ဘေးသင့်ဒေသရှိ အိမ်ထောင်စု (၆၄)စုအတွက် ယာယီတဲများ ဆောက်လုပ်ပေး

ဘေးသင့်ဒေသရှိ အိမ်ထောင်စု (၆၄)စုအတွက် ယာယီတဲများ ဆောက်လုပ်ပေး - Property News in Myanmar from iMyanmarHouse.com
23 Oct 2015 10:17 am တွင် တင်ခဲ့သည်
1690 ကြိမ် ကြည့်ရှု့ပြီး
ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်၊ မော်ချီးဒေသတွင် မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာဒေသများတွင် ကျန်ရှိနေသေးသည့် ဘေးသင့်အိမ်ထောင်စု (၆၄)စုအတွက် ယာယီတဲများ ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း ဖားဆောင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။

“ကျောင်းပြန်ဆောက်ဖို့ရယ်၊ နေအိမ် ပြန်ဆောက်ဖို့ရယ် ဆောင်ရွက်နေပါတယ်။ အိမ်ထောင်စု (၆၄)စုပဲ ကျန်ပါတော့တယ်။ ဒေသခံ ပုံစံ-၁၀ ပေါက်တဲ့သူတွေရော၊ ရပ်ဝေးကနေလာပြီး လတ်တလော မပြန်နိုင်တဲ့ သူတွေရောပါတယ်။ အခုက တစ်နေရာတည်းကို ပြန်ပြီး စုစည်းလိုက်တဲ့ သဘောပါပဲ။မြေနေရာ ချထားပေးဖို့အတွက် အတည်တကျထားဖို့ မြေနေရာကတော့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

မော်ချီးဒေသတွင် တားမြစ်ဧရိယာ အဖြစ် (၁၃) ကုန်းတောင်ပေါ်၊ အောင်ချမ်းသာ၊ ဇီးပင်ကွေ့ ရတနာအောင်မြေ စသည့် နေရာများကို အန္တရာယ်ရှိသည့် နေရာများအဖြစ် သတ်မှတ်ထားပြီး တောင်ပေါ်ရှိ လုပ်သား အိမ်ထောင်စုဝင်များကို ပြောင်းရွှေ့ နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

“တားမြစ် ဧရိယာဆိုတာက တောင်ပြိုထားတယ်။ ထပ်ပြီးမိုးရွာတဲ့ အချိန်တွေမှာ မြေတွေက အက်နေတာတွေ ရှိတယ်။ဒါကြောင့် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတယ်။ သတ်မှတ်ထားပြီး သတ္တုတွင်း ၀န်ကြီးဌာနကို ပြည်နယ်အစိုးရ ကနေပြီးတော့ ဒါကိုဆက်လုပ်ရင် အန္တရာယ်ရှိနိုင်လား၊ မရှိနိုင်လားဆိုတာ ဘူမိဗေဒအဖွဲ့တွေက ကွင်းဆင်းလာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

မော်ချီး အခြေခံပညာ အထက်တန်းကျောင်း၊ ဆေးရုံဟောင်းနှင့် လိုခါးလိုကျေးရွာ နှစ်ခြင်းဘုရားရှိခိုးကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများမှ ဘေးသင့် အိမ်ထောင်စုများအား မော်ချီးကျေးရွာ အုပ်စုရှိ (၁၆)ကုန်းရွာသို့ တစ်စုတစ်စည်းတည်း ပြောင်းရွှေ့ကာ ယာယီတဲများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service