ဆောက်လုပ်ရေး လုပ်ငန်းများကို လာမည့်နှစ်ကစ၍ လုပ်ငန်းကျွမ်းကျင်မှုအဆင့် သတ်မှတ်မည်

ဆောက်လုပ်ရေး လုပ်ငန်းများကို လာမည့်နှစ်ကစ၍ လုပ်ငန်းကျွမ်းကျင်မှုအဆင့် သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
5 Nov 2015 10:31 am တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးကုမ္ပဏီများကို လုပ်ငန်းကျွမ်းကျင် လုပ်ကိုင်နိုင်မှုနှင့်ပတ်သက်၍လာ မည့်နှစ်မှစတင်ကာ အဆင့်ခွဲခြားသတ်မှတ်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေအရ အဆိုပါအစီ အစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ကုမ္ပဏီများတွင် အသုံးပြုသည့် အင်ဂျင်နီယာများ၏ အရည်အ သွေး၊ အသုံးပြုသည့်ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်၍ အဆင့်ခွဲခြားသတ်မှတ် မည်ဖြစ်သည်။

‘‘နောက်နှစ်မှာ ဆောက်လုပ် ရေးလုပ်ငန်းတွေ အကုန်လုံးက စည်ပင်နဲ့ အင်ဂျင်နီယာအသင်း မှာ စာရင်းသွင်းမှ တရားဝင်ဖြစ် လာမယ့်သဘောဖြစ်နေပြီ။ ကုမ္ပ ဏီသေးသေးမွှားမွှားလေးတွေ တော့ အခက်အခဲတွေ့နိုင်တယ်။ ငွေသုံးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုအား ကောင်းတဲ့ ကုမ္ပဏီကြီးတွေ အ တွက် အခွင့်အရေးကောင်းပဲ’’ဟု ဓနမြေဆောက်လုပ်ရေး လုပ်ငန်း ရှင်ဦးမြတ်စိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းထံသို့ ၎င်းတို့၏ သဘောဆန္ဒအရလာရောက်စစ် ဆေးခံသည့် ဆောက်လုပ်ရေး ကုမ္ပဏီ ၄၀ ကျော်ရှိပြီး လာမည့် နှစ်တွင်မူ အင်ဂျင်နီယာကောင်စီ ဥပဒေအရ မြန်မာနိုင်ငံမှ ဆောက် လုပ်ရေးကုမ္ပဏီများစစ်ဆေးခံရ မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ဆောက် လုပ်ရေး လုပ်ငန်းများ ခေတ် ကောင်းလာသည့် ၂၀၁၃-၁၄ နှစ်များက ဆောက်လုပ်ရေးကုမ္ပဏီများမှတ်ပုံတင်သည့်အရေအ တွက်များပြားလာပြီး ၂၀၁၅ တွင် မူ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရာ ခိုင်နှုန်းအများဆုံးပါဝင်သော ကုမ္ပဏီများဝင်ရောက်မှုမှာအားအကောင်းဆုံး ဖြစ်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောသည်။

ယခုကဲ့သို့ အင်ဂျင်နီယာ အသင်း၏ လုပ်ဆောင်ချက်ကို ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအ
နေဖြင့်ကြိုဆိုပြီး ရေရှည်တွင်ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင် သည့်ကုမ္ပဏီများ အားကောင်း လာနိုင်ကာ တစ်ပွဲထိုးဝင်ရောက် လုပ်ကိုင်သည့် ကုမ္ပဏီအရေအ တွက် လျော့ကျသွားနိုင်ကြောင်း Three Friends ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်းရှင် ဦးကိုကို လေးက ပြောသည်။

‘‘ဒီလိုလုပ်တဲ့အပေါ်မှာ အင် ဂျင်နီယာအသင်းနဲ့အတူ ကျွန် တော်တို့ အပြည့်အဝ ပူးပေါင်း သွားမှာပါ။ ကုမ္ပဏီကြီးတွေအနေ နဲ့လည်း ဒီထက်မက အဆင့်သတ် မှတ်ချက်တွေကို ပိုကောင်းလာ အောင်၊ ခိုင်မာလာအောင် လုပ် လာကြလိမ့်မယ်’’ ဟု ဦးကိုကို လေးက ဆိုသည်။

ယခုကဲ့သို့ ဆောက်လုပ်ရေး ကုမ္ပဏီများအား အဆင့်ခွဲခြား သတ်မှတ်လိုက်ပါက ပြည်တွင်း ကုမ္ပဏီများသည် ပြည်ပကုမ္ပဏီ များနှင့်ယှဉ်ပြိုင်ရန် အခက်အခဲ ရှိပြီး နည်းပညာငွေကြေးအသုံးပြု မှုအပိုင်းတွင် များစွာ ကွာခြားသ ဖြင့် အဆင့်သတ်မှတ်ခံရမှု၌ ပြည် ပကုမ္ပဏီများ ဦးစားပေးအဆင့် တွင် ပါဝင်လာနိုင်ကြောင်း လုပ် ငန်းရှင်များက သုံးသပ်နေကြ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service