တရုတ်နိုင်ငံမှာ အိမ်ဈေးနှုန်းတွေဟာ ၂၀၁၆ ခုနှစ်ထဲမှာ ဖြည်းဖြည်းမှန်မှန်လေး တက်လာမယ်လို့ China Index Academy အိမ်ခြံမြေသုတေသနအဖွဲ့အစည်းက ခန့်မှန်းလိုက်ပါတယ်။ မြို့ကြီးတွေနဲ့ မြို့ငယ်လေးတွေနဲ့ကြားမှာတော့ ဈေးနှုန်းမြင့်တက်မှု ကွာခြားမှု ဆက်လက်ရှိနေမယ်လို့လည်း ဆိုပါတယ်။
ဒီလို အိမ်ဈေးတွေ မြင့်တက်ပြီး မြို့ကြီးတွေမှာ ၀ယ်လိုအားမြင့်တက်ဖို့ကို အစိုးရမူဝါဒတွေက အထောက်အပံ့ဖြစ်စေလာတာလို့လည်း China Index Academy ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။