ဖြတ်ထုတ်၊ ခွာချော စနစ်နဲ့ ပြုပြင်ထိန်းသိမ်းနေရဆဲဖြစ်တယ့် ရန်ကုန် ရှေးဟောင်းအဆောက်အအုံ များ

ဖြတ်ထုတ်၊ ခွာချော စနစ်နဲ့ ပြုပြင်ထိန်းသိမ်းနေရဆဲဖြစ်တယ့် ရန်ကုန် ရှေးဟောင်းအဆောက်အအုံ များ - Property News in Myanmar from iMyanmarHouse.com
27 Oct 2015 10:17 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာလှည်ခရီးသွားတွေ နိုင်ငံတကာ ကိုလှည့်လည် သွားလာတဲ့ အခါမှာ အရင်ဆုံးသူတို့မေးတဲ့ မေးခွန်းကတော့ သူတို့သွားလည်မယ့် နိုင်ငံရဲ့အကြောင်း ၊ ထူးခြားချက် ၊ ထင်ရှားတဲ့ သမိုင်းဝင် အဆောက်အအုံတွေ အကြောင်း ၊ ၀င်ရောက်ကြည့်ရှု့ခွင့် ရမရ ဆိုတာကို ဦးစွာစုံစမ်းမေးမြန်းပြီးမှ သာ အဒီနိုင်ငံကို သွားလာလည်ပတ်ကြတယ့် အတွက် နိုင်ငံတကာ ခရီးသွားတွေအေဂျင်စီတွေရဲ့ကြော်ငြာတွေ ထဲမှာ သက်ဆိုင်ရ နိုင်ငံရဲ့သမိုင်းဝင် အဆောက်အအုံတွေအကြောင်းကို ထည့်သွင်းဖော်ပြပြီး ဆွဲဆောင်တာ အားလုံး အသိဘဲ ဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် တစ်နှစ်မှာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်တာ မနှစ်က စာရင်းဇယားတွေအရ ၁၄ သန်ျးကျော်ဝင်ရောက်ခဲ့ပြီး ၁၀ သန်းကျော်က ရှေးဟောင်းအမွေအနှစ် လက်ရာတွ အဆောက်အအုံ အများစုရှိတဲ့ အယုဒယ မြို့ကို သွားရောက်ကြည့်ရှု့လေ့လာခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ထိုင်းစီးပွားရေး ရဲ့ ၃၅ ရာခိုင်နှုန်းနီးပါး ကိုခရီးသွားလုပ်ငန်းက ရတယ့်လို့စစ်တမ်းတွေမှာ ဖော်ပြထားတယ့် အတွက် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရဲ့တန်ဖိုး၊ ထိန်းသိမ်းသင့်မသင့် ဆိုတာကို ခန့်မှန်း တွက်ချက်ကြည့်လို့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှေးဟောင်းအမွေအနှစ်လက်ရာ တွေ အများအပြားရှိတယ့် ပုဂံ ၊ မန္တလေး မြို့တွေကိုအချိန်ပေးပြီးမှ သွားရောက်ကြည့်ရှု့ရတယ့် အခြေအနေကြောင့် အလုပ်ကိစ္စနဲ့လာတယ့် နိုင်ငံခြားသားတွေ ၊ စီးပွားရေး လုပ်ငန်းတွေ အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ နဲ့လာရောက်တွေ့ဆုံပြီး အချိန်အများကြီး မဖြုန်းနိုင်တယ့်ပြည်ပက ဧည့်သည်တွေ အတွက်ကျတော့ ရန်ကုန်မြို့တော်က သမိုင်းဝင်အဆောက်အအုံတွေ ၊ ဘုရားစေတီတွေကို သွားရောက်လည်ပတ်ကြည့်ရှု့ကြတာ ပိုမိုများပြားလာတယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီတွေ ကပြောပြပါတယ်။

မြို့တော်စည်ပင်က ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံ ၁၈၉ လုံးရှိပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ၊ ပုဂလိက ပိုင်အဆောက်အအုံတွေ အပြင် ၊ အစိုးရ၀န်ကြီးဌာနအသီးသီးမှ အသုံးပြုနေကြတာ ဖြစ်ပါတယ်၊ လတ်တလော အနေဖြင့် ၁၀ ခုထက်မပိုတဲ့အဆောက်အအုံတွေကိုသာ ပြည်တွင်းပြည်ပ ကဧည့်သည်တွေလာရောက်ကြည့်ရှု့နိုင်တယ့်အခြေအနေရှိပါတယ်။

