ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားဟု သိရ

ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားဟု သိရ - Property News in Myanmar from iMyanmarHouse.com
23 Dec 2015 10:49 am တွင် တင်ခဲ့သည်
1078 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့် နိုဝင်ဘာနှင့် လက်ရှိ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု အရေအတွက် လျော့ကျသွားပြီး ယခင်ထက် တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၌ ယခုနှစ်အတွင်း အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှ အလုံး ၆၀၀ ခန့် ဆောက်လုပ်ခဲ့ရာမှ အလုံးရေ ၄၀၀ ကျော်အထိ လျော့ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်လအတွင်းမှာ အဆောက်အအုံ ဆောက်လုပ်မှု လျော့သွားတယ်။ ပုံမှန်အလုံး ၆၀၀ လောက်ခွင့် ပြုရာကနေ ဒီလတွေအတွင်း လျော့သွားတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ၄၀၀ လောက်ပဲ ဆောက်လုပ်ခွင့် ပြုခဲ့တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဘာအကြောင်းကြောင့် ကျသွားလဲတော့ သေချာမသိဘူး။ ဒါပေမဲ့ ကျတာတော့ ကျသွားတယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

ယခုနှစ်အတွင်း ဆောက်လက်စ တိုက်ခန်းအရောင်းအ၀ယ် ဈေးကွက်မှာ သိသာစွာ ကျဆင်းခဲ့ပြီး ၀ယ်ယူမည့်သူပင် မရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

ထိုကဲ့သို့ အထပ်မြင့် အထပ်နိမ့် ဆောက်လုပ်မှုလျော့ကျသွားခြင်းမှာ ဈေးကွက်အတွင်း တိုက်ခန်းအ၀ယ် အေးနေခြင်းနှင့် သက်ဆိုင်နေကြောင်း၊ စီမံကိန်းအသစ်များ ထပ်မံဆောက်လုပ်ခြင်းကို ထိန်းနေရကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုမျိုးမြင့်က ပြောကြားသည်။

“တိုက်ခန်းဈေးကွက် တော်တော်ကို အေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဆောက်နေတာပဲ။ ထိန်းတော့ ထိန်းရတာပေါ့။ အရင်လို ၀ုန်းဒိုင်းကြဲ မဆောက်ရဲတော့ဘူး။ အခုက ဆောက်လုပ်ရေးထဲကို ပေါ်ပင်ဝင်လာတဲ့ သူတွေကတော့ ဈေးကွက် အနေအထားအရ စီမံကိန်းအသစ်တွေ ထပ်မဆောက်တော့ဘူး။ နောက်တစ်နှစ်ခွဲလောက် ဆိုရင်တော့ အစိုးရ အပြောင်းအလဲနဲ့ ပြည်ပကလည်း ၀င်လာမယ်ဆိုရင် လိုအပ်ချက်မြင့်မားပြီး ဈေးကွက်ပြန်ကောင်း လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကိုမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ဈေးကွက်အေးနေမှုနှင့်အတူ တိုက်ခန်းဈေးများလည်း ကျဆင်းနေကြောင်း၊ သို့သော် သိသိသာသာ ကျဆင်းမှုမျိုး မဟုတ်ကြောင်း ကိုမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ရာမှ ယခု ၂၁၁၅ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့် အဆောက်အအုံ ဆောက်လုပ်မှု လျော့ကျသွားခြင်း မရှိခဲ့ကြောင်း စည်ပင်က ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိနှစ်ကုန်ပိုင်းမှ ဆောက်လုပ်မှုများ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းဈေးကွက် အေးနေခြင်းကြောင့် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များလည်း ဆောက်လုပ်မှု ကျဆင်းသွားခဲ့ကြောင်း၊ အလားတူ အချို့တိုက်ခန်းများ ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက် ထွက်ပြေးသွားမှုများလည်း ရှိနေပြီး ယင်းသို့ ထွက်ပြေးသွားသည့် ကန်ထရိုက်များအား စတင်တရား စွဲဆိုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service