အိမ်ထောင်သည်ဘ၀မှာဘဲ ဖြစ်ဖြစ် ၊မိတ်ဆွေ သူငယ်ချင်း တွေ ကြားမှာဘဲဖြစ်ဖြစ် မိသားစု အချင်းချင်း တွေ ကြားမှာလည်း ခိုင်မာတယ့် ဆက်ဆံရေး ရှိတယ့် အိမ်ထောင်စုတွေ မိသားစုတွေက အောင်မြင်ပြီး အခက်အခဲ တွေကို ကျော်လွှားနိုင်သလို အဆောက်အအုံ တစ်ခု ၊နေအိမ်တစ် ခု ကို ဆောက်တော့မယ် ဆိုရင်လည်း ပါဝင်ဖွဲ့စည်းထားတယ့် အိမ်ဆောက်ပစ္စည်းတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားနိုင်မှသာ လုံခြုံစိတ်ချရတယ့် နေအိမ်ကလေး တစ်ခု အဆောက်အအုံ တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
အဆောက်အအုံ တစ်ခု ဆောက်တော့မယ် ဆိုရင် မြေပေါ်မှာ အများမျက်စိနဲ့ မြင်နိုင်တယ့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေရဲ့ ခိုင်မာမှု့တွေဖြစ်တယ့် ဘိလပ်မြေ ၊ သံချောင်း ၊ ကျောက်စရစ် အသုံးပြုပုံတွေ အချိုးအဆ မှန်မမှန် ကို ကြည့်ရှု့စစ်ဆေးဝေဖန် နိုင်ပေမယ့် မြေအောက်အနက် ထဲေ၇ာက်နေတယ့် ကွန်ကရစ်ပိုင်တိုင်တွေရဲ့ အရည်အသွေး ၊ ထမ်းဆောင်နိုင်မှု့ က အပေါ်မှာ ရှိတယ့် အဆောက်အအုံ တစ်ခုလုံးရဲ့ တည်ငြိမ်စိတ်ချရဖို့ အတွက် အရေးပါပါတယ်။
မြေအောက်ထဲမှာ ရောက်နေတယ့် အပိုင်းတွေဖြစ်တယ့် အတွက်ကြောင်လည်း လူသိထင်ရှားမှု့နည်းပါပါတယ်။ကံမကောင်းအကြောင်းမသင့်ရင် တိုက်တွေ စောင်းတာ ၊ ကျွံဝင်တာတွေတောင် ဖြစ်တက်ပါတယ် ၊ အရေးကြီးတယ့် အစိတ်အပိုင်း တစ်ခုဖြစ်တယ့် အတွက်ကြောင့်လည်း ပိုင်တိုင် ရိုက်သွင်းခြင်း လုပ်ငန်းက အင်မတန်မှ အရေးကြီးတယ့် အတွက် အမှားမခံသလို ၊ တော်ရုံတန်ရုံ တက်ကျွမ်းနားလည်မှု့လောက်နဲ့လည်း လုပ်လို့မရဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေက သုံးသပ်ပါတယ်။
၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အဆောက်အအုံ တွေ အများအပြား ဆောက်လုပ်လာတယ့် ရန်ကုန်မြို့တော်မှာ မြေနေရာ အနေအထား ၊ မြေသားခိုင်ခံ့မှု တွေကလည်း မြို့နယ် အလိုက်တူညီမှု မရှိတာကြောင်လည်း အခုဆိုရင် ၈ ထပ်နဲ့ အထက် အဆောက်အအုံ တွေ ဆောက်မယ် လို့ တင်ပြလိုက်ရင် မဖြစ်မနေ ပိုင်တိုင်ရိုက်သွင်းတယ့် အလုပ်ကို လုပ်ဖို့ စည်ပင်ဘက်ကနေ ညွှန်ကြားလာပါတယ်။ အခြေအနေအရ ဘိုးပိုင်၊ ဖိအားနဲ့ တူးရတယ့် ပရက်ပိုင်တွေ အပြင် ၊ ၀ိတ်တုံးနဲ့ ဖိချဆောင့်သွင်းရတယ့် ပိုင်တိုင်တွေ ဆိုပြီး အမျိုးမျိုးရှိပါတယ်၊ ဆောက်လုပ်မည့် အဆောက်အအုံရဲ့ မြေအနေအထား၊ ဘေးပတ်ဝန်းကျင် အခြေအနေ တွေကိုကြည့်ပြီးမှ ဘယ်လိုပိုင်အမျိုးအစားကို သုံးရမယ် ဆိုတာ တက်ကျွမ်းတယ့် အင်ဂျင်နီယာ တွေက သာ ဆုံးဖြတ်ပါလိမ့်မယ်။
အဆောက်အအုံ ရဲ့ အမြင့် ၊ အကျယ်အ၀န်း ၊ ပါဝင်ဖွဲ့စည်းထားတယ့် အခန်းအရေ အတွက် ၊ အလေးချိန်စုစုပေါင်းကို တွက်ချက်ပြီး မြေအောက်အမာထည် မြေသားထိ ရောက်အောင်လို့ ပိုင်ဖောင်ဒေးရှင်းတွေ ဒီဇိုင်းထုတ် တွက်ချက်ပြီး အချောင်းအရေ အတွက် ( ပွိုင့် ) ကို သတ်မှတ်ပြီး ရိုက်သွင်းရပါတယ်၊ မတူညီတယ့် မြေမျက်နှာပြင် အရည်အသွေးနဲ့ မြေအမျိုးအစား ကွာဟချက်တွေကြောင့်လည်း တစ်နေရာ နဲ့ တစ်နေရာ မှာ အထပ်အမြင့် ချင်း အလေးချိန်ချင်းတူညီရင်တောင် မြေအောက်ထဲကို ရိုက်သွင်းရတယ့် ပိုင်တိုင် အနက်အတိမ်က တူညီတာမဟုတ်ပါဘူး၊ ပိုင်တိုင်အရည်အသွေးကလည်း အရေးကြီး ပါတယ်၊ ပိုင်တိုင်ရိုက်သွင်းနေရင်း ပိုင်တိုင်ကျိုးတာ က ပြန်လဲလို့ရပေမယ့် အဆောက်အအုံ ဆောက်ပြီးလို့ ပိုင်တိုင်ကျိုး ရင်တော့ အဆောက်အအုံ စောင်းလာတာတွေ ဖြစ်တက်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ ပြောကြားချက်အရ ကတော့ အကျယ် ပေ ၄၀ အရှည် ပေ ၆၀ ရှိတယ့် မြေကွက်မှာ အနည်းဆုံး ပိုင်တိုင် အချောင်း ၁၅၀ ကနေ အချောင်း ၁၇၀ လောက်ထိ ရိုက်သွင်းရတယ်လို့ သိရပါတယ်၊ လက်ခ အပြီးအစီး ပိုင်တိုင်ဖိုး အပါအ၀င် တစ်ပေကို အနည်းဆုံး ငါးထောင်ငါးရာလောက် ထိ ပေးရတယ့် အတွက် ပိုင်ရိုက်တယ့် ကုမ္မဏီကို ဆောက်လုပ်ရေး ကုမ္မဏီတွေဘက်က အနည်းဆုံး သယ်ပို့စရိတ်ပါအပါအ၀င် သိန်း ၃၀၀ လောက်အထိ ပိုက်ဆံရှင်းရတယ် အတွက် အရောင်းအ၀ယ်မကောင်းလို့ ခေတ်ပျက်နေတယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တာထက် ပွဲပြီးမီးသေ ပိုက်ဆံ ရမယ့် ပိုင်တိုင်လုပ်ငန်းကို လုပ်ချင်ကိုင်ချင်တယ့် လူတွေ အခုနောက်ပိုင်းတော်တော်များများ တွေ့လာရပါတယ်။
