ရန်ကုန်အိမ်ခြံမြေဈေး ကွက်သည် ပွင့်လင်းရာသီရောက်လာသော်လည်း ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေမှုကြောင့် ဒေသအလိုက် တန်ဖိုးကျပ်သိန်းထောင်ဂဏန်း ခြံမြေအနည်းငယ်သာ အရောင်းအ၀ယ်ရှိကြောင်း သတင်းရရှိသည်။
လက်ရှိအိမ်ခြံမြေဈေးကွက် တွင် ကျပ်သိန်း ၁,၀၀၀ မှ ၅,၀၀၀ ကြားခြံမြေကွက်အချို့သာ အ ရောင်းအ၀ယ် အနည်းငယ်ရှိ ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း ပိုင်ရှင်ဦးသန်းဦးကပြောသည်။
ယခင်နှစ်များက ပွင့်လင်းရာ သီ၌ အိမ်ခြံမြေဈေးကွက်သည် အရောင်းအ၀ယ်လှုပ်ရှားမှုရှိလာ သော်လည်း ယခုနှစ်တွင် တရုတ် နိုင်ငံမှ လာဘ်ပေးလာဘ်ယူတိုက် ဖျက်ရေးနှင့် ငွေကြေးစီးဆင်းမှု များစောင့်ကြည့်နေခြင်း၊ ရွေး ကောက်ပွဲရလဒ် အခြေအနေကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ မှ စောင့်ကြည့်နေခြင်းတို့ကြောင့် ဈေးကွက်အေးနေခြင်းဟု ပို့ကုန် သွင်းကုန်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက် အ ရောင်းအ၀ယ်အေးနေခြင်းကြောင့် ရန်ကုန်မြို့ရှိ အသစ်ဆောက်လုပ် ပြီးစ တိုက်ခန်းဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်း လာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက ပြော သည်။
‘‘ကိုယ်ပိုင်ငွေနဲ့တည်ဆောက် မှုတွေတော့ရှိနေသေးတယ်။ ဒါ ပေမဲ့ ကြိုပွိုင့်ရောင်းပြီး ဆောက် တဲ့သူတွေတော့ ဒီအချိန်မှာမလုပ် နိုင်ကြတော့ဘူး’’ဟု Three Friend ဆောက်လုပ်ရေးကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးကိုကို လေးကပြောသည်။
၂၀၁၅ နှစ်ဆန်းပိုင်းမှစ၍ ရွေးကောက်ပွဲ အခြေအနေကို ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ် ငန်းရှင်များက စောင့်ကြည့်မှု၊ မြန် မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုကျဆင်း လာမှုတို့အပြင် တရားမ၀င် ၀ယ် ရောင်းဈေးကွက် ပြိုလဲမှုတို့ ကြောင့် တိုက်ခန်းဈေးများ ကျ ဆင်းရခြင်းဟု အိမ်ခြံမြေအကျိုး ဆောင်အချို့ကထောက်ပြသည်။
Credit: 7daydaily