Doing Business ၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအဆင့်တွင် မြန်မာ ၁၀ ဆင့်တက်

Doing Business ၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအဆင့်တွင် မြန်မာ ၁၀ ဆင့်တက် - Property News in Myanmar from iMyanmarHouse.com
30 Oct 2015 10:57 am တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဘဏ်ကထုတ်ပြန် သော ၂၀၁၆ အတွက် Doing Business စစ်တမ်းတွင်စီးပွားရေး လုပ်ရန် အလွယ်ကူဆုံးအဆင့် သတ်မှတ်ချက်၌ မြန်မာနိုင်ငံက ယခင်နှစ်ထက် အဆင့် ၁၀ ဆင့် တက်လာသော်လည်း အာဆီယံ ဒေသတွင်း နိုင်ငံများတွင်အောက်ဆုံးအဆင့်၌သာ ရပ်တည်နေဆဲဖြစ်သည်။

Doing Business စစ်တမ်း က စီးပွားရေးလုပ်ရန် အလွယ်ကူ ဆုံးအဆင့်သတ်မှတ်ချက်ကိုနိုင်ငံ ပေါင်း ၁၈၉ နိုင်ငံ စာရင်းထုတ် ပြန်ရာ ၂၀၁၅ တွင် မြန်မာနိုင်ငံ သည် အဆင့် (၁၇၇) ရှိပြီး ၂၀၁၆ တွင် (၁၆၇) သို့ မြင့်တက်လာကြောင်း Doing Business ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Doing Business စစ်တမ်း တွင် အဆင့်သတ်မှတ်ရာ၌ စီး ပွားရေးလုပ်ရန် အလွယ်ကူဆုံးကို အဆင့်(၁)ဟုသတ်မှတ်ပြီး စီးပွား ရေးလုပ်ရန် အခက်ဆုံးနိုင်ငံကို အဆင့် (၁၈၉) သတ်မှတ်ထား သည်။

Doing Business စစ်တမ်း တွင် စီးပွားရေးလုပ်ရန် အလွယ် ကူဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ် ပြီး အဆင့် (၁)၌ ရပ်တည်နေ သည်။ အာဆီယံတွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံးဒုတိယနိုင် ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး အ ဆင့် (၁၈)တွင်ရှိသည်။ ထိုင်းမှာ လည်း အဆင့် (၄၉)တွင်ရပ်တည် နေသည်။

ဗီယက်နမ်က အဆင့် (၉၀)၊ ကမ္ဘောဒီးယားနိုင်ငံက (၁၂၇)၊ လာအိုနိုင်ငံက အဆင့်(၁၃၄)တွင် ရှိပြီး မြန်မာသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။

၂၀၁၆ အတွက် စစ်တမ်း တွင် မြန်မာနိုင်ငံကို အဆင့်မြှင့် တင်ပေးရခြင်းသည် ပြည်တွင်း ကုမ္ပဏီများအတွက် အနိမ့်ဆုံး ရင်းနှီးငွေပမာဏကို ပယ်ဖြတ် ပေးခြင်း၊ ရုံးလုပ်ငန်းအဆင့်ဆင့် ကို လျှော့ချပေါင်းစပ်ခြင်း၊ အ သေးစားလုပ်ငန်းများကို အချိန်နှင့် အရင်းအမြစ်များချွေတာပြီးကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးတက်မှုကို ပြုလုပ်နိုင်ခြင်းကြောင့်ဟု ကမ္ဘာ့ဘဏ်သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ သည် အစိုးရအပြောင်းအလဲရှိနေ ပြီး တည်ငြိမ်သော အစိုးရဖြစ်လာ ပါက ကမ္ဘာ့ဘဏ်၏ ကြေညာ ချက်သည် တိုင်းပြည်စီးပွားရေးအတွက် အကျိုးရှိကြောင်း စီးပွား ရေးသမားများက ပြောလာသည်။

‘‘စီးပွားရေးဦးမော့ဖို့အတွက် တွန်းအားတစ်ခုပဲ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ရှင်းပြ သည်။

ယခုကဲ့သို့ အဆင့်တိုးမြှင့် သတ်မှတ်ခြင်းသည် မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ရန် အခက်အ ခဲများ လျော့နည်းသွားသည်ကို ဖော်ပြခြင်းဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော Doing Business စစ်တမ်း သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအ တွက် များစွာအရေးပါသောစစ် တမ်းတစ်ခုဖြစ်သည်။ ၂၀၁၄ က ထုတ်ပြန်သော စစ်တမ်းတွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံးအဆင့်သည် နိုင်ငံ ပေါင်း (၁၈၉) တွင် (၁၈၂) ၌ ရပ်တည်ခဲ့သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service