အစိမ်းရောင်ဆောက်လုပ်ရေးက ရေရှည်တွင်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်

အစိမ်းရောင်ဆောက်လုပ်ရေးက ရေရှည်တွင်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင် - Property News in Myanmar from iMyanmarHouse.com
3 Dec 2015 10:42 am တွင် တင်ခဲ့သည်
1074 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာသည့် ယနေ့ခေတ်တွင် ခေတ်မီအထပ်မြင့်
အဆောက်အအုံများကြောင့် မြို့ပြပတ်ဝန်းကျင်တွင် အစိမ်းရောင်းလွှမ်းခြုံမှု လျော့နည်း
လာသည်ကို တွေ့နေရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း
အဆင့်မြင့် နည်းပညာသုံး ခေတ်မီအဆောက်အအုံများ တိုးတက်များပြား လာခဲ့သည်။

ခေတ်မီအဆောက်အအုံများကြောင့် မြို့ပြ အင်္ဂါရပ် ဖွံ့ဖြိုးတိုးတက်မှု ရှိသကဲ့သို့
အဆောက်အအုံ တည်ဆောက်ရာတွင် အသုံး ပြုသည့် နည်းပညာများ၊ ခေတ်မီဇိမ်ခံပစ္စည်း
များအသုံးပြုခြင်းနှင့် မြေနေရာလွတ်မကျန် အဆောက်အအုံ တည်ဆောက်ခြင်းများ ကြောင့်အစိမ်းရောင်ဧရိယာနည်းပါးလာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် အလား
အလာများ ရှိနေသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် အဆင့်မြင့် နည်းပညာများအသုံးပြု၍ အဆောက်အအုံများ တည်ဆောက်လာသည့်နည်းတူ နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေမည့် အဆောက်အအုံများ တည်ဆောက်ခြင်းကို
လည်း ဖော်ဆောင်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု နည်းပါးသည့် အစိမ်းရောင် ဆောက်လုပ်ရေးများကို ဖော် ဆောင်ရန် ပညာရှင်များက ထောက်ပြ ပြောဆိုလာသည့်နည်းတူ
ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကလည်း အစိမ်းရောင်ဆောက်လုပ်ရေးအပေါ် စိတ်ပါဝင်စားလာမှု ရှိလာသည်ကိုတွေ့ရသည်။

အဆိုပါ အစိမ်းရောင် ဆောက်လုပ်ရေး သည် လတ်တလောတွင်ထိရောက်မှုကို ချက်ချင်းတုံ့ပြန်နိုင်မှု အားနည်းသော်လည်း ရေရှည်တွင် သဘာဝ
ပတ်ဝန်းကျင်ကို ထိထိ ရောက်ရောက် ထိန်းသိမ်းကာကွယ်နိုင်သည် ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ဦးတိုးအောင်က ပြောသည်။

"ဒီလို အစိမ်းရောင်ဆောက်လုပ်ရေးတွေ ရှိလာမယ်ဆိုရင် ဒါဟာ ကိုယ့်နိုင်ငံတင်
မဟုတ်ဘူး။ နိုင်ငံတကာ အတိုင်းအတာ အထိ ထိရောက်မှုရှိပါတယ်။ ဒီလိုသဘာဝ
ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းတာဟာ အစိတ်အပိုင်း လေး တစ်ခုမှာပဲဖြစ်ဖြစ်
အကျိုးရှိလာနိုင်ပါ တယ်။ ဥပမာပြောရရင် ညစ်ညမ်းမှုတွေကို အားလုံးက၀ိုင်းထုတ်နေတဲ့အချိန်မှာ ကိုယ်က လျှော့လိုက်မယ်ဆိုရင် ထုတ်လုပ်မှုက
ဘာပဲဖြစ်ဖြစ် လျော့သွားမှာပါပဲ။ ဒါဟာ အခုခံစား ချင်မှ ခံစားရပေမယ့် ရေရှည်မှာ
ခံစားရမှာပါ" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ အစိမ်းရောင်ဆောက်လုပ်ရေး များဖြင့် တည်ဆောက်ခြင်းများသည် ကြီးမား
သည့် အကျိုးခံစားမှုကို လတ်တလောတွင် ရရှိနိုင်ရန် ခက်ခဲသော်လည်း လက်ရှိခံစားနိုင်
သည့်အရာများမှာ ရေအရင်းမြစ်ဆုံးရှုံးမှုများ ကို သက်သာစေခြင်များ ရရှိနိုင်ကြောင်း
လည်း ဦးတိုးအောင်က ပြောသည်။ သို့သော် အစိမ်းရောင်ဆောက်လုပ်ရေးနှင့်
အဆောက်အအုံတည်ဆောက်ရေးသည် ငွေကြေးကုန်ကျမှုများပြားပြီးလက်ရှိမြန်မာနိုင်ငံအနေအထားဖြင့် ဆောင်ရွက်ရန်မှာ ခက်ခဲနေသည့်အတွက် တတ်နိုင်သည့် အနေ
အထားဖြင့်သာ လုပ်ဆောင်နိုင်မည်ဟုလည်း ၎င်းကပြောသည်။

