ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ဆက်စပ်သောစီမံကိန်း များကို ရွေးကောက်ပွဲအပြီး သုံး လအတွင်းမှသာ ပြန်လည်စတင် နိုင်မည်ဟု ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဒုတိယဝန်ကြီး ဦးဟံ စိန်က ပြောသည်။
‘‘coming force က ရွေး ကောက်ပွဲပြီးလောက်မှ စနိုင်မှာ ပါ။ ကြာဦးမှာပါ။ ရွေးကောက်ပွဲ ပြီးပြီးချင်းတောင် မစနိုင်သေးဘူး။ ကြာဦးမှာ။ သုံးလလောက်ကြာနိုင် သေးတယ်’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။
မြန်မာနိုင်ငံထားဝယ်ရေ နက်ဆိပ်ကမ်း၊ ထားဝယ်အထူးစီး ပွားရေးဇုန်တို့နှင့် ထိုင်းနိုင်ငံကန် ချနာဘူရီပြည်နယ်တို့နှင့် ချိတ် ဆက်ထားသော လေးလမ်းသွားကားလမ်း အဆင့်မြှင့် စီမံကိန်း ကို နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ အပြီးတွင် စတင်မည်ဟု ထိုင်းအစိုးရ ဖြေကြားထားသောသတင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ဖြေ ကြားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ ဆင်စီရီက အဆိုပါကားလမ်းအ ဆင့်မြှင့်တင်မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲအပြီးတွင် တည် ဆောက်သွားရန် မျှော်လင့်ထား သည်ဟု ဘန်ကောက်ပို့စ်သတင်း စာအား ဖြေကြားထားသည်။
အရှည် ၁၄၅ ကီလိုမီတာရှိ သောအဆိုပါလေးလမ်းသွားကား လမ်းကို အဆင့်မြှင့်တင်မည် ဆို ပါက ယခင်လေးနာရီကြာချိန် အစား နှစ်နာရီသာ ကြာမြင့်မည် ဟု သတင်းရရှိသည်။
ယခုဖောက်လုပ်ထားသော လေးလမ်းသွားကားလမ်းသည်
မြေသားလမ်းအဖြစ်သာ ဖောက် လုပ်ထားပြီး မိုးရာသီတွင် ခရီး လမ်းကြမ်းတမ်းသည်။အဆိုပါ လေးလမ်းသွားကားလမ်း အဆင့် မြှင့်တင်ပြီးပါက တစ်နှစ်ပတ်လုံးသွားလာနိုင်တော့မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေး ဇုန်၏ပထမအဆင့် စီမံကိန်းအ ကောင်အထည်ဖော်ရေးတွင် မြန် မာနှင့်ထိုင်း နှစ်နိုင်ငံခေါင်းဆောင် များ နေပြည်တော်၌ ယခုနှစ်လယ် တွင် လက်မှတ်ရေးထိုးခဲ့သည်။
နှစ်နိုင်ငံကိုယ်စားပြု ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့သည် ဆက်စပ် စီမံကိန်းများကို အကောင်အ ထည်ဖော်ရန် လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီ လီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပ ထမအဆင့် စီမံကိန်းတွင် ရေနံ ဓာတုပစ္စည်းလုပ်ငန်းများ၊ ကြီး မားသော ကုန်ထုတ်လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။
ပထမအဆင့်စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ခြင်းမရှိသေး သော်လည်း နောက်စီမံကိန်းများ တွင် ပါဝင်လာမည်ဖြစ်သော ကြောင့် ထားဝယ်အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သော သုံးပွင့်ဆိုင်စာ ချုပ်ကို ဖြည့်စွက်ဆွေးနွေးခဲ့သည် ဟု သတင်းရရှိသည်။
Credit: 7Daydaily