ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းတွင် နေထိုင်မည့်သူများ အတွက် အ၀ီစိတွင်းရေသာ ပေးဝေနိုင်ဦးမည်ဟုဆို

ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းတွင် နေထိုင်မည့်သူများ အတွက် အ၀ီစိတွင်းရေသာ ပေးဝေနိုင်ဦးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
29 Oct 2015 10:23 am တွင် တင်ခဲ့သည်
1324 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) အတွင်း ဆောက် လုပ်လျက်ရှိသည့် ဧရာဝဏ်နှင့်
ရတနာအိမ်ရာ စီမံကိန်း တိုက်ခန်းများတွင်နေထိုင်မည့်ပြည်သူများအတွက်
လိုအပ်သည့် သောက်ရေ၊ သုံးရေများ ရရှိစေရန် အာမခံချက်များ မပေး နိုင်သေးသည့်
အခြေအနေကြောင့် ယာယီ အနေဖြင့် အ၀ီစိတွင်းများတူးကာ မြေအောက် ရေထုတ်ယူ သုံးစွဲပြီး၊ ရေပေးဝေသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဒေါ်အေးအေးမြင့်ကပြောသည်။

"ရန်ကုန်မှာရှိတဲ့ ပရောဂျက်တိုင်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေရရှိဖို့ လုပ်နေရတယ်။
၂၀၁၈ လောက်ကျမှ စည်ပင်က အပြည့် အ၀ ရေပေးနိုင်မှာဖြစ်လို့ ၂၀၁၈ မတိုင်ခင်
ဆောက်တဲ့ စီမံကိန်းတွေအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေရရှိဖို့ ဖြေရှင်းနေရပါ
တယ်။ ဧရာဝဏ်နဲ့ ရတနာဆိုရင် အခန်းပေါင်း နှစ်သောင်းလောက်ရှိတယ်။ နေမယ့်သူ
လူဦး ရေ တစ်သိန်းလောက်အတွက်တောင် ရေရရှိဖို့အာမခံချက် မရှိသေးဘူး။ ယာယီ
အနေနဲ့ အ၀ီစိတွင်းတူးပြီး ဖြေရှင်းရမှာဖြစ်ပေမယ့် ပဲခူးမြစ်နဲ့နီးနေတော့ ထွက်လာမယ့်
ရေရဲ့အရည်အသွေးအပြင် ရေကြောပြတ်တာတို့ ရှိလာနိုင်တဲ့အတွက် ရန်ကုန်မှာ
ရေနဲ့ပတ်သက် ပြီး စိုးရိမ်ရပါတယ်" ဟု ၎င်းကပြောသည်။

၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ တာကာလအတွင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ အများပြည်သူအတွက် အိမ်ရာ ယူနစ်ပေါင်း တစ်သန်းကို မြို့ပေါင်း ၈၁
မြို့တွင် ဖော်ထုတ်သွားရန် ရည်မှန်းထားသည်။ အောက်တိုဘာ ၂၅ ရက်တွင်
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်း
အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ရေရရှိမှုနှင့်
ပတ်သက်ပြီး ဒေါ်အေးအေးမြင့်က ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်းစီမံကိန်း နှစ်ခုအတွက် ဆောက်လုပ် ရေး ၀န်ကြီးဌာနနှင့် ပြည်တွင်းဆောက်လုပ်
ရေး ကုမ္ပဏီ ၃၁ ခုတို့ပူးပေါင်းကာ ၂၀၁၃ ခုနှစ် က စတင်ဆောက်လုပ်ခဲ့ပြီး ၁၈
ထပ်အမြင့် အဆောက်အအုံ ၄၉ လုံးမှ အိမ်ခန်းပေါင်း ၁၉,၆၀၀ ထွက်ရှိအောင်
ဆောက်လုပ်သွား မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ပထမအဆင့် အဖြစ်
အိမ်ခန်းပေါင်း ၆,၀၀၀ ကိုအများ ပြည်သူတို့ကို စတင်ရောင်းချသွားရန် ရည်
ရွယ်ထားပြီး အခန်းတစ်ခန်းလျင် ၆၀၀ စတုရန်းပေ ကျယ်ဝန်းကာ အခန်းတစ်ခန်းလျှင်
ကျပ်သိန်း ၆၀၀ နှင့် ၇၀၀ ၀န်းကျင်ခန့် ကျသင့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
လမ်းများ၊ ဆေးရုံ၊ ကျောင်း၊ ဈေး၊ ပန်းခြံ များ၊ ကားဂိတ်များ ပါဝင်ထည့်သွင်း
တည်ဆောက်ထားသည့် ယင်းအိမ်ရာစီမံကိန်း နှစ်ခုတွင် နေထိုင်မည့် ပြည်သူများ
အတွက် လျှပ်စစ်မီးရရှိရန် အခက်အခဲမရှိသော်လည်း ရေရရှိနိုင်ရေးအတွက်ကိုမူ
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရေဖြန့်ဖြူး ပေးနိုင်ခြင်း မရှိသေးသဖြင့်
မြေအောက်ရေ ထုတ်ယူသုံးစွဲကာ ရေရရှိရေးအတွက် ဖြေရှင်း ဆောင်ရွက်ပေးသွားရန်
စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါ်အေးအေးမြင့်က
ပြောသည်။