"ကျွန်တော်တို့ဆီမှာ သူများနိုင်ငံတွေလို ဆိုလာတွေကို အဆောက်အအုံတွေတိုင်းမှာ
မသုံးနိုင်ဘူး။ ဒါပေမဲ့ လေထုကောင်းအောင် လို့ သစ်ပင်တွေ များများစိုက်လို့ရတယ်။အဆောက်အအုံတွေရဲ့ ပတ်ဝန်းကျင်မှာလည်းအစိမ်းရောင်လွှမ်းမိုးမှုတွေရှိအောင်
လုပ်လို့ရတယ်။ ဒါက ကျွန်တော်တို့ တတ်နိုင် တဲ့ အပိုင်းက လုပ်လို့ရတယ်" ဟု ဆိုသည်။

အစိမ်းရောင် ဆောက်လုပ်ရေးလုပ်ငန်း များ ပေါ်ထွက်လာရေး တိုက်တွန်းအားပေးရန်
ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်ဆွေးနွေး ခဲ့သည့် Green Construction Summit ကို
ပြီးခဲ့သည့်သီတင်းပတ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်း ကျင်ကို ပိုမိုထိန်းသိမ်းကာ ကောင်းမွန်လာနိုင်
သည့် အနေအထားများကို လူအများ စိတ်ပါဝင်စားကာ လုပ်ဆောင်သွားနိုင်ရန် ဆောက်
လုပ်ရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ် ကာ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဆွေးနွေး မှုက ရရှိလာမည့် အယူအဆ များနှင့် ထင်မြင်ချက်များကိုလည်း ပုဂ္ဂလိက ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက တည် ဆောက်မည့် စီမံကိန်းများတွင် လုပ်ဆောင် နိုင်သည့် အခြေအနေ
များနှင့် ကိုက်ညီမှု ရှိပါက အသုံးပြုရန် အကြံပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင်
ပညာရှင်များ က ပြောသည်။

"ပုဂ္ဂလိက လုပ်ငန်းရှင်တွေက သူတို့ စီမံကိန်းတွေကို တင်ပြလာတဲ့အခါကျရင် ဒီလို
ဆွေးနွေးပွဲတွေက ရတဲ့ရလဒ်တွေ၊ ထင်မြင် ယူဆချက်တွေကို ကျွန်တော်တို့က ထည့်သုံး
သွားမှာပါ။ စီမံကိန်းမှာ အစိမ်းရောင်နယ်မြေ တွေ ဘယ်လောက်ထားမလဲ။ လျှပ်စစ်သုံးစွဲမှု
တွေ ဘယ်လိုရှိလဲ စတာတွေကို ကြည့်ပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာတွေ အကြံပေးလို့
ရပါတယ်" ဟု ဦးတိုးအောင်က ပြောသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လတ်
တလောအခြေအနေအကျိုးခံစားမှုကိုမကြည့်ဘဲ ရေရှည်ကိုတွက်ဆကာလက်ရှိအချိန်ကစတင်ပြီး ဆောက်လုပ်ရေးလုပ်ငန်း တွင် အစိမ်းရောင် ဆောက်လုပ်ရေးကို တတ်နိုင်သည့်
အပိုင်းက လုပ်ဆောင်သင့် သည်ဟုလည်း ပညာရှင်များကပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service