ရှန်ဟိုင်းအဆင့်မြင့်နေအိမ်ဈေးကွက်မှာ ရောင်းအားနဲ့
ဈေးနှုန်းတွေဟာ အင်တိုက်အားတိုက်ဦးမော့လို့လာနေပြီလို့ Knight Frank နိုင်ငံတကာအိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းက ထုတ်ပြန်ခဲ့ပါတယ်။
ယခုအခါ တရုတ်က သူ့ရဲ့ အငြင်းပွားဖွယ် တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကို ရုပ်သိမ်းကာ စုံတွဲတိုင်းကလေးနှစ်ဦးယူခွင့်ပြုလိုက်တာကြောင့် ထပ်မံလို့ အိမ်ဝယ်လိုအားမြင့်တက်လာနိုင်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ အိမ်ဝယ်လိုအားမြင့်တက်မှုကို ကြိုတင်မျှော်လင့်ထားရမယ်လို့ ၎င်းတို့က ခန့်မှန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်မှာတင် အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ ဧရိယာပေါင်း စတုရန်းမီတာ ၂၃၈၃၁၀ ရှိပြီး အဲ့မတိုင်ခင် သုံးလပတ်ကထက် ၁၈ ဒသမ၈ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
ဈေးနှုန်းတွေလည်း ၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တစ်စတုရန်းမီတာကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၃၉ ဒေါ်လာ မြင့်တက်ခဲ့ပါတယ်။
ဒီဈေးနှုန်းတွေဟာ စတုတ္ထသုံးလပတ်မှာ ၅ ရာခိုင်နှုန်းနဲ့ လာမယ့်နှစ်မှာ ၁၀ ရာခိုင်နှုန်းလောက် ဆက်လက်မြင့်တက်သွားမယ်လို့လည်း Knight Frank က ခန့်မှန်းထားပါတယ်။
ဒီလိုဈေးနှုန်းမြင့်တက်မှုတွေဟာ ရှန်ဟိုင်းက အဆင့်မြင့်နေထိုင်မှုမှာ အာရှရဲ့ ဈေးအကြီးဆုံးမြို့ဖြစ်လာတဲ့ အခြေအနေတစ်ရပ်ကြောင့် ဖြစ်ကြောင်း Wall Street Journalရဲ့မကြာသေးမီကဘလော့တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
အိမ်ငှားခတွေဟာလည်း အဲ့ဒီသုံးလပတ်မှာ တစ်ရက်ကို ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၉ ဒေါ်လာထိ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)