ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်း မာနေဆဲ

ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်း မာနေဆဲ - Property News in Myanmar from iMyanmarHouse.com
4 Nov 2015 9:55 am တွင် တင်ခဲ့သည်
1556 ကြိမ် ကြည့်ရှု့ပြီး
လွန်ခဲ့သည့် သုံးနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက် အနေအထား အလွန်ကောင်းမွန်ခဲ့သော်လည်း
၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ ဈေးကွက်ငြိမ်သက်နေခဲ့ရာ လက်ရှိတွင် သိသိသာသာ
အေးစက်လျက်ရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့်
မန္တလေးမြို့များတွင် အိမ်ခြံမြေအရောင်းအ၀ယ်များ သိသာစွာလျော့ကျသွားခဲ့ပြီး ကွန်ဒို၊
တိုက်ခန်းငှားရမ်းမှုများလောက်သာ အလုပ်ဖြစ်ခဲ့သည်။

ထို့ပြင်၂၀၁၅ခုနှစ်သည် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည့် ရွေးကောက်ပွဲအခြေအနေများကြောင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစု၏ ရင်းနှီးမြှုပ်နှံမှုမှာ စောင့်
ကြည့် အနေအထားများဖြစ်ခဲ့သည့်အတွက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသည်လည်း ပို၍ငြိမ်
သက်ကာ လွန်ခဲ့သည့်ငါးလအတွင်း ဈေးကွက် အတွင်း၌ အိမ်ခြံမြေရောင်းဝယ်မှုမရှိသလောက်အထိ ဖြစ်ခဲ့သည်။

အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအများစုမှာ ငွေကြေးပိုလျှံ
သူများ၏ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည့်အတွက်
လက်တလော ဈေးကွက်
ငြိမ်သက်နေသည့်အနေအထားကို တောင့်ခံ နိုင်သူများရှိသကဲ့သို့ ငွေကြေးလိုအပ်ချက်အရ ရောင်းချရန်လိုအပ်သူများလည်း ရှိနေသည့်အတွက် ဈေးကွက်အတွင်း အရောင်း
အ၀ယ်အချို့ ဖြစ်ပေါ်ခဲ့သည်ဟုလည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ပြီးခဲ့ သည့် အောက်တိုဘာကစတင်၍ တန်ဖိုး မြင့်
လုံးချင်းအိမ်များ၊ ကွန်ဒိုများကို ဈေးချကာ ရောင်းချနေသည့် သတင်းများ ထွက်ပေါ်လာ
ခဲ့သည်။

ယင်းကဲ့သို့ ရောင်းချမှုများရှိသော်လည်း အဆိုပါ အိမ်မြေများ၏ လျှော့ဈေးများမှာ
ဈေးကွက်အတွင်း အမှန်တကယ် ကျဆင်းသွားခြင်းမဟုတ်ဘဲ ယခင်ကအိမ်ခြံမြေ ခေတ်ကောင်းချိန်တွင် ခေါ်ဆိုထားသည့်
ဈေးအမြင့် များကြောင့် ယခုအချိန်တွင် ပုံမှန်ဈေးနှုန်းများဖြင့်
ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

"တကယ်တော့ဈေးချရောင်းတာ မဟုတ် ပါဘူး။ သူတို့က အမြင့်ဆုံးဈေးတွေ ခေါ်ထားကြတော့
အိမ်ခြံမြေဈေးတွေက အဆမတန် မြင့်နေတာ။ အခုလို ဈေးကွက်ငြိမ်နေတဲ့ အချိန်မှာ
ဈေးတွေကို အရင်ပုံမှန်ဈေးကို ပြန်ဖြုတ် ချပြီး ရောင်းကြတော့ ဈေးချပြီး ရောင်းသလို
ဖစ်နေတာ။ တကယ်တော့ ဈေးတွေက မကျပါ ဘူး" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်
ကိုမင်းမင်းစိုးက ပြောသည်။

ဈေးကွက်အတွင်းတွင် သိန်းသောင်းချီတန်သည့် လုံးချင်းအိမ်များကို ဈေးလျှော့ကာ
ရောင်းချနေခြင်းသည် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်း မဟုတ်ဘဲ လုပ်ငန်း
ကောင်းမွန်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိ လာသည့်အတွက် အရောင်းအ၀ယ်ပြန်လည်
စတင်လာခြင်းနှင့်အမြင့်ခေါ်ဈေးများကိုလျော့ကာ
ရောင်းချခြင်းဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

"ရန်ကုန်မှာ အောက်တိုဘာ လကုန်ပိုင်း လောက်ကစပြီး
ကျွန်တော်တို့ဆီကို အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းဖို့အတွက် လာအပ်တဲ့ သူတွေ
ရှိလာပါတယ်။ ဈေးကွက်က တောက် လျှောက်အေးနေပေမယ့်အခုအိမ်ခြံမြေလုပ်ငန်းလုပ်လို့ကောင်းတဲ့အချိန် ပြန်ရောက်လာ တော့ အရောင်းအ၀ယ်လုပ်ဖို့ ပြင်ဆင်လာတဲ့
သူတွေရှိလာပါတယ်။ ဈေးတွေကတော့ ပုံမှန်ဈေးတွေပါပဲ" ဟုLuxuryEstateMyanmarမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။

