ငပလီကမ်းခြေတွင် မြေဈေးမြင့်တက်

ငပလီကမ်းခြေတွင် မြေဈေးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
19 Nov 2015 11:04 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်းရှိ နာမည်ကျော် ငပလီကမ်းခြေသို့ ခရီးသွား များ လာရောက် မှုမြင့်တက်လာသည် နှင့်အညီ ဟိုတယ် လုပ်ငန်းများကြောင့်
မြေဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိသည်ဟု သိရသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကမ်းခြေ ရွာတွေရဲ့ မြေဈေးတွေ က အရမ်းတက်
သွား တာ။ ငပလီကို မြို့နယ်အဆင့် သတ်မှတ် လိုက်တဲ့ နောက်ပိုင်းဈေးတွေ ပိုတက်လာ တယ် လို့ ပြောလို့ရတယ်။ လာဝယ်တဲ့သူတွေ လည်း များလာတယ်။ ပြီးတော့ ဟိုတယ်တွေ လာဖွင့်တာလည်း အရင်ကထက် များလာတယ်" ဟု ငပလီကမ်းခြေရှိ လင်းသာကျေးရွာ က ဦးဖိုးခွားက ပြောသည်။

သံတွဲမြို့က လေးမိုင်ခန့်ဝေးကွာသည့် ငပလီကျေးရွာသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် ငပလီကို မြို့နယ်အဆင့် သတ်မှတ်ခဲ့ပြီးနောက် ဟိုတယ်လုပ်ငန်းများလည်း ကောင်း
မွန်လာကာ ယခုအခါတွင် သံတွဲမြို့ ထက်ပင် ပို၍ ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုကြသည်။ ငပလီကမ်းခြေရှိ မြေဈေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ဧကလျှင် အမြင့်ဆုံး သိန်းလေးသောင်း၊ ငါးသောင်းခန့်အထိရှိသည်။ လွန်ခဲ့သည့်
နှစ်နှစ်ကျော်ခန့်က ငပလီ ကမ်းခြေရှိ မြေဈေးနှုန်းမှာ ကျပ်သိန်းထောင် ဂဏန်းသာ ရှိခဲ့သည်ဟု ငပလီဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းကျော်က
ပြောသည်။

"ဈေးတွေ တက်တာကတော့ ရန်ကုန်က ဈေးတွေလောက်တော့ မကြောက်တော့ဘူး။
ဟိုတယ်ဖွင့်လို့ရတဲ့ ကမ်းခြေနားက မြေတွေဆို ရန်ကုန်က ၀င်ဒါမီယာက ဈေးတွေထက်တောင် ကြီးသေးတယ်။ ကျယ်ရင်ကျယ်သလို ဈေးက ခေါင်ခိုက်နေတာ။ သိန်းကို သိန်းဂဏန်းနားအထိပဲ။ နေရာကောင်း
တော်တော် များများကလည်း ၀ယ်ပြီးတဲ့သူတွေ နဲ့ ပြည့်နေတာပဲ" ဟု ၎င်းကပြောသည်။ အဆိုပါ ဒေသ၏ မြေဈေးနှုန်းများသည် လွန်ခဲ့သည့်
ဆယ်နှစ်ကျော်ခန့်နှင့် နှိုင်းယှဉ်ပါက များစွာကွာခြားသွားကာ ဈေးနှုန်းများ
တစ်ဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိအချိန်တွင် အမြင့်ဆုံးအတိုင်း အတာထိသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် ယခင်က ယင်းဒေသတွင် မြေ ပိုင်ဆိုင်သူများမှာ အုန်းပင် များစိုက်၍ ခြံ လုပ်ငန်းကို လုပ်ကိုင်ရသော်
လည်းယခုအခါအဆိုပါ ခြံမြေများ ဈေးကောင်းရ သည့်အတွက် ပြန်လည်ရောင်းချပြီးနောက် ငွေကြေးချမ်းသာသွားသည့် ဒေသခံများရှိ လာကြောင်း ဦးထွန်းကျော်က
ပြောသည်။

"အရင်တုန်းက အုန်းပင်လေးစိုက်ပြီး အုန်းသီးရောင်းစားတဲ့ သူတွေ စီးပွားရေး အဆင်မပြေကြဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက် က မြေဈေးတွေ အရမ်းတက်
သွားတော့ သူတို့ ခြံတွေလည်း ဈေးကောင်းရပြီး သူဌေးတွေ ဖြစ်သွားကြတဲ့ သူတွေ အများကြီးပဲ။ ကမ်းခြေနားက မြေပိုင်တဲ့သူတွေက ပိုပြီး အဆင်ပြေ
သွားကြတယ်" ဟု ဦးထွန်းကျော်ကပြောသည်။ လတ်တလောတွင်လည်း ငပလီမြို့နယ် အတွင်းရှိ တောင်ကုန်း၊ တောင်ထိပ်များ ပေါ်ရှိ မြေများကို လည်း လိုက်လံဝယ်ယူသူ များလည်း ရှိကြောင်း ငပလီမြို့နယ် မြပြင် ရွာတွင် နေထိုင်သူ
ကိုအောင်မျိုးကျော်က ပြောသည်။

