ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် တစ်ခေတ်တစ်ခါက ပိုင်ဆိုင်ခဲ့တဲ့ ဧက ၂၇၀၀ ကျယ်တဲ့ ကယ်လီဖိုးနီးယားက စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံကို ရောင်းရန်ဆိုပြီး ဈေးကွက်တင်ထားတာ ခြောက်လရှိပြီ ဖြစ်ပါတယ်။
ခုချိန်ထိ သူ့ကို ဘယ်ဒေသတွင်းဝယ်လက်ကမျှ စိတ်ဝင်စားမှု မပြသေးဘူးလို့ သူ့ပိုင်ရှင်တွေက ဒေသတွင်းကို ကျော်လို့ အရှေ့တိုင်းက ၀ယ်လက်တွေကိုပါ မျက်စပစ်နေပြီလို့ သိရပါတယ်။
အမေရိကန်ဝယ်လက်တွေ စိတ်ဝင်စားမှုနည်းတာကို သိလာတဲ့ အွန်လိုင်းဈေးတစ်ခုဖြစ်တဲ့ Luxify က မိုက်ကယ်ဂျက်ဆင်ရဲ့ ဒီ Neverland estate နဲ့ အမေရိကန်ဘတ်စကတ်ဘောကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်ရဲ့ Highland Park အိမ်ကြီးရခိုင်(၂၀၁၂ ခုနှစ်ကတည်းက ခုထိရောင်းမထွက်သေး) တို့လို ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ အိမ်ခြံမြေတွေကို တရုတ်ဝယ်လက်တွေ ၀ယ်ယူလိမ့်မယ်လို့ ခန့်မှန်းနေပါတယ်။
“ဒီထူးခြားတဲ့ အိမ်ခြံမြေတွေကို တရုတ်ဝယ်လက်တွေဆီ ပြဖို့က ကျွန်တော်တို့ ရည်မှန်းချက်ပါ” လို့ Luxify ရဲ့ ပူးတွဲတည်ထောင်သူ အလက်စစ်ဇာရာက ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ပြောကြားခဲ့ပါတယ်။
“အမေရိကန်အိမ်ခြံမြေဈေးကွက်ကို ကြည့်ရင်တော့ တရုတ်ဝယ်လက်ရင်းနှီးမြှုပ်နှံသူတွေ အလုံးအရင်းလိုက်ဝင်လာလို့ အခြေအနေတိုးတက်လာတာကို တွေ့ရမှာပါ။ သူတို့က အများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပါ။ မနှစ်က တစ်နှစ်ထဲတောင် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ဖိုး အမေရိကန်မှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)