ယင်းအိမ်ရာစီမံကိန်းနှစ်ခု အနီးကပ်လျက် တည်ရှိနေသည့် လူနေထူထပ်သည့် တန်ဖိုး
နည်း အိမ်ရာစီမံကိန်းများဖြစ်သည့် ယုဇန ဥယျာဉ်မြို့တော်အိမ်ရာ၊ စစ်တောင်းအိမ်ရာ
စီမံကိန်းများတွင် နေထိုင်သည့် ပြည်သူများ အတွက်သက်ဆိုင်ရာ ကုမ္ပဏီများက
အ၀ီစိတွင်းများ တူးကာ ခေတ်အဆက်ဆက်တွင် ရေပြဿနာများကို ဖြေရှင်းပေးနေသော်
လည်း ပဲခူးမြစ်နှင့် လွန်စွာနီးကပ်နေခြင်း၊ ထွတ်ရှိ လာသည့် မြေအောက်ရေများမှာလည်း
သောက်သုံးရန် ခက်ခဲသည့် အရည်အသွေး ရှိသည့် အတွက်ကြောင့် အခြားသော
ရပ်ကွက် များက လာရောက်ရောင်းချသည့် ရေများကို ၀ယ်ယူသောက်သုံးနေရသည့်အပြင်
အ၀ီစိတွင်းရေများမှာလည်း ချိုးရေအဖြစ်သာ အသုံးပြု၍ရကြောင်း ယုဇနဥယျာဉ်မြို့တော်
Block B တွင် နေထိုင်သည့် ဦးဝင်းမြင့် က ပြောသည်။

"ကျွန်တော်တို့ စည်ပင်ဆီက
ပိုက်နဲ့ရေရ တာ သုံးလလောက်ပဲရှိသေးလို့ အခုမှ အသက် ရှူချောင်တယ်လို့ ပြောရမယ်၊
နေလာ တာ ၁၉၉၈ ခုနှစ်ကတည်းကပါ၊ ကျွန်တော်တို့ ယုဇနကော၊ စစ်တောင်းအိမ်ရာဘက်မှာ
ကော အဲဒီနေရာတစ်ခုလုံးမှာ အ၀ီစိတွင်းရေ က ထုံးဓာတ်များလို့ ချိုးဖို့ပဲရတယ်။ အဲဒီ
တစ်ကြောလုံးမှာ သောက်လို့ရတဲ့ အ၀ီစိတွင်း ရေကိုမကြားဖူးပါဘူး"ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့နေ ပြည်သူလူထုအတွက်
လှော်ကား၊ ဖူးကြီး ၊ ငမိုးရိပ်နှင့် လဂွမ်း ပြင် ရေပေးဝေရေး စီမံကိန်းများမှ နေ့စဉ်
ရေဂါလန် သန်းပေါင်း ၂၀၀ ခန့်ဖြန့်ဖြူးပေးနေ သော်လည်း အလုံအလောက်ဖြန့်ဖြူးပေး
နိုင်ခြင်း မရှိသေးဘဲ မြို့နေလူဦရေ၏ သုံးပုံ တစ်ပုံခန့် စည်ပင်မှ ဖြန့်ဖြူးပေးနေသည်။

လုံလောက်အောင်ရေရရှိခြင်းမရှိသေးသည့် အခြေအနေကြောင့်လည်း ရေပေးဝေရေး
စီမံကိန်းသစ်များကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထပ်မံတည်ဆောက်
လျက်ရှိနေသည်။ "လဂွမ်းပြင်ရေပေးဝေရေး စီမံကိန်းပြီးရင် တော့ နောက်ထပ် ရေဂါလန်
သန်း ၄၀ ထပ်ပြီး ပေးဝေနိုင်မှာပါ၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက
ရပ်ကွက်တွေ၊ အိမ်ရာတွေကိုပါ ရေပေးဝေနိုင် တော့မှာပါ "ဟု ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့
သည့် ရန်ကုန်တိုင်းဒေသကြီး၏ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်ရန်ကုန်
မြို့တော်ဝန် ဦးလှမြင့်က တင်ပြခဲ့သည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service