စိမ်းတဲ့မြို့ကြီး

စိမ်းတဲ့မြို့ကြီး - Property News in Myanmar from iMyanmarHouse.com
4 Nov 2015 10:57 am တွင် တင်ခဲ့သည်
1120 ကြိမ် ကြည့်ရှု့ပြီး
ဂျာနယ်လစ်တစ်ဦးဖြစ်သူ လူပျိုကြီး ကိုပေတရာ ရေပုံးတစ်လုံးဘေးချ ကာ မြေကိုတူးဆွလျက် သီချင်း တအေးအေးညည်းရင်း သစ်ပင်ငယ်တစ်ပင်ကို စိုက်ပျိုး နေစဉ်...
အိမ်နီးချင်း ဘွဲ့ရအပျိုကြီး မရွှေစာ ဈေးခြင်း အလွတ်တစ်လုံးကို ဆွဲလျက် ကိုပေတရာ အနားသို့ ရောက်လာသည်။

''စိမ်းသောသစ်ရိပ်အောက်တွင်၊ စိမ်းသော မြက်ခင်းပြင်၊
စိမ်းသောသူ့ဝတ်စုံဆင်၊ စိမ်းကားခြင်းနိမိတ်ပုံများ၊
သမိုင်းစိမ်း မင်းရေးဖွဲ့သွား...''
''ကိုပေတရာကြီး၊ သီချင်းတညည်းညည်းနဲ့ ဘာလုပ်နေတာတုံးရှင့်။ ဒါနဲ့ ရှင့်သီချင်းကလည်း တစိမ်းစိမ်းနဲ့ဆိုတော့ မဟုတ်မှလွဲရော အီလက်ရှင် ကမ်ပိန်းလုပ်ဖို့ လေ့ကျင့်နေတာများလား''
''မဟုတ်ရပါဘူးမရွှေစာရယ်။ ကျွန်တော်ဆိုတဲ့ သီချင်းက ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ 'ဂန္ထဝင်စိမ်း'ပါ။ ရွေးကောက်ပွဲက အရောင်တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ အိမ်ရှေ့မှာ မျက်စိပသာဒလည်းဖြစ်၊ အရိပ် အာဝါသလည်းရအောင် သစ်ပင်စိုက်ရင်းနဲ့ ဖီလင်ဝင် သွားလို့ဆိုနေတာပါဗျ။ ဒါနဲ့ ခင်ဗျားကလည်း တိတ်တိတ်ကလေးနားထောင်နေတာလား''
''ကြံကြီးစည်ရာတော်၊ ဈေးသွားမလို့ ထွက်လာရင်း ရှင့်အသံပြာကြီးကို ကြားလိုက်လို့ပါ။ ရှင် သစ်ပင် စိုက်တာမြင်တော့ အားကျမခံ ကျွန်မတို့ အိမ်ရှေ့မှာလည်း သစ်ပင်စိုက်ဦးမှပဲ။ ဒါမှအိမ်တိုင်း၊ လမ်းတိုင်း၊ စိမ်းလန်းစိုပြည်ပြီး မြို့ကြီးတစ်မြို့လုံး စိမ်းလန်းနေတဲ့ ဂရင်းစီးတီး(Green City)ဖြစ်သွားမှာပေါ့''

''ခင်ဗျားတောင် တော်တော်ဟုတ်လာပြီပဲ။ လူတော်နဲ့ မိတ်ဆွေဖြစ်မိလို့ တိုးတက်လာတာ ထင်ပါရဲ့။ ဒါနဲ့ဂရင်းစီးတီးဆိုတာရော ခင်ဗျားသိလို့လား''
''ရှင်းပြပါ့မယ်ရှင်။ မသိသေးဘူးဆိုရင်လည်း မှတ်စု စာအုပ်ကလေးပါယူပြီး လိုက်မှတ်ထားဦး။ လက်ရှိအခြေ အနေမှာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ မြို့ကြီး ပြကြီးတွေမှာနေတယ်တဲ့။ ဒါ့အပြင်မြို့ပြလူဦးရေဟာလည်း တိုးတက်သထက် ဆက်ပြီးတော့တိုးတက်နေတယ်။ မြို့ပြ လူဦးရေတိုးလာပြီး မြို့ကြီးတွေ ကြီးမားကျယ်ပြန့်လာတာဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အပေါ်မှာ အကျိုး သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူတွေအများကြီး နေထိုင်တဲ့မြို့ကြီးတွေကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ လိုက်လျောညီထွေဖြစ်စေမယ့် စိမ်းလန်းတဲ့ ဂရင်းစီးတီးမြို့ကြီးတွေအဖြစ် ပြုပြင်တည်ဆောက်ဖို့ လိုတယ်တဲ့ရှင့်...သိပြီလား''

