လူလတ်တန်းစားများ ၀ယ်ယူနိုင်သည့် ဈေးနှုန်း မဖြစ်မချင်း အိမ်၊ ခြံ၊ မြေဈေးကွက် တည်ငြိမ်မှု ရှိမည်မဟုတ်ဟု အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများ ပြောကြား

လူလတ်တန်းစားများ ၀ယ်ယူနိုင်သည့် ဈေးနှုန်း မဖြစ်မချင်း အိမ်၊ ခြံ၊ မြေဈေးကွက် တည်ငြိမ်မှု ရှိမည်မဟုတ်ဟု အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများ ပြောကြား - Property News in Myanmar from iMyanmarHouse.com
17 Nov 2015 10:39 am တွင် တင်ခဲ့သည်
2255 ကြိမ် ကြည့်ရှု့ပြီး
လူတန်းစားများ ၀ယ်ယူနိုင်သည့် ဈေးနှုန်း မဖြစ်မချင်း အိမ်၊ ခြံ၊ မြေဈေးကွက် တည်ငြိမ်မှု ရရှိမည်မဟုတ်ဟု UMFCCI ၌ပြုလုပ်သည့် ‘၂၀၁၅ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေနှင့် အနာဂတ် အလားအလာ’ဟောပြောပွဲတွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

“နိုင်ငံတော်ရဲ့ မူဝါဒက အနာဂတ် အိမ်၊ ခြံ၊မြေ အလားအလာပေါ်မှာ အများကြီး သက်ရောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုမှာလည်းကျွန်တော်မြင်တာက
မော်တော်ကားတွေလိုပဲ။ အိမ်၊ ခြံ၊ မြေမှာလည်းပဲ အခြားနိုင်ငံတွေနဲ့ မတူတာက ကျွန်တော်တို့က လှောင်ကုန်သဘောမျိုး ဖြစ်နေတယ်။ အမှန်တကယ် သုံးစွဲသူတွေ လက်ထဲ မရောက်ဘူး။ အိမ်တစ်လုံးပိုင်တဲ့သူက ၁၀ လုံးပိုင်သွားတယ်။ အဲဒီ ၁၀ လုံးကို သော့ခတ်ထားမယ်။ ဒါမှမဟုတ် ငှားစားမယ်။ ဆိုတဲ့အခါကျတော့ ဒီ အိမ်၊ ခြံ၊ မြေဟာ ဒီ Working Class Level မှာ နေမှုထိုင်မှုအတွက် သက်သောင့်သက်သာရှိတဲ့ အနေအထားရောက်မှ အိမ်၊ ခြံ၊ မြေ ဈေးကွက် အလားအလာက ကောင်းမှာဖြစ်ပါ တယ်။ အိမ်၊ ခြံ၊ မြေဈေးကွက် အလားလာ ဆိုရင် အားလုံးက ဈေးကျတယ်ဆိုရင် မကောင်းဘူး။ ဈေးတက်ရင် အိမ်၊ ခြံ၊ မြေ ဈေးတက်ရင် ကောင်းတယ်ဆိုတဲ့ အယူအဆက မှားတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ Working Class Level မှာ မျှော်လင့်ချက်မရှိဘူးဆိုရင် အိမ်၊ ခြံ၊ မြေဈေးပဲပြောပြော၊ တိုက်ခန်းဈေးပဲ ပြောပြော စားသုံးသူလက်ထဲ တိုက်ရိုက် မရောက်ဘူးဆိုရင် အိမ်၊ ခြံ၊ မြေဈေးကွက်ရဲ့ ခိုင်မာမှုက စိုးရိမ်စရာရှိပါတယ်။ အဲဒါကြောင့် ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့လည်း ဒါတွေကို အများကြီး ထည့်သွင်း စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒီလူလတ်တန်းစားတွေရဲ့ လိုအပ်ချက်ကို အာမခံချက် ကောင်းကောင်းပေးနိုင်မှ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှာဖြစ်သလိုအိမ်၊ ခြံ၊ မြေရဲ့အလားအလာ
ကောင်းမယ်လို့ ယုံကြည်ပါတယ်” ဟု ရွှေမင်းသား အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဦးမြတ်သူဝင်းက ပြောကြားသည်။

အွန်လိုင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းတစ်ခု ဖြစ်သည့် iMyanmar မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက “ပြည်တွင်းမှာ ငွေပိုငွေလျှံရှိတဲ့သူ အများစုက အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာပဲ ရင်းနှီး မြှုပ်နှံကြတဲ့အတွက် ဒီအိမ်၊ ခြံ၊ မြေဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားတာ ဖြစ်တယ်။ အခု အစုရှယ်ယာဈေးကွက်သာ ပေါ်ပေါက်လာမယ်ဆိုရင် ပြည်သူတွေအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအတွက်
ရွေးချယ်စရာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်တဲ့အတွက် အိမ်၊ ခြံ၊ မြေဈေးကွက်ပေါ်မှာ အာရုံစိုက်မှု နည်းသွားလိမ့်မယ်”ဟုဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက်မှာ နိုင်ငံစီးပွားရေးနှင့် ဆက်စပ်နေကြောင်း၊ နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း မပြည့်သည့်အချိန်တွင် အိမ်၊ ခြံ၊ မြေဈေးမှာ ရာခိုင်နှုန်း ၁၀၀၊ ၂၀၀ ဖြင့် မြင့်တက်ခဲ့သည့်အတွက် အိမ်၊ ခြံ၊ မြေဈေးကွက်တွင်ပူဖောင်းပေါက်မည်မှာ
သေချာကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service