အိမ်ဌားသံသရာ ထဲက ရုန်းထွတ်ဖို့ ခက်ခဲလာတဲ့ လူမှု့ဘ၀များ

အိမ်ဌားသံသရာ ထဲက ရုန်းထွတ်ဖို့ ခက်ခဲလာတဲ့ လူမှု့ဘ၀များ - Property News in Myanmar from iMyanmarHouse.com
17 Nov 2015 11:12 am တွင် တင်ခဲ့သည်
1663 ကြိမ် ကြည့်ရှု့ပြီး
အိမ် ဆိုတဲ့ အသံကြားလိုက်တာနဲ့ တင် အခြေခံလူတန်းစားတွေ ၊ လူလတ်တန်းစား တွေ အတွက် ပိုင်ဆိုင်ချင်တဲ့ လိုချင်တက်မက်ချင်တဲ့ အရာဝတ္တုတစ်ခု ၊ လူ့ဘ၀မှာ အရေးကြီးဆုံးအရာ တစ်ခုဖြစ်တဲ့အပြင် စားဝတ်နေရေး ဆိုတဲ့ စကားရပ်ထဲမှာ ကျောတခင်းစာနေရာ ရဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူတိုင်း ကို မေးမြန်းစရာ မလိုတဲ့ အဖြေရပြီးသား ပုစ္ဆာတစ်ပုဒ်ပါ ။

သာမာန်အခြေအနေမှာ ရှိတဲ့ မိသားစုတွေ အိမ်ရာပိုင်ဆိုင်ဖို့ ဆိုတာ ဒီဘက်ခေတ်မှာ ခက်ခဲပြီးအဖြေရှာရခက်တဲ့ အတွက်ကြောင့်လည်း အိမ်ဌားသံသရာမှာ လည်ပတ်နေတဲ့ လူတွေက တစ်ဖြည်းဖြည်းပိုမိုများပြားလာတယ်လို့ အိမ်ခြံမြ ကျွမ်းကျင်သူတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ ကသုံးသပ်ထားသလို ဒီလူတွေတော်တော်များများကလည်း ကျွန်တော်လိုဘဲ အဌားသံသရာနဲ့ လည်ပတ်နေတာကို တွေ့နေရလို့ အပေါင်းအဖော် တွေ အများကြီးရှိတယ့် အတွက် ကိုယ့်ကိုယ်ကိုယ်တောင် အားငယ်စရာ မလိုဘူးလို့လည်း ခံစားမိပါတယ်။
လက်လှမ်းမီသလောက် စာအုပ်စာတမ်းတွေ ဖတ်ရသလောက် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် အိမ်ရှင်အိမ်ဌား၊အိမ်ဌားနဲ့ အကျိုးဆောင် ၊ အိမ်ရှင်နဲ့ အကျိုးဆောင် တွေကြားမှာ ဇတ်လမ်းပေါ့င်းများစွာ နဲ့ အမှု့အခင်းတွေ ၊ တရားစွဲဆို နှင်ထုတ်ရမှု့တွေအလျော်အစားတွေအများကြီး တွေ့နေရပါတယ်။

ရေတိုဖြေရှင်းနည်းက တော့ အိမ်ရှင် ၊ အိမ်ဌား နဲ့ အကျိုးဆောင်တွေ ကြားမှာ တိတိကျကျ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိသေးတဲ့ အတွက် အိမ်ရှင်ဘက်ကလည်း စာချုပ်ပြည့်ပြီးတိုင်း အိမ်လခ တိုးလိုချင်လာသလို ၊ အကျိုးဆောင်တွေ ဘက်ကလည်း နောက်ထပ် လူသစ်တင်လာနိုင်တာ နဲ့ အမျှ အကျိုးဆောင်ခ ထပ်ရအုံးမယ် ဆိုတဲ့ စိတ်ကူး ကြောင့် အိမ်ဌားတွေ မကြာမကြာ အိမ်ပြောင်းရွေ့နေ၇တဲ့ဒုက္ခတွေကို ရင်ဆိုင်နေရပါတယ် ။ နောက်ထပ်ထပ်ရတဲ့ အကျိုးဆက်ကတော့ အကျိုးဆောင်ဆိုသူတွေ နဲ့ အိမ်ရှင်တွေကြားမှာလည်း မကြာခဏ လူသစ်တင် လူဟောင်းချ လုပ်လာနေတဲ အတွက် ပတ်ဝန်းကျင်မှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ အတွက် ဌားရမ်းလိုသူတွေ အနေနဲ့လည်း အဒိအခန်း အဒိအိမ်ကို လက်ရှောင်သွားလေ့ ရှိတာ တွေ့လာရပါတယ်။