''သိပါပြီဗျာ။ အဲဒီလို သဘာဝပတ်ဝန်းကျင်မထိ ခိုက်စေတဲ့ မြို့ကြီးတွေကို အီကိုစီးတီးလို့လည်း ခေါ်တယ် တဲ့ဗျာ။ အဲဒီလိုမြို့ကြီးတွေမှာ နေထိုင်ကြသူတွေအနေနဲ့ လျှပ်စစ်၊ စက်သုံးဆီစတဲ့ စွမ်းအင်တွေ၊ ရေ၊ အစားအစာနဲ့ လွှင့်ပစ်ရမယ့်ပစ္စည်းမျိုး၊ ဥပမာ-အိတ်ခွံ၊ ဘူးခွံ၊ တစ်ခါသုံး ပစ္စည်း စတာတွေကို သုံးစွဲတာ အနည်းဆုံးဖြစ်ရမယ်တဲ့။ နောက်ပြီးတော့ အပူငွေ့တို့၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းစတဲ့ လေထုညစ်ညမ်းမှုတို့၊ ရေထုညစ်ညမ်းမှုတို့ ထွက်ပေါ်တာလည်း အနည်းဆုံးဖြစ်ရမယ်လို့လည်း ဆိုထားတယ်ဗျ''

''မှတ်သားလောက်စရာပါပဲရှင်။ တကယ်လို့ ကျွန်မတို့ နေတဲ့ မြို့ကြီးကိုလည်း စိမ်းလန်းတဲ့ ဂရင်းစီးတီးမြို့ကြီး ဖြစ်လာအောင်လုပ်မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲရှင့်''
''သိချင်သေးတယ်ဆိုရင်လည်း ပြောပြရမှာပေါ့ဗျာ။ မြေကမ္ဘာနေ့ ကွန်ရက်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စိမ်းလန်းမြို့ကြီးများ လှုံ့ဆော်မှုတစ်ခု လုပ်နေတယ်ဗျ။ သူတို့လုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့မြို့ကြီးတွေမှာ မကုန်ခန်းနိုင်တဲ့ စွမ်းအင်တွေ ပိုမိုသုံးစွဲလာဖို့နဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ရပ်ပါတဲ့ဗျ''

''အဲဒီရည်ရွယ်ချက်တွေ ပေါက်မြောက်အောင်မြင် မယ်ဆိုရင် အဲဒီလို မြို့ကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ သန့်လည်းသန့်ရှင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာတဲ့ လူနေမှုဘဝတွေကို ရနိုင်မယ်တဲ့ဗျ''
''စိတ်ဝင်စားစရာပဲနော်၊ အသေးစိတ်လေးလည်း သိသမျှပြောပြပါဦး''
''စိမ်းလန်းတဲ့မြို့ကြီးတွေဖြစ်လာဖို့ သူတို့က အဓိက အချက်ကြီးသုံးချက်ကို စူးစိုက်လုပ်ဆောင်တယ်တဲ့ဗျ။ အဲဒီအချက်သုံးချက်က စွမ်းအင်၊ အဆောက်အအုံတွေနဲ့ ပို့ဆောင်ရေးလို့ ဆိုတယ်။ စွမ်းအင်လို့ ဆိုရာမှာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးအများဆုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်တဲ့ နည်းလမ်းတွေက အလေအလွင့်များတဲ့အပြင် ပတ်ဝန်းကျင်လည်း ညစ်ညမ်းစေသတဲ့။ ဒါကြောင့်မို့ လက်ရှိဓာတ်အားထုတ်လုပ်တဲ့ စနစ်တွေကို ပုံစံပြောင်း ပစ်ဖို့ လိုအပ်သလို မကုန်ခန်းနိုင်တဲ့ ပြန်ပြည့်မြဲ စွမ်းအင်ရင်းမြစ်တွေကို တဖြည်းဖြည်းပြောင်းလဲသုံးစွဲသွားရမယ် လို့ ဆိုတယ်ဗျ''