ယင်းကဲ့သို့တန်ဖိုးမြင့်လုံးချင်းအိမ်များ ရောင်းချမှုရှိလာခြင်း
သည် အောက်ဈေး များဖြင့်အိမ်ခြံမြေများကို ဈေးကွက်တွင် ထုတ်နေခြင်းမဟုတ်ဘဲ ဈေးခေါ်မှုများသာ ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင် မှုအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က
ပြောသည်။

"အခု ဈေးကွက်ထဲမှာလုံးချင်းအိမ်တွေ ပြန်ရောင်းနေတာတွေက ငွေမလည်တဲ့သူ တွေဒါမှမဟုတ် ငွေပိုက်မထားချင်တဲ့သူ လောက်ပဲ ဈေးချရောင်းနေကြတာပါ။ဒါပေမဲ့ ဈေးကို အဆမတန်လျှော့ပြီး အောက်ဈေးတွေ နဲ့ ချရောင်းနေတာတော့ မဟုတ်ပါဘူး။ အိမ်ခြံ မြေက ရင်းနှီးမြှုပ်နှံထားရတာများတော့ တချို့ ကျတော့ တကယ်ရောင်းတာမဟုတ်ဘဲ ဈေးခေါ်ကြည့်တာမျိုးတွေ ရှိတယ်" ဟု ၎င်းက ပြောသည်။

သို့သော် အိမ်ခြံမြေအတွင်း
ငွေမြှုပ်ကာ ငွေလိုအပ်နေသူများမှာ ယခင်နှစ်များနှင့် ယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် လျှော့ချကာ
ရောင်းချမှုများ ရှိနေပြီး ယင်းသို့ရောင်းချသူ ဦးရေးမှာ အိမ်ခြံမြေ ဈေးကွက်အတွင်း နည်းပါးကြောင်း
အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ ဦးဟိန်းဇံက ပြောသည်။

"ဈေးကွက်မကောင်းတဲ့အချိန်မှာ တောင့် ခံမထားနိုင်တဲ့သူတို့၊ ငွေလိုလို့ ဗိုက်နာပြီး
ရောင်းချင်နေတဲ့သူတွေကတော့ အရင်ဈေး တွေထက် ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်
လျှော့ပြီး ရောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း လူတိုင်းမဟုတ်ပါဘူး အများစုကငွေပိုလို့ ဒီမှာလာရင်းနှီးထားတဲ့သူတွေပဲဆိုတော့ တောင့်ခံနိုင်တဲ့သူတွေက များပါတယ်။အဲဒီလိုရောင်းတဲ့သူက ၁၀ ဦးမှာ သုံးဦးလောက်ပဲ ရှိပါတယ်" ဟု ၎င်းကပြော သည်။

ရန်ကုန်အိမ်ခြံမြေသည် ၀ယ်လိုအား မြင့်တက်မှု ကြာရှည်ခဲ့သည့် အလျောက်
ပြန်လည်ဈေးကစားသူများဖြင့်စည်ကားခဲ့သည့် ဈေးကွက်ဖြစ်ခဲ့သည့်အတွက်ဈေးနှုန်း များမှာလည်း လုပ်ငန်းကောင်းခဲ့သည့် ၂၀၁၁ ကစတင်၍ တစ်စတစ်စတက်လာခဲ့ရာ ၂၀၁၄ ခုနှစ်ခန့်တွင် အမြင့်ဆုံးအနေအထားများသို့ ရောက်ရှိခဲ့ပြီး
အရှေ့တောင်အာရှတွင် ဈေးအကြီးဆုံးအိမ်ခြံမြေဈေးကွက်
ဖြစ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်ထိ ရန်ကုန်အိမ်ခြံမြေဈေးကွက်၏၀ယ်လိုအား ရောင်းလိုအား ကျဆင်းနေခဲ့ သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာမာနေ
ဆဲဖြစ်ပြီး ကျဆင်းလာခဲ့သည်ဆိုသည့် သတင်း စကားများမှာ မမှန်ကန်ခဲ့ဘဲ ဈေးခေါ်မှုများ၊ဗိုက်နာသူများ၏ ဈေးချရောင်းမှုများကြောင့် သာ ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်
များကဆိုသည်။

အောက်တိုဘာအတွင်း တန်ဖိုးမြင့် အိမ်၊ ကွန်ဒိုရောင်းချမှုများ၏ဈေးခေါ်ဆိုမှုများ သည် တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်း ၀န်းကျင်မှ ကျပ် ၁၀ သိန်းထိဈေးများရှိသည့် အိမ်ခြံမြေ များရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service