ဟားခါးမြို့ သဘာဝဘေး သင့်နေအိမ်များအား ဒီဇင်ဘာလ အတွင်း မြို့သစ်တွင် နေရာချ ထားပေးသွားမည်

ဟားခါးမြို့ သဘာဝဘေး သင့်နေအိမ်များအား ဒီဇင်ဘာလ အတွင်း မြို့သစ်တွင် နေရာချ ထားပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
28 Oct 2015 11:39 am တွင် တင်ခဲ့သည်
1172 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်အဆောက်အအုံ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းထွန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စည်ကားသိုက်မြိုက်စွာဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ဟားခါးမြို့ မြို့ကွက်သစ် ဖော်ထုတ်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ရှင်းလင်းဆောင်၌ မြို့သစ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ကုမ္ပဏီများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး ဦးငွန်ဆန်းအောင်က ဟားခါးမြို့သစ်၌ ဘေး သင့်ပြည်သူများ ပြန်လည်နေရာချထားရေး အစီအမံများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မြို့သစ်ထပ်မံတိုးချဲမည့် စီမံကိန်း ဆိုင်ရာများကို လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဟားခါး မြို့သစ် ပြန် လည်နေရာချထားရေး၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပါဝင်ဆောင် ရွက် နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ဟားခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း မြေပြိုမှုများကြောင့် ဟားခါးမြို့ပေါ်တွင် လူနေအိမ် ၇၃၂ လုံး၊ ကျေးလက်ဒေသ တွင် ၁၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါ သဘာဝဘေးသင့်မှုအခြေအနေ များကြောင့် ဆက်လက်နေထိုင်ရန် မသင့်လျော်သည့်အိမ်ရာများ ပြန်လည် နေရာချထားပေးနိုင်ရေးအတွက် အန္တရာယ်ကင်းဇုန်အဖြစ် သတ်မှတ်ထုတ်ပြန်ထားသည့် ဟားခါး-ဖလမ်း ကားလမ်းအထက်ရှိ မြေဧက ၅၂ဝ တွင် ဟားခါး မြို့သစ်ကို ဖော် ထုတ်ဆောင် ရွက်ခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း နေရာချထားပေး သွားမည်ဖြစ် သည်။ နေအိမ် အလုံး ၂ဝဝ ကျော်အား လာမည့် ဒီဇင်ဘာလအတွင်း သက်ဆိုင်သူများလက်သို့ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများသည် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ကွန်ကရစ်ပတ်လမ်းခင်းဆောင် ရွက်နေမှုများကိုလည်းကောင်း၊ ကလေး - ပြင်သာလမ်း (ပေ- ၅ဝဝဝ) ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကလေးမြို့နယ် အတွင်း ပြန်လည်တည် ဆောက်ပေးရန်ရှိသည့် လုံးချင်းအိမ် ၃၅၈ လုံးအနက် ၁၈၅ လုံး တည်ဆောက် ပြီးစီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကလေးမြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဒီဇင်ဘာ လအတွင်းပြီးစီးရေး ဆောင်ရွက်နေ မှုများအပေါ် တာဝန်ရှိသူများနှင့် ဆွေးနွေး သည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ချင်းပြည်နယ်ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဟားခါးမြို့ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး စီမံကိန်းပြီးစီးမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူး ဦးထလာဟရဲက ဟားခါးမြို့သန့် ရှင်းသော သောက်သုံးရေရရှိရေး ဆိုင်ရာများကိုလည်းကောင်း၊ မြန်မာ့အလှ ကုမ္ပဏီစီမံကိန်းတာဝန်ခံက ဟားခါးမြို့ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ဟားခါးမြို့အနောက်မြောက် ဘက်ရှိ တီးမစ်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် တီးမစ်တမံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်း များနှင့် ဟားခါးမြို့တွင်း သန့်ရှင်းသည့်သောက်သုံး ရေ ဖြန့်ဖြူးပေးဝေ မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က တမံတည်ဆောက်ရေးလုပ်ငန်းများ၊ သန့်ရှင်းသောသောက် သုံးရေပေးဝေ ဖြန့်ဖြူးရေးလုပ်ငန်းဆိုင်ရာများ၊ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၌ စနစ်တကျစီမံဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဟားခါးမြို့ သစ်ရှိ ရေစစ်ကန်တည်ဆောက်နေမှုနှင့် တီးမစ်တမံတည်ဆောက်ရေး လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးသည်။ ဟားခါးမြို့တွင် တစ်နှစ်ပတ်လုံး သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး၊ စိုက်ပျိုး လယ်ယာမြေများ ရေဖြန့်ဝေပေးနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကာကွယ် တားဆီးနိုင်ရေးတို့အတွက် ဟားခါးမြို့အနောက်မြောက်ဘက် ၆ မိုင်အကွာရှိ တီးမစ်ချောင်းတွင် တမံတည်ဆောက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ် တမံသည် အမြင့် ၅၄ ပေ၊ အလျား ၁၉၆ ပေရှိပြီး ကန်ရေပြည့်ရေလှောင် ပမာဏမှာ ၁၆၈ ဧကပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service