မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြင်း ခြံမြို့တွင် ပထမဆုံးအထပ်မြင့် အိမ်ရာစီမံကိန်းအကောင်အ ထည်ဖော်မည်ဟု မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သ တင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးဝန် ကြီးချုပ်၏ လမ်းညွှန်ချက်အရမြင်း ခြံဒီဂရီကောလိပ်အနီးရှိ စည်ပင် သာယာရေးအဖွဲ့ပိုင်မြေ(၁၂ဒသ မ၂၇)ဧကပေါ်တွင် အထပ်မြင့် အိမ်ရာစီမံကိန်းအကောင်အ ထည်ဖော်ဆောင်မည်ဟု မြင်းခြံ စည်ပင်သာယာရေးအဖွဲ့မှ တာ ၀န်ရှိသူများကပြောသည်။
‘‘မြင်းခြံက မြေနည်းနည်းရှား တယ်ဗျ။ မြို့သစ်တိုးချဲဖို့အတွက် လည်း မြေအခက်အခဲရှိတယ်။ မြို့ ထဲမှာက လူနေသိပ်သည်းမှုများ လာတယ်။ နဂိုကတည်းကလမ်း လေးတွေက ကျဉ်းကျဉ်းလေးတွေ ပါ။ လူနေသိပ်သည်းမှုများလာ တော့ အ ခုလိုအထပ်မြင့်အိမ်ရာစီ မံကိန်းလုပ်တာဟာ ဖြေလျှော့မှု တစ်ခုပဲ’’ဟု မြင်းခြံစည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင် နီယာဦးသူရအောင်ကပြော သည်။
အဆိုပါအထပ်မြင့်အိမ်ရာစီ မံကိန်းကို စည်ပင်က ၄၀ရာခိုင် နှုန်းနှင့်ကုမ္ပဏီက ၆၀ရာခိုင်နှုန်းစ နစ်ဖြင့်အကျိုးတူပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပြီး စည်ပင်ကရရှိသည့် အကျိုးအမြတ်အားလုံးကို မြို့အတွက် ပြန်လည်အသုံးပြု သွားမည်ဟု မြင်းခြံစည်ပင်သာ ယာရေးအဖွဲ့ဝင်အချို့က ပြော ကြားသည်။ အထပ်မြင့်အိမ်ရာစီ မံကိန်းတွင် အနည်းဆုံး ခြောက် ထပ်ပါဝင်မည်ဖြစ်ပြီး လိုအပ် သည့် ပန်းခြံ၊ ရေပေးဝေရေး၊ လျှပ် စစ်မီးအစရှိသည့်စနစ်များလည်း ပါဝင်မည်ဟုသိရသည်။
တိုက်ခန်းများကို ပြည်သူများနှင့် ၀န်ထမ်းများအားငှားရမ်းခြင်း၊ ရောင်းချပေးခြင်းများပြုလုပ် သွားမည်ဖြစ်ပြီး တန်ဖိုးသင့်တင့်မျှတနိုင်ကြောင်း၊ ၂နှစ်အတွင်းအပြီး တည်ဆောက်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာကပြော ကြားသည်။ အဆိုပါစီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက် ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များသည် မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံသို့ ၂၀၁၅ ဒီဇင်ဘာ ၃ရက်အထိ အိတ်ဖွင့် တင်ဒါလျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
Credit: 7daydaily