ဟားခါးမြို့မြေဧရိယာ၏ သုံးပုံတစ်ပုံ လူနေထိုင်ရန်မသင့်ကြောင်း ဘူမိဗေဒပညာရှင်များ အကြံပြု

ဟားခါးမြို့မြေဧရိယာ၏ သုံးပုံတစ်ပုံ လူနေထိုင်ရန်မသင့်ကြောင်း ဘူမိဗေဒပညာရှင်များ အကြံပြု - Property News in Myanmar from iMyanmarHouse.com
19 Nov 2015 10:31 am တွင် တင်ခဲ့သည်
1164 ကြိမ် ကြည့်ရှု့ပြီး
ဘူမိဗေဒပညာရှင်များ ၏တိုင်းတာချက်ရလဒ်များအရ ဟားခါးမြို့ မြေဧရိယာ သုံးပုံတစ်ပုံသည် လူနေထိုင်ရန် မသင့်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့
လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန် ဆန်းအောင်က ပြောသည်။

လွန်ခဲ့သည့် သြဂုတ်အ တွင်း မြေပြိုမှုများကြောင့် မြို့ တော်ပြောင်းရွှေ့ရန်စီစဉ်ခဲ့ကာ လူ နေထိုင်ရန် သင့်လျော်မည့် ဘူမိဗေဒတိုင်းတာခြင်းလုပ်ငန်းများ လုပ် ဆောင်ခဲ့ပြီးအဆိုပါရလဒ်အ
ရပြောကြားခြင်းဖြစ်ကြောင်း၎င်းကဆက်
လက်ပြောကြားသည်။

‘‘ရာသီဥတုအရမ်းဆိုးရွားရင်နေလို့မရတဲ့ အနေအထားပါ။ တချို့နေရာတွေမှာ လက်ရှိအနေ အထားကို ပြင်ဆင်ပြီးနေလို့ရ တယ်။
တချို့နေရာတွေ လုံးဝလူ နေလို့မသင့်တာတွေရှိပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

သြဂုတ်လလယ်အတွင်းမှစက်တင်ဘာအထိ ဟားခါးမြို့ မြေအနေအထားကို ဘူမိဗေဒပညာရှင်များ လေ့လာတိုင်းတာခဲ့ပြီးနောက် ထိုလေ့လာတွေ့ရှိချက်ကိုပြည်နယ်အစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။

ဘူမိဗေဒတိုင်းတာချက်အရ မြေပြိုအန္တရာယ်ကို အဆင့်လေး ဆင့်ဖြင့် ဖော်ပြထားသည်။ ၎င်း တို့မှာ မြေပြိုမှုဖြစ်နိုင်ခြေအနိမ့်ဆုံး အစိမ်းရောင်အဆင့်ဖြစ်ပြီး ၎င်းမှာ လူနေရန် အိမ်ရာတည်ဆောက် ရေးအတွက် အသင့်လျော်ဆုံးသတ်မှတ်ထားသည်။

ဒုတိယအဆင့်အနေဖြင့် မြေပြိုမှုတစ်ခါတစ်ရံဖြစ်တတ်သော်လည်း မြေအသုံးပြုမှု၊ မြေအောက်ရေကို စနစ်တကျပြုပြင်ခြင်းနှင့် သစ်ပင်များစနစ်တကျစိုက်ပျိုးပါက အသင့်အတင့်အနေအထားရှိသည့် အ၀ါရောင်အဆင့်နှင့် တတိယအဆင့်အနေဖြင့် ပန်း ရောင်သတ်မှတ်ပြီး မိုးရေချိန် သတ်မှတ်နှုန်းတစ်ခုကျော်လွန်ပါ က မြေပြိုပြီး ထိုနေရာတွင် နေထိုင် မည်ဆိုပါက သတိပေးစနစ်များ တပ်ပြီးမှ နေသင့်ဟုဆိုသည်။ နောက်ဆုံးအနီရောင်စနစ်
သည် လူနေထိုင်ရန် မသင့်လျော်သာ နေရာဖြစ်သည်။

ယင်းတိုင်းတာချက်များ သည် ဟားခါးမြို့တော်မြေပုံပေါ် တွင် အန္တရာယ်အဆင့်အလိုက် အရောင်များ ခွဲခြားပြသခြင်းဖြစ်၍ သတ်မှတ်အဆင့်လိုက် မြေဧရိ ယာပမာဏကို အတိအကျတိုင်း တာရန် ခက်ခဲကြောင်း ပြည်နယ် ၀န်ကြီးက ဆိုသည်။

‘‘သတ်မှတ်ချက်အရ အစိမ်း ရောင်နှင့် အ၀ါရောင်အဆင့်က သာ လူနေထိုင်ဖို့ သင့်တော်တယ်’’ဟု ဦးငွန်ဆန်းအောင်က ပြောသည်။

အဆိုပါဘူမိဗေဒတိုင်းတာမှု ရလဒ်အရ ယခင်မူကြမ်းရေးဆွဲ ထားသည့် ဟားခါးမြို့ပြစီမံကိန်း ကို ပြန်လည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိမ်းရောင်အဆင့်ကိုသာ လူနေ ထိုင်ရန်အတွက် မြို့ပြစီမံကိန်း ရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲ ပြီး ကျန်အဆင့်များကို ထည့်သွင်း ရေးဆွဲခြင်းမရှိကြောင်း ၎င်းက ဆို သည်။

ယင်းမြို့ပြစီမံကိန်းတွင် စက်မှုဇုန်၊ စီးပွားရေးရပ်ကွက်၊ ဟို တယ်ဇုန်စသည်တို့ပါဝင်ကြောင်း ချင်းပြည်နယ်စီးပွားရေးနှင့် စီမံ ကိန်းဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ တင်ကာ မြေသားများပြိုကျခဲ့ပြီး အိမ်ခြေလေးထောင်ကျော်ရှိသည့် ဟားခါးမြို့တွင် အိမ်ခြေလေးရာ ကျော် (မြို့ရှိ အိမ်ခြေအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်)ပြိုကျပျက်စီးခဲ့ ပြီး တံတား ၂၁ စင်းနှင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက သတင်းထုတ် ပြန်သည်။ ချင်းပြည်နယ်အတွင်း သြဂုတ် ၁၀ ရက်စာရင်းများအရ မြေပြိုမှုများကြောင့် ဆုံးရှုံးပျက်စီး မှုသည် ကျပ် ၃ဒသမ၈ ဘီလီယံရှိ ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရထံ မှ သတင်းရရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service