လူနေကျဲ ဧရိယာတွေက မြေကွက်လွတ် တွေ အရှုပ်အရှင်းပိုသတိထားရန် လိုအပ်

လူနေကျဲ ဧရိယာတွေက မြေကွက်လွတ် တွေ အရှုပ်အရှင်းပိုသတိထားရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
6 Nov 2015 10:18 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအ၀ယ်ငြိမ်သက်နေတဲ့ကြားထဲမှာ လူနေထိုင်မှု နည်းပါးသေးတဲ့အိမ်ခြံမြေဧရိယာတွေထဲက မြေကွက်
လွတ်တွေအနေ နဲ့ ပိုင်ဆိုင်မှုအရှုပ်အရှင်း ကိစ္စတွေကို
ပိုသတိထားဖို့ လိုအပ်နေကြောင်း မြို့သစ်မှအိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်ဖျား မှာရှိတဲ့ မြို့ကွက်သစ်ဧရိယာဟာ အိမ်ခြံမြေ ဈေးကွက်မှာ တန်ဖိုးနည်းတဲ့အကွက်အကွင်း မှာ အလုပ်လုပ်လိုသူတွေ ထည့်သွင်း စဉ်းစားနိုင်တဲ့ ဧရိယာပဲဖြစ်ပါတယ်။

ဒီလို ဧရိယာထဲက မြေကွက်လွတ်တွေမှာ အလုပ် လုပ်မယ်ဆိုအခန့်မသင့်ရင်ပိုင်ဆိုင်မှုအရှုပ်အရှင်းအတွက်
ခေါင်းခဲစရာဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရနိုင်ကြောင်း သိရပါတယ်။

မြို့ကွက်သစ်ဧရိယာအတွင်း မြေကွက် လွတ် ၀ယ်ယူထားပြီး အိမ်မဆောက်၊ ခြံမခတ်ဘဲ မြေကွက်ကို အလွတ်အတိုင်း ထားထားသူတချို့ဟာ ကိုယ့်မြေနေရာကို တခြားသူ တစ်ယောက်ယောက်က ခြံဝင်းဝင်ခတ်၊အဆောက်အအုံ
ဝင်ဆောက်ထားတာတွေ ကြုံနေရပြီး အရှုပ်အရှင်းဖြေရှင်း ရတာတွေရှိနေကြောင်း မြို့သစ်မှ အိမ်မြေ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေ မကြာခဏကြုံတွေ့နေရပေမယ့် မြို့ကွက်သစ်ဧရိယာတချို့ကို သွားကြည့်ရင် ပိုင်ဆိုင်မှုမခိုင်မာဘဲနဲ့ အရောင်းအ၀ယ်လုပ်ဖို့ ဆွဲဆောင်နေကြတာတွေရှိကြောင်းလည်း
ဈေးကွက်သတင်းတွေအရ သိရပါတယ်။

တကယ်တော့ ပိုင်ရှင်နှစ်ယောက်ဖြစ် နေတာ၊ စာရွက်စာတမ်းတွေ ထပ်နေတာမျိုးက လူနေကျဲတဲ့ ဧရိယာတွေတင်မဟုတ်ဘဲ အခန့်မသင့်တဲ့အခါ ဖွံ့ဖြိုးပြီးဖြစ်တဲ့ အိမ်ခြံမြေ ဧရိယာတွေမှာပါ တွေ့ကြုံ ရတတ်ပါတယ်။

ဒါကြောင့် လူနေသိပ်မရှိ သေးတဲ့ အိမ်ခြံမြေ အကွက်အကွင်းတွေမှာ အလုပ်လုပ်ရင် စေ့စေ့စပ်စပ် အလုပ်လုပ် ထားဖို့ လိုအပ်သလို ပိုင်ဆိုင်မှုခိုင်မာဖို့ အတွက် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး အမည်ပေါက်ဖြစ်အောင်လုပ် တာကအစ ကုန်ကျစရိတ်ကို မငဲ့ဘဲ လုပ်ဆောင်ထားသင့်ကြောင်း အကျိုးဆောင် တချို့က ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ဆူလွယ်နပ်လွယ် အကျိုးအမြတ်အတွက်ဆိုရင် လူနေကျဲပေမယ့် အလားအလာကောင်းရှိနေတဲ့ ဧရိယာတွေမှာလည်း မဖြစ်မနေ တွက်ချက်အလုပ် လုပ်တတ်ဖို့ လိုအပ်ပါတယ်။ အမှားအယွင်းဖြစ်မှာကြောက် ပြီး အလုပ်လုပ်ဖို့ ပစ်ပယ်ထားရင်လည်း မဖြစ်နိုင်တာကြောင့် နားလည်သူတွေရဲ့ အကူအညီကို မဖြစ်မနေယူသင့်ကြောင်း လုပ်သက်ရင့်အိမ်မြေအကျိုးဆောင်တချို့က အကြံပြုပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service