ကျွန်တော်နေတဲ့ ဒဂုံ အရှေ့ပိုင်းမြို့နယ် တစ်ခုက အိမ်ရှင်အိမ်ဌား ဇတ်လမ်းတစ်ခုက အင်မတန် စိတ်ဝင်စားဖို့ကောင်းသလို သံဝေဂလည်း ရဖို့ကောင်း ပါတယ် ၊ အိမ်ရှင်တွေ ၊ အိမ်ဌားတွေ အတွက်လည်း သင်ခန်းစာ ယူသင့်တယ့် ဖြစ်ရပ်တွေ အများကြီး ဖြစ်ခဲ့သလို နောက်ဆုံးမှာ ၀မ်းနည်းဖွယ်ရာနဲ့ အဆုံးသတ်ခဲ့ရပါတယ် ။

တိုက်ခံပျဉ်ထောင်နဲ့ နှစ်ထပ်အိမ်ကြီးမှာ နေတဲ့ အသက်ငါးဆယ် အရွယ် အဖိုကြီး အဖွားကြီး လင်မယားနှစ်ယောက် အပိုဝင်ငွေရအောင် အောက်ထပ် ကို ဌားမယ်ဆိုပြီးပွဲစားကို အလုပ်အပ်လိုက်တာကနေ ဇတ်လမ်းက စလာပါတော့တယ် ၊အိမ်ရှင်နဲ့ အိမ်ဌားတွဲနေတာ ဖြစ်တဲ့ အတွက်လစဉ်လာတဲ့ မီတာခတွေ၊ ရေဖိုးတွေ ၊ သန့်ရှင်းရေးကြေး ၊ ကအစ သာရေးနာရေး ၊ အလှုခံကပါ မကျန် ထည့်ဝင်ပေးချေရမယ့် ကုန်ကျစရရိတ်တွေ နဲ့ ပက်သက်ပြီး နည်းတာ များတာ ဖြစ်လာတယ့် အပြင် ညအိပ်မီးထွန်းတာက အစ ပြသနာရှာတက်တဲ့ အိမ်ရှင်နဲ့ စာချုပ်စာတမ်းနဲ့ စကားပြောတဲ့ အိမ်ဌားအကြားမှာ ဖြစ်တဲ့ နေ့စဉ်ရန်ပွဲကတော့ ရပ်ကွက်တစ်ခုလုံး မကြားချင်တဲ့ အဆုံးပါဘဲ ။

