၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ကာလအတွင်း ဝင်ငွေ နည်း ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများကို အဓိကထား၍ တန်ဖိုးနည်းအိမ်ရာ များကို တစ်နိုင်ငံလုံးအတိုင်းအတာ အထိ ဖြည့်ဆည်း တည်ဆောက်ပေး လျက်ရှိ သည့်အပြင် ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများအတွက် တန်ဖိုး သင့်အိမ်ရာများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း၍ တန်ဖိုးမြင့် အိမ်ရာများ တည်ဆောက်ဖြည့်ဆည်းပေးခဲ့သည်။
ထိုသို့တည်ဆောက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင် ပန်း တန်ဖိုးနည်းအိမ်ရာများအနေဖြင့်အပိုင်း (၁) ၆ ခန်းတွဲ ၄ ထပ် ၃၂ လုံး ပေါင်း ၇၆၈ ခန်း၊ အပိုင်း (၂) ၈ ခန်းတွဲ ၄ ထပ် ၁၆ လုံးပေါင်း ၄၉၆ ခန်း၊ အပိုင်း (၃) ၆ ခန်းတွဲ ၄ ထပ် ၂၁ လုံး ပေါင်း ၅ဝ၄ ခန်းစုစုပေါင်း ၁၇၆၈ ခန်း။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ၁၄ ရပ်ကွက် တန်ဖိုးနည်းအိမ်ရာများအနေဖြင့် ၄ ခန်းတွဲ ၃ ထပ် ၅ လုံး ပေါင်း ၆ဝ ခန်း၊ ၄ ခန်းတွဲ ၄ ထပ် ၇ လုံးပေါင်း ၁၁၂ ခန်း၊ ၈ ခန်းတွဲ ၄ ထပ် ၁၄ လုံးပေါင်း ၄၄၈ ခန်း စုစုပေါင်း အခန်း ၆၂ဝ။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တန်ဖိုးသင့်အိမ်ရာများအဖြစ် အပိုင်း (၁) ၆ ခန်းတွဲ ၃ ထပ် ၈ လုံးနှင့် ၄ ခန်းတွဲ ၃ ထပ် ၇ လုံးပေါင်း ၂၂၈ ခန်း၊အပိုင်း (၂) ၄ ခန်းတွဲ ၄ ထပ် ၉ လုံး ပေါင်း ၁၄၄ ခန်း စုစုပေါင်း ၃၇၂ ခန်း။
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၅၁)လမ်း အကျိုးတူအိမ်ရာ စီမံကိန်းအဖြစ် ၁၂ ထပ်ခွဲ (B,C) ၂ လုံး၊ ၁၅ ထပ်ခွဲ (A,D) ၂ လုံး၊ မူလနေ ၂၂၄ ခန်း၊ ဌာနအခန်း ၁၆ဝ၊ ကုမ္ပဏီ ၁၄၂ ခန်း စုစုပေါင်း ၅၂၆ ခန်း။
မန္တလေးတိုင်းဒေသကြီး မြရည်နန္ဒာ တန်ဖိုးသင့်အိမ်ရာများအဖြစ် ၄ ခန်းတွဲ ၄ ထပ် ၂၇ လုံးပေါင်း ၄၃၂ ခန်း။
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ စိတ္တရမဟီဝန်ထမ်းအိမ်ရာ အဆင့် မြှင့် တင်ခြင်းအဖြစ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံး၊ ၄ ခန်းတွဲ ၇ ထပ် ၁ လုံး၊ ၄ ခန်းတွဲ ၉ ထပ် ၂ လုံး၊ ၄ ခန်းတွဲ ၁ဝ ထပ် ၁ လုံး စုစုပေါင်းအခန်း ၁၄ဝ။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မနောသုခတန်ဖိုးသင့်အိမ်ရာများ အဖြစ် ၄ ခန်းတွဲ ၆ ထပ် ၁၈ လုံး၊ ၄ ခန်းတွဲ ၃ ထပ် ၁၂ လုံး စုစုပေါင်း ၄၄၄ ခန်း။
မကွေးတိုင်းဒေသကြီး ချမ်းမြေ့သာယာ တန်ဖိုးနည်းအိမ်ရာများအဖြစ် ၈ ခန်းတွဲ ၄ ထပ် ၉ လုံး ၂၈၈ ခန်း၊ ၄ ခန်းတွဲ ၃ ထပ် ၄ လုံး ၃၈ ခန်း စုစုပေါင်း ၃၂၆ ခန်း။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဝန်ထမ်းအိမ်ရာများအဖြစ် ၂ ခန်းတွဲ ၂ ထပ် ၁လုံး၊ ၄ ခန်းတွဲ ၂ ထပ် ၁လုံး၊ ၄ ခန်းတွဲ ၄ ထပ် ၁ဝလုံး၊ ၆ ခန်းတွဲ ၂ ထပ် ၁ လုံး စုစုပေါင်း ၁၈၄ ခန်း။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဝန်ထမ်းအိမ်ရာများအဖြစ် ၄ ခန်းတွဲ ၄ ထပ် ၅ လုံး၊ ၄ ခန်းတွဲ ၂ ထပ် ၁ လုံး၊ ၆ ခန်းတွဲ ၂ ထပ် ၃ လုံး၊ ၂ ခန်းတွဲ ၂ ထပ် ၂ လုံး စုစုပေါင်း ၃၇၆ ခန်း။
ပြည်ပအကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းစီမံကိန်းများ
ထိုင်းနိုင်ငံအစိုးရ ကူညီသည့် လမ်းစီမံကိန်း
Department of Highway (Thailand) ၏ အကူအညီအထောက်အပံ့ (Grant) ဖြင့် မြဝတီ-သင်္ကန်းညီနောင် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြင်ဆင် တည်ဆောက်ခြင်း လုပ်ငန်း နှင့် သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းသစ် ဖောက်လုပ်ခြင်း လုပ်ငန်းများကို ၂ဝ၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၃ဝ-၈-၂ဝ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါလမ်းအား လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