လေ့လာစရာနည်းတယ့် အတွက်ကြောင့်လည်း အနုပညာလက်ရာတွေ အမြောက်အများ ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောခဲ့တယ့် သမိုင်းဝင် ရန်ကုန်မြို့တော်ခန်းမကြီးကို ပြည်တွင်းပြည်ပ ဧည်သည်တွေ လာရောက်ကြည့်ရှု့လေ့လာနိုင်ဖို့အတွက် စည်ပင်ကော်မတီဝင် အမှတ် ၇ ဦးခင်လှိုင်ဇောတိက က နေ ရုံးလုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်ပြီး အများပြည်သူလေ့လာနိုင်အောင်လို့ ၀င်ကြေးအခမဲ့ စနစ်နဲ့ ဖွင့်လှစ်ပေးဖို့ ဇန်န၀ါရီလ ကတည်းက ကော်မတီဝင် အစည်းအဝေးမှာ တင်ပြထားခဲ့ပေမယ့် အောက်တိုဘာလ အထိ ပြန်လည်အကြောင်းပြန်ကြားတာ မရှိပါဘူး။

ပြုပြင်ထိန်းသိမ်းမှု့တွေ အတွက်လည်း သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းတွေ နဲ့ အစိုးရဌာနတွေက သက်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ခေါင်းစဉ်အောက် က ရတယ့် ငွေကြေး အနည်းငယ်နဲ့ သာ ထိန်းသိမ်းရတယ့်အတွက် ကြောင့်လည်း အနုပညာလက်ရာတွေကိုမထိခိုက်မပျက်စီးအောင်ပြပြင်တာ ဆိုတာထက် လတ်တလော လူနေထိုင်ဖို့ ၊ ရုံးခန်းဖွင့်ထားနိုင်ဖို့ အတွက် ပြင်ဆင်နေကြတာကို ဘဲတွေ့နေရပါတယ်။
ပြည်ထောင်စု လွှတ်တော်က အသစ်ပြဌာန်းလိုက်တယ့် ဥပဒေ သစ်အရ ရှေးဟောင်း အမွေအနှစ်အဆောက်အအုံ အဖြစ် သတ်မှတ်ဖို့ အနည်းဆုံး နှစ် ၁၀၀ သက်တမ်းရှိဖို့လိုသလို တစ်ဖက်မှာလည်း နှစ် ၁၀၀ မပြည့်သေးသော်လည်း သမိုင်းတန်ဖိုး အရအရေးပါတယ့် အဆောက်အအုံတွေကိုလည်း ရှေးဟောင်း အမွေအနှစ်စာရင်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဥပမာ ၁၉၂၅ ခုနှစ်မှာ စည်သူ ဦးတင်ဆောက်လုပ်ခဲ့တယ့် ရန်ကုန်မြို့တော်ခန်းမ လို အဆောက်အအုံမျိုးတွေပါ။

နှစ် ၁၀၀ သက်တမ်းထိ ရှိလာပြီ ဖြစ်တယ့် လူနေအဆောက်အအုံတွေကိုလည်း ရန်ကုန်မြို့ အနှံ့ အထူးသဖြင့်ကမ်းနားလမ်း ၊ ပန်းဆိုးတန်း၊ ဗိုလ်အောင်ကျော်လမ်း တစ်လျှောက် အန်ာရထာနှင့် မဟာဗန္စုလလမ်းတစ်လျှောက်မှာ အနှံ့အပြား တွေ့မြင်နေရပြီး လတ်တလော ပြုပြင်ထိန်းသိမ်းမှု့အနေနဲ့လည်း ပုဂလိကပိုင် အဆောက်အအုံ တွေ ကအများစုဖြစ်နေတယ့် အတွက် အခန်းပိုင်ရှင်တွေ စုစည်းပြီး တစ်ခါတစ်ရံမှာတော့ ခွာချောလို့ ခေါ်တယ့် အဆောက်အအုံ အပြင်ဘက်က ဆေးတွေခြစ်ခွာထုတ်ပြီး ဆေးပြန်သုတ်တယ့် အလုပ်ကို လုပ်လေ့ရှိတယ့် အတွက် အဆောက်အအုံ အပြင်ဘက် အတွင်းဘက်တွေက ရှေးဟောင်း အနုပညာ လက်ရာတွေလည်း ပျောက်ကွယ်သွားနိုင်တယ်လို့ အခန်းပိုင်ရှင်တွေ ကတစ်ညီတစ်ညွတ်တည်း ဆိုကြပါတယ်။

ပုဂလိက ပိုင် ရှေးဟောင်းအဆောက်အအုံတွေ ၊ အစိုးရရုံး တွေက သုံးနေတယ့် ရှေးဟောင်းအဆောက်အအုံတွေဆိုရင် အခုချိန်ထိ ပျက်စီးယိုယွင်းတဲ့ နေရာ လောက်ကို ကွက်ပြီး ပုံမှန် လက်သမား ၊ ပန်းရံကိုဘဲ ခေါ်ပြီး ပြုပြင်ဖားထေးတာတွေ ၊ ဆေးသုတ်တာတွေ လောက်သာ လုပ်နေပြီး အမှန်တကယ် ရှေးဟောင်းအဆောက်အအုံ တွေကိုပြုပြင်ထိန်းသိမ်းဖို့ အတွက် တက်ကျွှမ်းတယ့် ပညာရှင်တွေနဲ့ လုပ်ဖို့ဆိုတာ အလှမ်းဝေးနေဆဲဖြစ်တယ်လိုနေထိုင် အသုံးပြုသူတွေက ဆိုပါတယ်၊ ကြံ့ခိုင်အားနည်းတဲ့ ယက်မတွေ ၊တန်းတွေကို ဖြတ်ထုတ် ပြီး ပြန်အစားထိုးတာ ၊ ပေါက်နေတယ့် နေရာတွေကို အင်္ဂတွေတွေနဲ့ ချောတာ တွေလောက်ဘဲ လုပ်နိုင်တယ့် အနေအထားရှိလို့ မြို့ထဲကပန်ရံလက်သမား လောကမှာလည်း ဖြတ်ထုတ်လား ၊ ခွာချော ဆိုတဲ့ စကားလုံး အသစ်တွေတောင် ပေါ်လာပါတယ်။

ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေသစ်အရလည်း နောက်ပိုင်းမှာ အဓိက တာဝန်ရှိတယ့် ယဉ်ကျေးမှု့ ၀န်ကြီးဌာန က ရှေးဟောင်းအဆောက်အအုံတွေမှာ နေထိုင်တယ့် ပိုင်ရှင်တွေ ၊ အစိုးရဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြင်ဆင်ပေးဖို့ ပြဌာန်းထားပေမယ့် အဒိအဆင့်ထိရောက်ဖို့အချိန်အတော်ကြာ ယူရအုံမှာဖြစ်ပါတယ် ။ံ
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ အဆောက် အအုံတွေ ၊ လေ့လာလည်ပတ်ဖို့ကောင်းတယ့်စိတ်ဝင်စားဖွယ်ရာ နေရာတွေ မရှိရင်တော့ ဘယ်လောက်ဘဲုကြော်ငြာကောင်းကောင်းနဲ့ ဆွဲဆောင်ပါစေ အလုပ်ဖြစ်မှာမဟုတ်လို့ တန်ဖိုးထားပြီး ထိန်းသိမ်းသင့်သလို သမိုင်းအမွေအနှစ်အရ အရေးပါတယ့် အဆောက်အအုံတွေ ကို ထိန်းသိမ်းတာကလည်း အမျိုးသားရေး အတွက်အင်မတန်အရေးကြီးတဲ့ အခြေအနေဖြစ်တယ့် အတွက်ကြောင့် နိုင်ငံတိုင်းလိုလိုမှာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေ တွေကို ပြဌာန်းထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှေးဟောင်းအဆောက်အအုံတွေ ကိုထိန်းသိမ်းဖို့ အတွက် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေ ပြဌာန်းခဲ့ပြီးဖြစ်ပေမယ့် နောက်ဆက်တွဲ တကယ်အလုပ်လုပ်နိုင်တယ့် နည်းဥပဒေကို ထပ်မံရေးဆွဲနေဆဲ ကာလဖြစ်ပါတယ်။ ရှေးဟောာင်းအဆောက်အအုံ လို့ဆိုလိုက်တာနဲ့ ဘယ်လိုအဆောက်အအုံမျိုးကို ရှေးဟောင်းအဆောက်အအုံလို့သတ်မှတ်တာလဲ ၊ ဘယ်လိုအရည်အချင်းနဲ့ ကိုက်ညီဖို့လိုတာလည်း ၊ ဒီရှေးဟောာင်းအဆောက်အအုံ ဟောင်းတွေကနေ တိုင်းပြည်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်ထွန်းနိုင်ပါသလဲ ၊ ဘယ်လိုနည်းစနစ်တွေနဲ့ ပြုပြင်ထိန်းသိမ်းနေပါသလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာရှိနေတယ့် အပြင် အင်မတန်ကျယ်ပြန့်တယ့် နယ်ပယ်ကြီး တစ်ခုလို့ပြောနိုင်ပါတယ်။

ဒါ့အပြင် ဒီလိုရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းရတယ့် အင်ဂျင်နီယာနည်းပညာကလည်း သာမန်ဆောက်လုပ်ရေးနည်းစနစ်တွေ ထက်ကို တော်တော်လေး မြင့်မြင့်မားမားရှိသလို ကုန်ကျစရိတ်ကလည်း မသေးလှပါဘူး၊
ကမ္ဘာထိပ်တန်း နိုင်ငံကြီးတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှာတောာ့ ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းတဲ့နည်းညာ ရပ်တွေ အတွက် ကျွမ်းကျင်အဖွဲ့အစည်းတွေ အများအပြားရဲ့အကြံညာဏ် ရယူပြီးမှ ပြုပြင်ကြတာ ဖြစ်ပါတယ်၊ ပြင်ဆင်စရိတ်ကြီးတဲ့ လုပ်ငန်းမျိုးဖြစ်တာကြောင့် အရေးကြီးတဲ့သမိုင်းဝင်အဆောက်အအုံတွေကို အစိုးရဘတ်ဂျတ်နဲ့ ပြင်ဆင်ရသလို ၊ တစ်ချို့အဆောက်အအုံတွေကိုလည်း ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး အဒိကရတယ့် ၀င်ငွေတွေ နဲ့ ပြုပြင်ကြတာရှိပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service