ကပ်စီးနည်းပြီး လူမှုရေးနားမလည် တဲ့ အိမ်ရှင်တွေနဲ့ ကိုယ်ပိုင်အိမ်မဟုတ်ဘဲ ဌားနေတဲ့ အိမ်ဖြစ်တဲ့ အတွက် နေချင်သလို နေပြီး အိမ်ပျက်စီးမှု့ကို ဂရုမစိုက်တဲ့ အိမ်ဌားအကြားမှာ အမြတ်ထွတ်တာကတော့ လူသစ်မကြာခဏ တင်ပေးရတယ့် အကျိုးဆောင်တွေဘဲ ဖြစ်ပါတယ်၊ သူတို့က ခြောက်လဘဲ ဌားဌား တစ်နှစ်ဘဲ ဌားဌား ပွဲခက တစ်လ စာ အပြတ်က ယူထားပြီးဖြစ်ပါတယ် ။အလွန်ဆုံး သုံးလ ၊ ခြောက်လ လောက်မှာ အိမ်ဌားအမြဲတမ်းပြောင်းနေရတယ့် အတွက်လည်း ရပ်ကွက်ထဲမှာ အိမ်ရှင်နာမည်ဆိုး ထွတ်လာတယ့် အတွက် နှစ်နှစ်လောက်အကြာမှာ တော့ အိမ်ဌားလိုသူတွေက အဓိအိမ်မှာသွားနေရမှာ ထက်ပိုင်ရာဆိုင်ရာတွေ နဲ့ အဆင်ပြေအောင်လုပ်ပြီး ကျုးကျော်တဲ မှာဘဲနေတော့မယ်ဆိုပြီး ဖြစ်လာတဲ့ အတွက် နှစ်နဲ့ ချီကြာမြင့်လာတာတောင် အိမ်ဌားချင်ပေမယ့် အိမ်ဌားမရဘဲ အများက လက်ရှောင်သွားကြပါတယ်။

အပိုဝင်ငွေလေး ရမလားလို့ အိမ်ဌားဖို့ ကြံစည်ထားတယ့် အဖိုးကြီး အဖွားကြီးဆီကို ပွဲစားတွေ ကမကြာခဏလာပြီး ပြောဆိုဆွယ်တရားဟောခဲ့တာတွေ ၊ ဒီလူဆင်းသွားရင် နောက်လူကို အခုထက်လခပိုရအောင် လူတင်ပေးမယ်ဆိုတဲ့ စကားလုံးတွေကြားမှာ နစ်မြောနေတယ့် လင်မယား အတွက်ကျတော့ နောက်ဆုံးမှာ ဌားမယ့်လူမရှိလို့ အပိုဝင်ငွေ မရတော့ဘဲ စားဝတ်နေရေး ခက်ခဲလာလို့ အိမ်ရောင်းပြီး ဈေးသက်သာတဲ့ နေရာသစ်တစ်ခုကို ပြောင်းပြေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ နေ့စဉ်ကြားနေရတယ့် အိမ်ရှင်အဖွားကြီးနဲ့ အိမ်ဌားလင်မယား ရန်ပွဲတွေ ၊ မီတာခပေးတာ သူများများပေးရတယ်၊ နည်းနည်းဘဲပေးရတယ် ဆိုတဲ့ စကားများမှု့တွေကို ရပ်ကွက်က မကြားရတော့ပါဘူး ၊ကြားထဲက အမြတ်ထွတ်သွားသူကတောာ့ လူမကြာခဏ ရှာတင်ပေးရတယ့် ပွဲစားဘဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကျွှမ်းကျင်သူတွေ ကတော့ ဒီလိုအိမ်ရှင်အိမ်ဌားဇတ်လမ်းတွေ မဖြစ်ရအောင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ သတ်မှတ်ကာလ တစ်ခုမှာသာ အိမ်ဌားခနှုန်းထားတွေကို နှစ်ဦးနှစ်ဖက် သင့်တင့်မျှတတဲ့နှုန်းထားတစ်ခု သတ်မှတ်ပြီးမှ ဌားခဈေးတက်ဖို့ လိုသလို အိမ်ဌားဘက်ကလည်း အိမ်ဌားတစ် ယောက်ထားရှိရမယ့် စည်းမျဉ်းစည်းကမ်းတွေ ၊ ကိုယ့်ဌားနေတဲ့ အိမ်ကို ကိုယ့်အိမ်လို တန်ဖိုးထားပြီးနေပေးရမယ်ဆိုတယ့် နှစ်ဦးနှစ်ဖက် ကောင်းမွန်မျှတတဲ့ အမြင် အတွေးအခေါ်လေးတွေ ထားဖို့လိုသလို အကျိုးဆောင်တွေ ဘက်ကလည်း အိမ်ရှင်နဲ့ တွေ့ပေးပြီးပြီး ပွဲခပေးတော့ဆိုပြီး ပွဲခယူဖုတ်ဖတ်ခါထပြန်သွားပြီး မျက်နှာလွှဲခဲပြစ်မလုပ်ဖို့ လိုတယ် ၊ ကိုယ်ယူထားတဲ့ အကျိုးဆောင်ခ အလိုက်အိမ်ရှင် အိမ်ဌားကြားက လိုအပ်ချက်တွေကို ညှိနှိုင်းပေးပြီး စာချုပ်စာတမ်းချုပ်ပြီးတဲ့ အထိ တာဝန်ယူပေးတက်ဖို့ လိုအပ်ပါတယ်။