၂၀၁၀ ခုနှစ်ဝန်းကျင်က ပိုင်တိုင် လုပ်ငန်းလုပ်ကိုင်တယ့် ကုမ္မဏီ ငါးခု လောက်ဘဲ ရှိတာကနေ အခု ၂၀၁၅ ခုနှစ်မှာ ပိုင်ကုမ္မဏီပေါင်း ၄၀ ကျော်ရှိလာသလို စက်ပစ္စည်းပြည့်စုံ လုံလောက်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေ အပြည့်အ၀ ရှိသလို ၊ သူများပိုင်လုပ်ငန်း ကုမ္မဏီတွေ အမြတ်စွန်းများလို့ ခါတော်မီ ထလုပ်တယ့် ကုမ္မဏီတွေလည်း တွေ့လာရတယ့် အတွက် အခုနောက်ပိုင်းမှာ မြို့တော်စည်ပင်ဘက်က ပိုင်လုပ်ငန်းလုပ်ကိုင်ခွင့် အတွက် လိုင်စင်ထုတ်ပေးတာတွေ လုပ်လာပေမယ့်လည်း ငါးနှစ်တာကာလ အတွင်းမှာ ဖြစ်ချင်သလို အရည်အသွေးပေါင်းစုံ နဲ့ မြေအောက်အနက်ထဲကို ပိုင်တိုင်တွေ မျိုးစုံ နဲ့ ဆောက်ထားတယ့် အဆောက်အအုံ တွေအများအပြား ရှိလာတယ့် အတွက်ကြောင့်လည်း စည်ပင်က အခုမှ ပြန်လည်စီစစ်တာဟာ မိုးလွန်မှ ထွန်ချသလို ဖြစ်နေတယ် လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တော်တော်များများက သုံးသပ်လာခဲ့ပါတယ်။
မြေကြီးထဲကို စိုက်ထားတယ့် ပိုင်ချောင်းတွေ ရဲ့ ကြံ့ခိုင်မှု တွေကို စီစစ်တယ့် အခါမှာလည်း ရိုက်ပြီးသား ပိုင်တိုင်အားလုံးထက် အလျဉ်းသင့်တယ့် ရိုက်ပြီးသား ပိုင်တိုင် တစ်ချောင်းကို စီစစ်မှတ်တမ်းယူတာ လုပ်ပါတယ်လို့ ၁၂ ထပ်ခွဲနဲ့ အထက် အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးသည့် ပညာရှင် အဖွဲ့ ဥက္ကဌ ဦးခင်မောင်တင့် က ပြောပြထားသလို အမြတ်အစွန်း များပြားတယ့် ပိုင်လုပ်ငန်း ကိုလည်း လုပ်ချင်တယ့် လူတွေ များလာတယ့် အတွက် မမှန်မကန် စာရင်းလိမ်လည်တင်ပြ လာတာတွေ ရှိလို့ ပယ်လိုက်ရတယ့် ကုမ္မဏီ တွေလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။ လိုင်စင်ရထားတယ့် ကုမ္မဏီတွေဘက်ကလည်း တာဝန်ခံမှု့ရှိရမှာဖြစ်ပြီး ပြသနာ တစ်စုံတစ်ရာ တက်လာရင်တော့ အရေးယူခံရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန ( အဆောက်အအုံ ) ဘက်ကလည်း အဆောက်အအုံ တွေ ဆောက်လုပ်တယ့် အခါမှာ စည်းကမ်းတကျ ရှိပြီူး တာဝန်ယူမှု့ တာဝန်ခံနိုင်ဖို့အတွက် အရေးကြီးတယ့် ပိုင်လုပ်ငန်းတွေ အတွက် ပြန်လည်စစ်ဆေးမှု