တရုတ်နိုင်ငံမှာ အိမ်ဈေးနှုန်းတွေဟာ ၂၀၁၆ ခုနှစ်ထဲမှာ ဖြည်းဖြည်းမှန်မှန်လေး တက်လာမယ်လို့ China Index Academy အိမ်ခြံမြေသုတေသနအဖွဲ့အစည်းက ခန့်မှန်းလိုက်ပါတယ်။
မြို့ကြီးတွေနဲ့ မြို့ငယ်လေးတွေနဲ့ကြားမှာတော့ ဈေးနှုန်းမြင့်တက်မှု ကွာခြားမှု ဆက်လက်ရှိနေမယ်လို့လည်း ဆိုပါတယ်။
ဒီလို အိမ်ဈေးတွေ မြင့်တက်ပြီး မြို့ကြီးတွေမှာ ၀ယ်လိုအားမြင့်တက်ဖို့ကို အစိုးရမူဝါဒတွေက အထောက်အပံ့ဖြစ်စေလာတာလို့လည်း China Index Academy ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပျမ်းမျှအိမ်ဈေးနှုန်း ၄ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအကြား မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနှစ်ထဲမှာလည်း မကြာသေးမီက မြို့ကြီး ၁၀၀ ကျော်မှာ အိမ်ဈေးနှုန်းတွေ ပျမ်းမျှအားဖြင့် မနှစ်ကထက် ၃ ဒသမ ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ပထမတန်းစားမြို့ကြီးတွေမှာ ဒီနှစ်ထဲ ၁၅ ဒသမ ၁ ရာခိုင်နှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး ဒုတိယတန်းစားနဲ့ တတိယတန်းစားမြို့တွေမှာ ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။
တရုတ်အိမ်ခြံမြေဈေးကွက်ဟာ နွေရာသီမှာ စတင်လို့ နာလန်ထူတဲ့လက္ခဏာလေးတွေ ပြသခဲ့ပြီး ဆောင်းရာသီမှာ အိမ်ဈေးတွေ မြင့်တက်လို့လာခဲ့တယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)