အိမ်ရှင်အိမ်ဌားပြသနာဆိုရင် ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တယ့် ဆိုပေမယ့် အခုနောက်ပိုင်း အိမ်ရာလိုအပ်ချက် အရမ်းများနေတဲ့ ရန်ကုန်မြို့ရဲ့လက်ရှိတိုးတက်နေတဲ့ လူဦးရေ အချိုးအစား ၊ နယ်မြို့ကျေးလက်တွေက နေရွေ့ပြောင်းအခြေချနေထိုင်မှု ၊ ဆောက်လုပ်နိုင်တဲ့အိမ်ရာပမာဏ ၊ ကျဆင်းလျက်ရှိသည့် အိမ်ခြံမြေ ဈေးကွက်အနေအထား တွေကိုလည်း ပြန်လည်ချိန်ဆဖို့လိုပါတယ်၊
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရဲ့ခန့်မှန်းချက်အရ ရန်ကုန်မြို့တော်ကို နှစ်စဉ်လူဦးရေ သုံးသိန်းကျော် ပုံမှန်ဝင်နေတဲ့ အတွက် အိမ်ရာ တိုက်ခန်းလိုအပ်ချက် ၇၅၀၀၀ ကျော်နှစ်စဉ်လိုပါတယ်၊ ကျဆင်းလျက်ရှိတယ့် အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြောင့်လည်း အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အသစ်အဆာက်အအုံ တွေဆောက်ဖို့ လုပ်ငန်းရှငတွေကလည်း လက်တွန့်နေတဲ့ အခြေအနေကြောင့် ရှိနေပြီးသား အိမ်တွေ ၊ တိုက်ခန်းတွေကိုဘဲ ရောင်းတာဝယ်တာ ဌားရမ်းလုပ်ကိုင်ရမယ့် အနေအထားကို ဆိုက်ရောက်လို့လာပါတယ် ၊ အရောင်းအ၀ယ်မကောင်းတဲ့ အခုလိုအချိန်မှာ ဆောက်မယ့်လူတွေ ကလည်း မရင်းနှီးမမြုပ်နှံရဲသလို အိမ်ဝယ်မယ့်သူတွေကလည်း ဈေးများထပ်ဆင်းအုံးမလား ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် အိမ်တွေ တိုက်ခန်းတွေကို ဌားရမ်းပြီးနေထိုင်ဈေးနှုန်းစောင့်ဆိုင်းလာတာ တွေ့ရပါတယ်၊ အခြေခံလူတန်းစားတွေ အတွက်ကတော့ အဌားအိမ်ရာ ၊ တန်ဖိုးနည်းတိုက်ခန်း တွေမဖော်ဆောင်နိုင်သရွေ့ ၊ နှစ်ရှည် မရောင်းချနိုင်သရွေ့ကတော့ကျွန်တော်အပါအ၀င် အများစုက တော့ အိမ်ရှင်အိမ်ဌား အကျိုးဆောင်တွေကြားမှာ သံသရာ လည်အုံးမှာ ဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service