ကျေးရွာမြေငှားဂရန်ကို YCDC ပြင်ပ ကျေးရွာများတွင်သာ ချပေးမည်

ကျေးရွာမြေငှားဂရန်ကို YCDC ပြင်ပ ကျေးရွာများတွင်သာ ချပေးမည် - Property News in Myanmar from iMyanmarHouse.com
7 Dec 2015 11:06 am တွင် တင်ခဲ့သည်
1440 ကြိမ် ကြည့်ရှု့ပြီး
ကျေးရွာမြေငှားဂရန် ကို စည်ပင် သာယာရေးကော်မတီကြီးကြပ်မှုအောက်ရှိ မြို့နယ် အဖြစ် သတ်မှတ်ထားသော နေရာများ၌ ချပေးသွားမည်မဟုတ် ကြောင်း သတင်းရရှိသည်။

ကျေးရွာမြေငှားဂရန်ချပေး ရာတွင် မြို့တွင်းမြို့နယ်ပြင်ပရှိ ကျေးရွာများ၌သာ ချပေးမည်ဖြစ်ပြီး အချို့ကျေးရွာအမည် ပေါက်များသည် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ မြို့နယ်များအတွင်း ရောက်ရှိနေ ခြင်းကြောင့် လျှောက်ထားခွင့်ရရှိ ဦးမည်မဟုတ်ဟု ရန်ကုန်တိုင်းဒေ သကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုးမင်းက ပြောသည်။

‘‘တချို့မြို့နယ်တွေဆိုရင် ကျေးရွာအမည်နဲ့ နေရာတွေရှိနေ ပေမယ့် အခုဂရန်လုပ်တာက လယ်/ဆည်နဲ့ ပြည်ထဲရေးက ဦး ဆောင်လုပ်တာဖြစ်လို့ စည်ပင် နယ်နိမိတ်အပိုင်းထဲကဟာတွေ လုပ်ပေးလို့မရဘူး။ အဲဒါတွေကျ တော့ စည်ပင်ကပဲ သူ့အစီအစဉ်နဲ့ သူလုပ်ရမယ့်ကိစ္စဖြစ်သွားပြီ’’ ဟု ဦးစိုးမင်းက ပြောသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် အပါအ၀င် မြို့နယ်အချို့တွင် ယခုအချိန် အထိ ကျေးရွာအမည်ဖြင့်နေထိုင် မှုများရှိနေသော်လည်း ယင်းမြို့နယ်မှာ မြို့တွင်းနယ်နိ မိတ်အပိုင်းအဖြစ် သတ်မှတ်ထား၍ ကျေးရွာမြေအငှားဂရန်လျှောက်ထားမှုမပြုလုပ်နိုင်သေးကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာ မြေများကို မြေငှားဂရန်ထုတ်ပေး နိုင်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေး လက်နေပြည်သူတစ်ဦးတစ်ယောက်ချင်းအနေဖြင့်သော်လည်းကောင်း၊ အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစုတပေါင်းတည်းအနေဖြင့်သော် လည်းကောင်း၊ ကျေးရွာမြေငှားဂရန်ရရှိရေး လျှောက်ထားဆောင်ရွက်နိုင်သည်ဟု ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့အနေဖြင့် ရှေ့ ပြေးအစီအစဉ်ဆောင်ရွက်ခဲ့ရာ ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ဇွန်လ ၅ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ စုစုပေါင်း မြေငှားဂရန် ၃၂,၀၅၇ ထုတ်ပေးနိုင်ခဲ့သည်။

ကျေးရွာမြေတိုးချဲ့လိုမှုနှင့် ပတ်သက်၍ တင်ပြလျှောက်ထား မှုရှိလာပါကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ စိစစ်မှုပြုလုပ်ကာ ခွင့်ပြုချက်ထုတ်ပေးပြီး အဆိုပါမြေကွက်နှင့် အိမ်များအတွက် ဂရန်ထုတ်ပေးရန်ကိုလည်း တစ်ဆက်တည်းလုပ်ပေးရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service