နိုင်ငံတော်စီမံကိန်း ဆောက်လုပ်ရေးတင်ဒါများ ပိုမိုပွင့်လင်း မြင်သာလာရန် လုပ်ငန်းရှင်များ မျှော်လင့်ယုံကြည်

နိုင်ငံတော်စီမံကိန်း ဆောက်လုပ်ရေးတင်ဒါများ ပိုမိုပွင့်လင်း မြင်သာလာရန် လုပ်ငန်းရှင်များ မျှော်လင့်ယုံကြည် - Property News in Myanmar from iMyanmarHouse.com
3 Dec 2015 10:47 am တွင် တင်ခဲ့သည်
1263 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အသက်ဝင်လာမည့် အစိုးရသစ်လက်ထက်တွင်
စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်း လုပ်ကိုင်လိုသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး
ကုမ္မဏီများသို့ တင်ဒါခေါ်ယူရာတွင် ယခုထက် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဆောင်ရွက်
လိမ့်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

"ပြောင်းလဲလာတဲ့ နိုင်ငံရေး အတွေး အခေါ်တွေကို မျက်ခြည်မပြတ်ကြည့်ပြီး ပူး
ပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ၁၃ ကျပ်တိုး ဘဏ်စနစ်နဲ့လည်း ကျွန်တော်တို့အောင်မြင်
ဖို့ တော်တော်ခက်တယ်။ ဘယ်သူမှနာလန်ထူမှာ မဟုတ်ဘူး။ ဒီလိုအတိုးနှုန်းနဲ့ဆို ပြည်ပ
ကုမ္ပဏီတွေကို ဘယ်လိုမှမယှဉ်နိုင်ဘူး။ ပြည်တွင်းက လက်ချိုးရေလို့ရတယ်။ ကုမ္ပဏီ
ငါးခုလောက်ပဲယှဉ်နိုင်တဲ့ အနေအထားရှိတယ်"ဟု နိုဝင်ဘာ ၂၉ ရက် မြန်မာကွန်ဗင်း
ရှင်းစင်တာ၌ ပြုလုပ်ခဲ့သည့် အထူးအစည်း အဝေးတွင် ၎င်းကပြောသည်။

"ကျွန်တော်တို့ ခဏခဏ တင်ဒါတွေ ၀င်ပြိုင်ခဲ့ပါတယ်၊ ရန်ကုန်တိုင်းထဲက တင်ဒါတွေ
ဆိုရင်လည်း ၀င်ပြိုင်ပေမယ့် တစ်ခုမှ မရခဲ့ပါဘူး။ အစိုးရသစ်လက်ထက်မှာတော့
တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်မယ် လို့ မျှော်လင့်တဲ့အတွက် ကျွန်တော်တို့
အလှည့် ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွင် ဆောက်လုပ်ရေး
ကုမ္ပဏီပေါင်း ၇၀၀ ကျော်နှင့် အသင်းဝင် စုစုပေါင်း ၃,၀၀၀ ကျော်ရှိသည်။ အသင်းဝင်
ဆောက်လုပ်ရေးကုမ္ပဏီအချို့ စုစည်းပြီး Myanmar Construction and Develop-ment
(MCD) Public Co Ltd ကို ထူထောင်ခဲ့ပြီး နိုင်ငံတော်မှ ခေါ်ယူခဲ့သည့် တင်ဒါများကို
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆောက်လုပ်ရေး စီမံကိန်းများနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေး
စီမံကိန်းများအတွက် ခေါ်ဆိုထားသည့် တင်ဒါ များကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း
လုပ်ငန်းစီမံကိန်းများကို သာမန်ကုမ္ပဏီများ မှာ တစ်ခုတလေမှပင် လုပ်ကိုင်ခွင့်မရရှိခဲ့ဘဲ
အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောသည်။ ယင်းအတွက် အစိုးရသစ်လက်ထက်တွင်
တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ပြန်လည်စိစစ်ကြပ်မတ်သွားရန်
လုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့် လျက်ရှိသည်။

"နောက်အစိုးရကတော့ အခုအစိုးရထက် ပိုပြီးစွမ်းဆောင်ရည်အား ကောင်းလာမယ်။
ပိုပြီးပွင့်လင်းမြင်သာမှု ရှိရှိနဲ့ တင်ဒါတွေကို လုပ်လာမယ်လို့ထင်တယ်။ နိုင်ငံတည်ဆောက်
ရေး လုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ပါဝင်ပြီး လုပ်လာနိုင်မယ်လို့ ထင်ပါတယ်" ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်ကျော် စိုးက ပြောသည်။ ထိုသို့ တင်ဒါများ ခေါ်ယူ
လုပ်ကိုင်ရာတွင် လည်း ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ အချိန်ကပ်ကာ တင်ဒါခေါ်
ယူခဲ့ခြင်းနှင့် လူပုဂ္ဂိုလ် ဦးစားပေးမှုတို့ကြောင့် အလယ် အလတ် အဆင့်ရှိ ဆောက်လုပ်ရေး
ကုမ္ပဏီ များမှာ စီမံကိန်းများအတွက် လုပ်ပိုင်ခွင့် မရရှိ ခဲ့ဘဲ အင်အာကြီး ဆောက်လုပ်ရေး
ကုမ္ပဏီ များသာ စီမံကိန်းများကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး
ဆိုင်ရာ လုပ်ငန်းရှင်များအသင်းက တွဲဖက်အတွင်း ရေးမှူး ဦးအေးလင်းက နိုဝင်ဘာ
၂၉ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