Neighbouring countries Economic Development Association (NEDA) ၏ အကူအညီအထောက်အပံ့ဖြင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၏ ဘုရားသုံးဆူမှ ချောင်းဆုံအထိ လမ်းပိုင်း(၈)မိုင်အား အဆင့်မြှင့်တင်ရန်၊ ဘုရားသုံးဆူ မြို့ရှောင်လမ်း လမ်းအသစ်ဖောက်လုပ်ရန်နှင့် Border Control Facility လုပ်ငန်းဆောင်ရွက်ရန်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှု (Feasibility Study)အား ၂၆-၂-၂ဝ၁၄ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့သည်။
အိန္ဒိယနိုင်ငံအစိုးရ ကူညီသည့်လမ်းစီမံကိန်း
အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် -ပူတာအို လမ်းနှင့် ကညင်တန်း-အလယ်သံကျော်-အငူမော်လမ်းတို့အတွက် လမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှု (Feasibility Study)ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက် သွားမည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် ကူညီသည့်လမ်းစီမံကိန်း
အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB) ၏ အကူအညီ အထောက်အပံ့ဖြင့် မအူပင်-ကျိုက်လတ်-ဖျာပုံလမ်း ပြန်လည် တည်ဆောက် ခြင်းအတွက် ဖြစ်နိုင်စွမ်းလေ့လာမှု (Feasibility Study) ဆောင်ရွက်ခဲ့ရာ ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင် တိုးတက်ပြုပြင်ခြင်းအတွက် ဖြစ်နိုင် စွမ်း လေ့လာမှုမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော လမ်းအရည်အသွေးစီမံခန့်ခွဲမှုစနစ် အတိုင်း လမ်းများကို စီမံခန့်ခွဲနိုင်ရန် (Developing the Asset Management Program for Myanmar Roads) စီမံကိန်းကို ADB ၏ နည်းပညာ အကူ အညီ ဖြင့် ဆောင်ရွက်လျက်ရှိရာ ၆၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။ ကျန်ရှိသော အပိုင်း အား ADB အကူအညီဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းများ၏ လမ်းအခြေအနေကို Roadroid ဖြင့် တိုင်းတာပြီး လမ်းများ စီမံခန့်ခွဲမှုစနစ် HDM-4 ကိုအသုံးပြု၍ လမ်းသက်တမ်းအလိုက် ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျစရိတ်များဆန်းစစ်၍ လမ်းပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်သွားရန်အတွက် Data Based အစီအစဉ် ကိုဆောင်ရွက်လျက် ရှိပါသည်။
ကိုရီးယားနိုင်ငံအစိုးရ ကူညီသည့် လမ်းစီမံကိန်း
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းများ၏ လမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက် စေ ရန် Korea International Cooperation Agency (KOICA)၏ နည်းပညာ အကူအညီဖြင့် (Master Plan for Arterial Road Network Development in Myanmar) လုပ်ငန်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
လမ်းများအား လက်ရှိကျင့်သုံးနေသော (Naming System)ဖြင့် အမည်ပေး သတ်မှတ်ခြင်းမှ ယခုအခါ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော (Numbe ring System) သို့ ပြောင်းလဲသတ်မှတ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိ သည်။
နှစ်ရှည်ပင်မစီမံကိန်းအရ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား သည့် အဓိကအသက်သွေးကြောလမ်းမကြီးများဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းအပါအဝင် အရှေ့-အနောက်လမ်းမကြီး ခုနစ်ခုနှင့် တောင်-မြောက် လမ်းမကြီး ငါးခု (7Œ 5 Expressway) ၊ Main Arterial Road Network အဖြစ် အရှေ့အနောက်လမ်းမကြီး ခြောက်ခု၊ တောင်မြောက် လမ်းမကြီး ၁၂ ခု (6 Œ 12 Main Arterial Road )နှင့် Sub Arterial Road Network များအဖြစ် ဆောင်ရွက်သွားရန် ရေးဆွဲလျက်ရှိသည်။