"အခုလည်း မြေတွေလိုက်ဝယ်နေတဲ့သူ တွေ ရှိတုန်းပါပဲ။ ဟိုတစ်လောကတော့ ကမ်းခြေနားက မြေတွေ၊ လမ်းမတန်းကမြေ တွေကို အ၀ယ်များတယ်။ အခု
တစ်လောတော့ တောင်ကုန်းတွေပေါ်က မြေတွေဝယ်ဖို့ လိုက်ကြည့်နေတာတွေ တွေ့နေရတယ်။ တောင်ကုန်း ပေါ်တွေမှာ ဟိုတယ်ဆောက်ရင် ပင်လယ်ကို လမ်းမြင်ရ တဲ့ မြင်ကွင်းမျိုးရတော့ တချို့က အဲဒီလိုဟိုတယ် မျိုး ဆောက်ချင်ကြတယ်။ ဒီမှာက အဲဒီလိုဟိုတယ်မျိုး တစ်ခုပဲ ရှိသေး တယ်။ အဲဒါကြောင့် အခုတစ်လော
တောင် ကုန်းတွေပေါ်ကို လိုက်ဝယ်နေကြတာ ထင်တယ်" ဟု ၎င်းကပြောသည်။

ငပလီကမ်းခြေသည် ယခင်က ကျေးရွာ အဆင့်သာ ဖြစ်သော်လည်း လက်ရှိအချိန်၌
ခရိုင်အဆင့်ရှိသည့် သံတွဲမြို့ထက်ပင် မြေဈေး နှုန်းများ ကြီးမားကာ စီးပွားရေးလုပ်ငန်း တိုးတက်မှု အနေအထားမှာလည်း ပိုမိုကောင်း မွန်လာသည်ဟု ဒေသခံများက ပြောသည်။ ငပလီရှိ မြေဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် တစ်ဧက ကျပ်သိန်း ငါးသောင်း ခန့် ရှိနေသည့်အချိန်တွင် သံတွဲမြို့ပေါ်ရှိ မြေဈေးနှုန်းများမှာ ကျပ်သိန်း ၇၀ ၀န်းကျင်မှ သိန်း ၃၀၀ ၀န်းကျင် အတွင်းသာရှိသည်။ မြေအရောင်း အ၀ယ် မှာလည်း သံတွဲမြို့ ပေါ်တွင် မရှိသလောက် နည်းပါးပြီး ငပလီ ကမ်းခြေတည်ရှိရာ ကျေးရွာများ တွင်သာ မြေ၀ယ်ယူရန် စောင့်ကြည့်သူများနှင့်
ပြည့်နေ ကြောင်း ကျေးရွာဒေသခံများက ပြောသည်။ ထို့ပြင် လမ်းပန်းဆက် သွယ်ရေးများမှာ လည်း ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာ သည့်အတွက် ငပလီကမ်းခြေသို့ လာရောက် လည်ပတ်သူများမှာလည်း များပြားလာသည်ဟု
အငှားကားမောင်းသူ တစ်ဦးလည်း ဖြစ်သူ ကိုအောင်မျိုးကျော်က ပြောသည်။

"အရင်က ဒီကို နိုင်ငံခြားသား ခရီးသွား လောက်ပဲ လာနိုင်ကြတယ်။ စရိတ်က အရမ်း မြင့်တော့ ပြည်တွင်းက လူတွေလာတာ နည်း တယ်။ အခုက
လမ်းတွေကလည်း ကောင်းလာ တော့ ရန်ကုန်ကနေ ကားနဲ့လာမယ်ဆိုရင် ၁၂ နာရီလောက်ပဲ ကားစီးရတော့တယ်။ အရင် ကတော့ တစ်ရက်ကြာရင်
လည်း ကြာတယ်။ နှစ်ရက်ကြာရင်လည်း ကြာနိုင်တယ်။ ဒါပေမဲ့ ဒီသုံးလေးနှစ် အတွင်းမှာ လမ်းတွေ ကောင်း လာတော့ ပြည်တွင်းပြည်ပက လာလည်တဲ့
သူတွေ တော်တော်များများလာတယ်" ဟု ၎င်းက ပြောသည်။ ခရီးသွားများ လာသည်နှင့်အမျှ ငပလီ တွင် ဟိုတယ်တည်ဆောက်လာမှုမှာလည်း
ယခင်ကထက် များပြားလာပြီးဖြစ်သော်လည်း ခရီသွားရာသီအချိန်မျိုးတွင်မူ ဟိုတယ်ခန်း မလုံလောက်မှုများ ရှိသေးသည့်အတွက် ဟိုတယ်တည်ဆောက်မှုများထပ်မံရှိလာနိုင် သေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ငပလီ၌ ဟိုတယ်စုစုပေါင်း ၂၅ လုံးရှိပြီး အခန်းပေါင်း ၈၅၃ ခန်းကျော်ခန့်ရှိကာ ယခုနှစ်တွင် ဟိုတယ်တစ်လုံးထပ်မံတည်ဆောက်
လျက်ရှိပြီး ရွေးကောက်ပွဲကြောင့် မြေအရောင်းအ၀ယ်များ မရှိသေးကြောင်း လည်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ငပလီဇုန်) တာဝန်ရှိသူတစ်ဦးက
ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service