အစိုးရ သစ်လက်ထက်တွင် တင်ဒါခေါ်ယူသည့် စည်းမျဉ်းစည်းကမ်းများနှင့် ပက်သက်ပြီး
ပြန်လည်ပြင်ဆင် လုပ်ကိုင်သွားမည်ဟု မျှော် လင့်ကြောင်း ၎င်းကပြောသည်။
"တင်ဒါခေါ်ခဲ့တာနဲ့ ပက်သက်ပြီး အမှန်အတိုင်းပြောရရင် သူတို့လုပ်နေကြလူကိုပဲ
ဦးစားပေးရွေးခဲ့သလို ဖြစ်နေတယ်။ စည်းမျဉ်း စည်းကမ်းဘောင်ထဲကနေ သူတို့က
တင်ဒါတော့ ခေါ်လိုက်ပါတယ်။ တကယ်တင်ဒါ ဖွင့် လိုက်တော့ အစ်ကိုတို့လို
လုပ်ငန်းရှင်တွေဘက် က အဆိုပြုလွှာတွေမှာ အားနည်းတာတွေ လည်း ပါနိုင်ပါတယ်" ဟု
၎င်းကပြောသည်။

"အခုဖြစ်နေတဲ့ တင်ဒါတွေက တစ်ပတ်လောက်ကပ်ခေါ်ပြီးတင်ခိုင်းတော့ ဘယ်သူမှ
အဆင်မပြေကြဘူး။ အတွင်းသတင်း ကြိုသိတဲ့ လူလောက်ပဲ အဆင်ပြေပြီးတင်နိုင်တဲ့
အတွက် နောက်ပိုင်းအစိုးရသစ်က စီမံကိန်း တွေအတွက် တင်ဒါခေါ်မယ်ဆိုရင်တော့
နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီး အဆိုပြုလွှာ တင်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်ပေး
သင့်တယ်။ အစိုးရသစ်လက်ထက်မှာ သူ့မျက်နှာ ကိုယ့်မျက်နှာ၊ သူသာတယ်၊ ငါသာတယ်
မရှိနိုင်တော့ဘူး။ ပထမအစိုးရ လက် ထက်မှာ ကောင်းတာတွေရှိသလို မကောင်းတာတွေ
လည်း ရှိတဲ့အတွက် နောက်အစိုးရ က သင်ခန်းစာယူပြီးလုပ်ရင် ပိုကောင်းဖို့ပဲ ရှိပါတယ်"ဟု
၎င်းကပြောသည်။

အစိုးရသစ် လက်ထက်တွင် ပိုမိုပွင့်လင်း မြင်သာလာနိုင်သည့် တင်ဒါခေါ်
ယူမှုစနစ် များ၊ ပြုပြင်ပြောင်းလဲမှုများ၊ လုပ်ထုံးလုပ်နည်း များကြောင့် ဆောက်လုပ်ရေး
လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သလို ပြည်ပမှ အလုံး အရင်းဖြင့် ၀င်ရောက်လာနိုင်
သည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် လက်တွဲလုပ်ကိုင်ရန် အတွက် ပြည်တွင်းဆောက်
လုပ်ရေး ကုမ္ပဏီ များက နည်းပညာ၊ ငွေအရင်းအနှီးနှင့် လူ့စွမ်းအား အရင်းအမြစ်များကိုပါ
ကြိုတင် မြှင့်တင်နိုင်မှသာ ပြည်ပမှ ၀င်ရောက်လာနိုင် သည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်
ရင်ပေါင်တန်း လုပ်ကိုင်လာနိုင်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

နိုင်ငံအတွင်း
လမ်းတံတား၊ ရေမီး၊ လျှပ်စစ် စသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ
တည်ဆောက်လုပ်ကိုင်မှုများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို
ပူးတွဲလုပ်ကိုင်နိုင်ရန် Korea Oversea Construction Association မှ မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းသို့ မကြာသေးမီကကမ်းလှမ်းလာခဲ့
သည်။ ယင်းအတွက် လိုအပ်သည့် ငွေကြေး ပံ့ပိုးမှုကိုလည်း ကိုရီးယားနိုင်ငံ၏
EXIM bank ဘက်က အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း အတိုးဖြင့် ရေရှည်
ထုတ်ချေးရန် ကမ်းလှမ်းမှု များ ရှိလာခဲ့ကြောင်း MCEA ၏ တွဲဖက် အတွင်းရေးမှူး
ဦးအေးလင်းကပြောသည်။

ယင်းတည်ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့်
လုပ်ကိုင်နိုင်ခွင့်နှင့် ငွေရေးကြေးရေး ဆိုင်ရာသဘောတူညီချက် များအတွက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် သက်ဆိုင်ရာ အစိုးရတိုင်းဒေသကြီး၊ ပြည်နယ်
အစိုးရအဖွဲ့တို့နှင့် ပြန်လည်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service