JICA (ODA) ချေးငွေဖြင့် ဆောင်ရွက်သည့် လမ်းလုပ်ငန်းများ
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan International Cooperation Agency-JICA) မှ ချေးငွေဖြင့် လမ်း ၁၄ လမ်းကို လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက် လျက်ရှိပြီး ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ်တွင် Pilot Project အနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး-ဝါးဘလောက်သောက်-သရက်တောလမ်းနှင့် မကျီးကန်-ငှက်အော်စမ်း-ကျိုက်ထော်လမ်းတို့ကို စတင်ဆောင်ရွက်ခဲ့ရာ မကျီးကန်-ငှက်အော်စမ်း-ကျိုက်ထော်လမ်းမှာ ၁ဝဝ ရာခိုင်နှုန်း လုပ်ငန်းများ ပြီးစီးပြီဖြစ်သည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် JICA ချေးငွေဖြင့် လမ်း ၁၂ လမ်းကို တင်ဒါခေါ်ယူ၍ လုပ်ငန်းများဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက် သွားမည် ဖြစ်သည်။
တံတားကြီးပေါင်း ၉ဝ တည်ဆောက် ၂ဝ၁၁ ခုနှစ်တွင် မမြချောင်းတံတား၊ နန့်ခွင်တံတား၊ အောက်နတ်ချောင်း တံတား၊ မြို့ချောင်းတံတား၊ နဂါးပေါက်ချောင်းတံတား၊ စစ်တောင်းတူးမြောင်း တံတား၊ ကျားထူးတံတား၊ ဧရာဝတီမြစ်ကူးတံတား (ညောင်တုန်း)၊ ဧရာဝ တီမြစ်ကူး တံတား (ပခုက္ကူ)၊ ဘုန်းတော်ပြည့်တံတားနှင့် ပြင်ရွာချောင်း တံတား စုစုပေါင်း တံတား ၁၁ စင်း တည်ဆောက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် ရဲနွယ်ချောင်းတံတား၊ ဧရာဝတီမြစ်ကူးတံတား (စင်း ခန်း)၊ ပေပင်မြစ်ကူးတံတား၊ ရွှေချောင်းတံတား (၁)၊ တုံဟုံးတံတား၊ နမ့်ပန်ချောင်း တံတား၊ ငလိုက်ချောင်းတံတား၊ စစ်တောင်းတံတား (နတ်သံကွင်း)၊ ကျောက်အိုက်ချောင်းတံတား၊ လှိုင်းဘွဲတံတား၊ စွန်ချောင်း တံတား (တောင်တွင်းကြီးမြို့သစ်လမ်း)၊ သဲဖြူချောင်းတံတားနှင့် သုံးခွချောင်း တံတား တို့အပါအဝင် စုစုပေါင်း တံတား ၁၉ စင်း တည်ဆောက်ခဲ့သည်။
၂ဝ၁၃ ခုနှစ်တွင် တုံစီတံတား၊ ဧရာဝတီမြစ်ကူးတံတား(မလွန်)၊ မိချောင်းရဲ တံတား၊ ဘူးရိုးချောင်းတံတား၊ အမ်းချောင်းတံတား၊ လွှာချောင်း တံတား၊ ဟောင်သရောတံတား၊ ရတနာသိင်္ခတံတား၊ ဆိပ်ကြီးခနောင်တို တံတား၊ ကျုံကူး တံတား၊ ရုံးပင်ချောင်းတံတား၊ ခွန်နန်းချောင်းတံတား၊ အကျော်တံတား၊ ကျုံတနီး တံတား၊ ပေါက်စိန်ကျချောင်းတံတား၊ ဆင်သေ တံတား၊ မိုးစစ်ချောင်း တံတားနှင့် ကင်းချောင်းတံတားတို့ အပါအဝင် စုစုပေါင်းတံတား အစင်း ၄ဝ တည်ဆောက်ခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် မူးမြစ်ကူးတံတား (ပင်လယ်ဘူး)၊ ဝါးရဲချောင်းတံတား၊ ရေ နံချောင်းတံတား၊ ပွန်ချောင်းတံတား (ဘောလခဲ)၊ သီရိမင်္ဂလာတံတား (လွိုင်ကော်)၊ ဘုရင့်နောင်တံတား (အမှတ် -၂)၊ အမှတ် (၂) ရေပြာတံတား၊ ဘိုကလေးတံတား၊ ဆင်ခုံတိုင်တံတားနှင့် စွန်ရဲတံတား စုစုပေါင်းတံတား ၁၂ စင်း တည်ဆောက်ခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် ဟိုင်းကြီးကျွန်းတံတား၊ ထန်းပင်ကုန်းတံတား၊ သံလွင် တံတား(ဖားဆောင်း)၊ ဆမီးကြိုးတံတား၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတား၊ မဒေါက်ကလေးတံတား၊ အမှတ်(၁) ပေါက်တံတား(အုန်းတော)၊ ကော့ပေါ အင်း တံတားနှင့် ဧရာဝတီတံတား(ထီးချိုင့်) စုစုပေါင်း တံတား ကိုးစင်း တည်ဆောက်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းတံတားများ၊ အိမ်ရာ စီမံကိန်းများအပြင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Credit: MOI Webportal Myanmar