ဟားခါးမြို့သစ်ကို ဖော်ထုတ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း နေရာချထားမည်

ဟားခါးမြို့သစ်ကို ဖော်ထုတ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း နေရာချထားမည် - Property News in Myanmar from iMyanmarHouse.com
2 Nov 2015 11:03 am တွင် တင်ခဲ့သည်
1031 ကြိမ် ကြည့်ရှု့ပြီး
ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ဟားခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပျက်စီးခဲ့ရပြီး အချို့နေရာများမှာ ဆက်လက်နေထိုင်ရန် မသင့်တော်တော့သည့်အတွက် အန္တရာယ်ဇုန်များ သတ်မှတ်ပေးခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆက်လက်နေထိုင်ရန် မသင့်လျော်၍ အိမ်ရာများ ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် အန္တရာယ်ကင်းဇုန်အဖြစ် သတ်မှတ် ထုတ်ပြန်ထားသည့် ဟားခါး-ဖလမ်းကားလမ်း အထက်ရှိ မြေဧက ၅၂၀ တွင် ဟားခါးမြို့သစ်ကို ဖော်ထုတ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း နေရာချထား ပေးမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လနှင့် သြဂုတ်လ အတွင်းက ဟားခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေပြိုမှုများကြောင့် ဟားခါးမြို့ပေါ်တွင် လူနေအိမ် ၇၃၂ လုံး၊ ကျေးလက်ဒေသတွင် ၁၃၈ လုံး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့ ပြင် ဟားခါးမြို့သစ် ဖော်ထုတ်လျက်ရှိသည့် နေရာများရှိ နေအိမ်အလုံး ၂၀၀ ကျော်ကို လာမည့် ဒီဇင်ဘာလအတွင်း သက်ဆိုင်သူများ လက်လွှဲ ပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု၊ မြေအက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဟားခါးမြို့ဟောင်းနေရာမှာ ဆက်လက်နေထိုင်ရန် လုံးဝမဖြစ်တော့သည့် အတွက် ပြောင်းရွှေ့ရမည်ဖြစ်ပြီး မြို့သစ်နေရာများ မပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ပာားခါးမြို့တွင် အန္တရာယ်ရှိနိုင်သည့် အနေအထားများအလိုက် မြေနေရာများကို ဇုန်အလိုက် သတ်မှတ်ကာ အရေးပေါ် ကာကွယ်ရမည့် လုပ်ငန်းများ၊ ရေရှည်အတွက် ထိန်းသိမ်းရမည့် မြေထိန်းနံရံများ ဆောက်လုပ်နိုင်ခြင်း၊ မြေသား တည်ငြိမ်မှု (Land Stability) ရှိနိုင်ရန်အတွက် ဘူမိဗေဒ ပညာရပ်များကို အသုံးချ၍ နိုင်ငံတကာ အတွေ့အကြုံများကို အခြေခံကာ ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ မြေသား စမ်းသပ်ခြင်း လုပ်ငန်းနှင့် မြေသား ထိန်းချုပ်မှု လုပ်ငန်းများ၊ မြေထိန်းနံရံ တည်ဆောက်ရေးနှင့် ဘူမိ ဗေဒ မြေပုံရေးဆွဲနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ပညာရှင်များက ပာားခါးမြို့တွင် ကနဦး လေ့လာကြပြီး သက်ဆိုင်ရာဒေသခံ တာဝန်ရှိသူများနှင့် ပြည်သူများကိုလည်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service