျှော့မှုမရှိပေ။ သို့သော်နောင်တတ်လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ၏စီးပွားရေးပိတ်ပင်မှုများမှာ အလုံးစုံပြေလျှော့လာဖွယ်ရှိနေသည်။ အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့်ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံရန်မှာ ကဏ္ဍများများစားစားမရှိဘဲ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုထဲတွင် အိမ်ခြံမြေဈေးကွက်ကလည်း တစ်ခုအပါအ၀င်ဖြစ်လာနိုင်သည်။
၂၀၁၅ခုနှစ် ဒီဇင်ဘာ၉ရက်နေ့က ရန်ကုန်မြို့တော်တွင် စတင်ဖွင့်လှစ်ခဲ့သည့် စတော့အိတ်ချိန်းမှာလည်း မြန်မာနိုင်ငံမြေစမ်းခရမ်းပျိုးအဆင့်သာရှိသေးသည်။ စတော့အိပ်ချိန်းနှင့်စတော့ရှယ်ယာများ မြင့်တတ်လာပြီး အောင်မြင်မှုရရှိရန်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရအုံးမည်ဖြစ်သည်။ လက်ရှိပြင်ဆင်နေသည့် ကုမ္ပဏီများတွက်
ဥပဒေအတည်ပြုရန် ပြဌာန်းပြီးပါက ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်သို့ နိုင်ငံခြားသားများဝင်ရောက်လာမည်။

အထူးသဖြင့် မကြာမီအတည်ပြုပြဌာန်းတော့မည့် Condominium Law အတည်ပြုထုတ်ပြန် လိုက်ပါက နိုင်ငံခြားသား များအတွက် မြန်မာနိုင်ငံအတွက်အိမ်ယာမြေ၀ယ်ယူနိုင်မှု ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
နိုင်ငံခြားကုမ်္ပဏီတစ်ခု ပြည်တွင်းသို့ ၀င်ရောက်တော့မည်ဆိုလျှင် ပထမဦးဆုံးလိုအပ်မှုမှာ မြေနေရာနှင့်အဆောက်အဦးပင်ဖြစ်သည်။

အဆောက်အဦးပိုင်းနှင့်ပတ်သက်၍ ဂျပန်ကုမ်္ပဏီများက အစိုးရသစ်နှင့်ပူးပေါင်း၍ မြေနေရာသစ် ဖော်ထုတ်ခြင်း၊ အခြေခံ လူတန်းစားများအတွက် အိမ်ယာဖော်ထုတ်ရေးအစီအစဉ်အရ
လူနေတိုက်ခန်းများဆောက်လုပ်ပေးသွားရန် ပြင်ဆင်နေသည်ဟု သိရသည်။ ယင်းအပြင်
စင်္ကာပူကုမ္ပဏီများကလည်း မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွား ရန်ပြင်ဆင်နေ သည်။ ယင်းအခြေအနေများနှင့်အတူ အစိုးရအသစ်၏အခွန်စည်းကျပ်ကောက်ခံမှု မူဝါဒသစ်များကြောင့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးမှာ ပြန်လည် မြင့်တတ်လာဖွယ်ရာမရှိဟု တစ်ချို့ သုံးသပ်နေကျသော်လည်း အလုံးအရင်းဖြစ်ဝင်ရောက်လာမည့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများကြောင့် မြန်မာ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၁-၂၀၁၃ ကာလများကဲ့သို့ ပြန်လည်မြင့်တတ်လာမည်မှာ
သေချာသလောက်ရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်အများစုက ယုံကြည်နေကြသည်။

ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့တွင် နိုငိငံခြားသားများ အိမ်ယာမြေ၀ယ် ယူနေထိုင်မှု ဥပဒေကြောင့်ပြည်တွင်းအိမ်ခြံမြေဈေးကွက်များမှာ မြင့်တတ်လာခဲ့ရသည်။
ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့ဆိုလျှင် အိမ်ခြံမြေဈေးတတ် လာမှုကြောင့် အစိုးရကပင်ဝင် ထိန်းခဲ့ရသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံဈေးမှာ ဒေသတွင်းနိုင်ငံများထဲတွင် ဈေးနှုန်းကြီးမားမှုရှိ နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်း မန်္တလေးမြို့နှင့်ပတ်ဝန်းကျင်ကိုကြည့်မည်ဆိုလျှင် အနာဂတ်ခရီးသွား စီမံကိန်းကြောင့် ဟိုတယ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးအတွက် မြေနေရာဝယ်ယူထားမှုများရှိလာ၍လည်း အိမ်ခြံမြေဈေးမှာလှုပ်ခတ်လာမှုရှိသော်လည်း ပါးစပ်အပြောသာရှိပြီး တကယ်လက်တွေ့အရောင်းအ၀ယ်မှာ မြင့်တတ်မလာသေးပေ။

နိုင်ငံရေးအပြောင်းအလဲကြားကာလတွင် ၀ယ်လိုအားမရှိသလို ရောင်းချလိုသူများကလည်း အချိန်အခါနှင့် ဈေးနှုန်းကိုစောင့်နေသည့် ကာလဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှာ လူဦးရေထူထပ်များပြားမှုရှိပြီး ယင်းအထဲတွင် အခြေခံလူတန်းစားများ အများအပြားပါဝင်နေသည်။ ထိုပြင်အိမ်ယာမဲ့များပြားမှု ပြဿနာကိုလည်း လက်ရှိအစိုးရ လက်ထက်တွင် ဖြေရှင်းနိုင်မှုမရှိသလို နောင်တတ်လာမည့်အစိုးရသစ်၏ ငါးနှစ်တာသက်တမ်းကာလတွင်လည်း ဖြေရှင်းပေးနိုင်ရန်မှာ လွယ်ကူမည်မဟုတ်သေးပေ။

ရန်ကုန်မြို့၏လူဦးရေမှာ နှစ်စဉ် ၂ ဒသမ ၆ရာခိုင်နှုန်းအထိ တိုးများလာနေရာ အိမ်ယာမြေ လိုအပ်ချက်က ဆက်လက် မြင့်တတ် နေဦးမည်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေများတွင် နိုင်ငံရင်းနှီးမြှုပ်နှံမှုများကြောင့် အိမ်ခြံမြေဈေးကြီးမြင့်မှုနှင့် ဆက်လက်ကြုံတွေ့နေရဦး မည်ဖြစ်သည်။ စစ်အစိုးရအုပ်ချုပ်မှုအပြီး အရပ်သားအစိုးရလက်ထက်တွင်

စီးပွားရေးလုပ်ငန်းရှင်များ ခရိုနီများနှင့်အစိုးရပိုင်နှင့် ဆက်နွယ်ပတ်သက်သူများကငွေမည်းကို ငွေဖြူလုပ်ရန်အတွက် အိမ်ခြံမြေဘက်တွင် ရင်နှီးမြှုပ်နှံခဲ့ကြ၍ ယင်းကာလက မြန်မာအိမ်ခြံ ဈေးကွက်မှာ ဒေသတွင်းနိုင်ငံများထဲတွင် အမြင့်ဆုံးအထိပင်ဖြစ်ခဲ့ရသည်။ ယနေ့အချိန်အခါတွင် စတော့အိပ်ချိန်းဈေးကွက်ကလည်း ပေါ်ပေါက်လာပြီဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စတော့အိပ်ချိန်းဘက်သို့ ခြေဦးလှည့်လာမည်ဖြစ်သော်လည်း အိမ်ခြံမြေဘက်တွင် ရင်းနှီးမြှုပ်နှံမှုကိုဖြင့်
ပစ်ပယ်၍ရမည်မဟုတ်ပေ။ ၂၀၁၅ခုနှစ် တစ်နှစ်ပတ်လုံးအေးဆေးသည့် မြန်မာအိမ်ခြံမြေဈေးကွက်မှာ
နိုင်ငံရေးအရွေ့နဲ့အတူ စီးမျှောလိုက်ပါရင်း ၂၀၁၆နှစ်ဦးပိုင်းမှာပင် ပြန်လည်ဦးမော့နိုင်ဖွယ်ရှိနေသည်ဟု သုံးသပ်ရေးသားလိုသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service