''ဒုတိယအချက်ဖြစ်တဲ့ အဆောက်အအုံလို့ဆိုရာ မှာလည်း ကမ္ဘာပေါ်မှာရှိရှိသမျှ အဆောက်အအုံတွေထဲက သုံးပုံတစ်ပုံလောက်က ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်တယ်လို့ ဆိုပါတယ်။ စွမ်းအင်လေလွင့်မှုမရှိဘဲ အကျိုးရှိရှိအသုံးပြုနိုင်ဖို့အတွက် အဆောက်အအုံရဲ့ ဒီဇိုင်းတွေ ကောင်းမွန်ဖို့လိုပါတယ်။ ဥပမာအားဖြင့် နေရောင်ခြည် ပေါပေါများများရတဲ့ ကျွန်တော်တို့နိုင်ငံမှာ အဆောက်အအုံ တော်တော်များများက နေ့ခင်းဘက်ကြီး မီးထွန်းနေရတာမျိုးပေါ့။ ဂရင်းဘေလ်ဒင် လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ အဆောက်အအုံတွေ ဆောက်လုပ်လာအောင် ဥပဒေနဲ့လည်း ထိန်းကျောင်းပေးဖို့လိုပါတယ်။ ဂရင်းဘေလ်ဒင်တွေ တည်ဆောက်တာဟာ ငွေကုန်ကြေးကျ ပိုနိုင်ပေမယ့် ရေရှည်မှာ အကျိုးအမြတ်ပိုများလာမှာ သေချာပါတယ်''

''ရှင်ပြောတဲ့ အချက်သုံးချက်ထဲက နောက်ဆုံး အချက်ဖြစ်တဲ့ ပို့ဆောင်ရေးကိုရော သဘာဝပတ်ဝန်း ကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်သင့် သလဲဆိုတာ ပြောပါဦး''
''ကမ္ဘာ့ရာသီဥတုကိုပြောင်းလဲစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အကြီးဆုံးအရင်းအမြစ် လည်းဖြစ်၊ လျင်လျင်မြန်မြန်လည်း ကြီးထွားလာနေတဲ့ အရင်းအမြစ်လည်းဖြစ်တဲ့အရာကတော့ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေပဲတဲ့ဗျ။ ကားတွေက ထုတ်လွှတ်လိုက်တဲ့ အခိုးအငွေ့တွေကနေ စမော့ဂ်လို့ခေါ်တဲ့ မီးခိုးမြူတွေဖြစ်လာတယ်။ လမ်းပေါ်မှာသွားနေတဲ့ကား အရေအတွက်လျှော့ချနိုင်ဖို့ ဘတ်စ်ကား၊ ရထားလို အများသုံးပို့ဆောင်ရေးစနစ် ကောင်းမွန်တိုးတက်လာပြီး လူတိုင်း စီးချင်လာအောင် လုပ်ပေးဖို့လိုတယ်တဲ့ဗျ။ ဒါ့အပြင် မြို့ထဲမှာ လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ လမ်းလျှောက်သွားနိုင်ဖို့ ဒါမှမဟုတ် စက်ဘီးနဲ့ သွားနိုင်ဖို့ လူသွားစင်္ကြံတွေ၊ စက်ဘီးလမ်းတွေ တည်ဆောက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်ဗျာ''

''ရှင်နဲ့စကားပြောရတာ ဗဟုသုတတိုးပွားပါတယ်။ အချိန်လည်း မနည်းတော့ဘူးဆိုတော့ ဈေးအမီပြေးရ ဦးမယ်''
''ဈေးချိန်လည်းမီ၊ အီကိုဖရန်းဒလီးလည်းဖြစ်အောင် ကျွန်တော် စက်ဘီးနဲ့ လိုက်ပို့ပေးမယ်လေ''
''တော်ပါတော့ ကိုပေတရာရယ်။ ကျွန်မဘာသာ ကျွန်မ လမ်းလျှောက်သွားတာ ကျန်းမာရေးလည်း ညီညွတ်၊ အီကိုဖရန်းဒလီးလည်း ဖြစ်တာပဲ မဟုတ်လား။ ကဲ...သွားလိုက်ဦးမယ်နော်''
''ဒါဆိုလည်း တာ့တာ၊ ဘိုင့်ဘိုင်ပဲပေါ့ မရွှေစာ ရေ...''
ပြောပြောဆိုဆိုနှင့်ပင် မရွှေစာ ဈေးဘက်သို့ ဆက်လက်ထွက်ခွာသွားစဉ် ကိုပေတရာ ပီတိမျက်နှာ ကြီးနှင့် ရင်တသိမ့်သိမ့်ခုန်ကာ ကျန်ရစ်လျက်။ ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service