တွေလုပ်လာပြီူး လိုင်စင်တွေကို ထုတ်ပေးလာတယ့် အပြင် အဒိလိုင်စင်ထုတ်ပေးတယ့် ကုမ္မဏီတွေနဲ့ ဆောက်ထားတယ့် အဆောက်အအုံ တွေရဲ့ ဆောက်လုပ်ခွင့် တင်ပြတာကိုဘဲ လာမည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စပြီး ဆောင်ရွက်ပေးတော့မယ်လို့ အတိအလင်း ကြေညာလိုက်တယ့် အတွက် ပိုင်လုပ်ငန်းလုပ်ကိုင်တယ့် ကုမ္မဏီတွေ လုပ်ငန်းလိုင်စင်ရဖို့ အသည်းအသန်း ကြိုးစားပြင်ဆင်လာတာ တွေ့ရပါတယ်။
စည်ပင်ဘက်ကလည်း လာလျှောက်တယ့် ပိုင်ကုမ္မဏီတွေ ရဲ့ အချက်အလက် ခိုင်မာမှု့ရှိမရှိ ၊ စာရင်းဇယား၊ စက်ပစ္စည်း ၊ ကျွမ်းကျင်ဝန်ထမ်းတွေ ရှိမရှိကို အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ စီစစ်ကြပ်မတ်ရေး ပညာရှင် အဖွဲ့ကို ဦးစွာစစ်ဆေး ထောက်ခံခိုင်းပြီးမှ ဘဲ လိုင်စင်ထုတ်ပေးတယ့် အတွက်ကြောင့် ၂၀၁၆ ခုနှစ်ဇန်န၀ါရီလ တစ်ရက်နေ့ နောက်ပိုင်း ဆောက်တယ့် အဆောက်အအုံ တွေ အတွက် စိတ်ချရတယ့် ပိုင်တိုင်လုပ်ငန်း လုပ်ကိုင်တယ့် ကုမ္မဏီတွေကဘဲ လုပ်မှာဖြစ်တယ့် အတွက် တစ်ဖြည်းဖြည်းနဲ့နည်းစနစ်ကျပြီးတာဝန်ယူမှု့တာဝန်ခံမှု့ရှိလာမှာ ဖြစ်သလို စိုက်ပြီးပိုင်တိုင်တွေ အရည်အသွေးမပြည့်မီတာ ၊ ပိုင်တိုင်ကျိုးတာတွေ အပြင် ခံနိုင်ဝန်အား တွေ အပြင် စည်းကမ်းတစ်ကျ ဖြစ်လာတော့မှာ ဖြစ်လို့ တွဲလက်တွေ ခိုင်မာတော့ မှာဖြစ်မှာပါ။
အမြတ်အစွန်းကြီးမားလို့ ပိုင်တိုင်လုပ်ငန်းတွေကို ခါတော်မှီ လုပ်ထားတယ့် ကုမ္မဏီတွေ ဘက်ကလည်း စည်ပင်အသိအမှတ် ပြု လုပ်ငနး လိုင်စင်ရအောင် စက်ပစ္စည်း၊ ကျွမ်းကျင်လုပ်သား ၊ တက်ကျွမ်းတယ့် ပညာရှင်တွေကို ဖြည့်တင်းပြီး မှသာ အလုပ်လုပ်ခွင့် ရမှာဖြစ်တယ့် အတွက် အဒိအချက်တွေနဲ့ ပြည့်စုံမှု မရှိတယ့် ပိုင်တိုင်လုပ်ငန်း အကျိုးဆောင်တဲ့ ကုမ္မဏီ တွေ အနေနဲ့လည်း ပြုတ်ရင်ပြုတ် မပြုတ်ချင်ရင်တော့ စွမ်းဆောင်ရည် ကို မဖြစ်မနေ မြုင့်ရတော့ မှာဖြစ်သလို မြေအောက်က ပိုင်တိုင်တွေနဲ့ မြေပြင်က အဆောက်အအုံတွေကလည်း တာဝန်ယူမှု တာဝန်ခံမှု့ အပြည့်နဲ့ တွဲလက်တွေ ခိုင်မာလာတော့မှာ ဖြစ်ပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com