မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်အတူ သက်ဝင်လှုပ်ရှားလာသည့် မြန်မာအထူးစီးပွားရေးဇုန်များ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်အတူ သက်ဝင်လှုပ်ရှားလာသည့် မြန်မာအထူးစီးပွားရေးဇုန်များ - Property News in Myanmar from iMyanmarHouse.com
22 Oct 2015 9:54 am တွင် တင်ခဲ့သည်
1080 ကြိမ် ကြည့်ရှု့ပြီး
သိမ်မွေ့ညင်သာသော မြန်မာ့နိုင်ငံ ရေး အပြောင်းအလဲအပေါ် အမေရိကန်အပါအဝင်ကမ္ဘာ့နိုင်ငံကြီး များက စံပြဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ်အသွင် ရှုမြင် သုံးသပ်လာကြသည်။
တစ်ဆက်တည်းမှာပင် ဒိုမီနို သီအိုရီသဘောအရ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် မူတည်၍ အာရှ၏ နောက်ဆုံးစီးပွားရေး စားကျက်အဖြစ်ရှုမြင်ကာ ရင်းနှီးမြှုပ်နှံ မှုများကို စတင်ဆောင်ရွက်ရန် ကြိုးပမ်းလာကြသည်။

၂ဝ၁၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု များကို ပြန်လည်သုံးသပ်ပြီး ပိတ်ဆို့မှုအချို့ကို ဧပြီလအတွင်း စတင်ရုပ်သိမ်းပေးခဲ့သည်။

အမေရိကန်နိုင်ငံကလည်း အကူ အညီပေးနိုင်ရေးအတွက် ပိတ်ပင်မှု အချို့ကို စတင်ရုပ်သိမ်းပေးခဲ့သည်။ ပိတ်ဆို့မှုများအနက် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုများမပြုလုပ်ရန် တားမြစ်ချက် များကို မေ ၁၇ ရက်မှစတင် ဖြေလျှော့ပေးခဲ့သည်။
ဥရောပသမဂ္ဂကလည်း မြန်မာ့ ကုန်ပစ္စည်းများ အီးယူသို့ တင်ပို့ ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့် နှင့် ကန့်သတ်မှုကင်းလွတ်ခွင့်များကို ပြန်လည်ပေးအပ်ကြောင်း ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ တတိယပတ် အတွင်း ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံဘက်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ပြဋ္ဌာန်း ပေးနိုင်ခဲ့ရာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ သည့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ခဲ့ သည်။
ထိုသောအခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ကိုင် ရန် ချိတ်ဆက်ဆောင်ရွက်မှုရှိလာ၍ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က အာရှ၏ နောက်ဆုံးစီးပွားရေး စားကျက်သို့ သွက်လက်သောခြေလှမ်း တို့ဖြင့် ဝင်ရောက်လာကြသည်။

ရေရာသေချာလာသည့် သီလဝါ
၂ဝ၁၂ ခုနှစ် ဧပြီ ၂၁ ရက် တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပ သည့် စတုတ္ထအကြိမ် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့အကြား နှစ်နိုင်ငံစီးပွား ရေး ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းမှ သီလဝါအထူးစီးပွား ရေးဇုန် စီမံကိန်းစိတ်ကူးအိပ်မက်သည် စတင် ပေါ်ပေါက်လာသည်။

ထို့နောက် သီလဝါအထူးစီးပွားရေး ဇုန် ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းလွှာ (MoC) လက်မှတ်ရေးထိုးမှုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ နှစ်ဖက် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံတည်ဆောက် ရန် နားလည်မှု သဘောတူစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးခြင်းကို ၂ဝ၁၃ ခုနှစ် မေ ၂၅ ရက်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေး မြန်မာနိုင်ငံခရီးစဉ်အတွင်း သီလဝါဆိပ်ကမ်း၌ လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်၍ သီလဝါအထူးစီးပွား ရေးဇုန် ရင်းနှီးတည်ဆောက်ရန် ဖက်စပ်ကုမ္ပဏီဖွဲ့စည်းရန် သဘော တူညီချက် (JV Agreement) လက်မှတ်ရေးထိုးခြင်းကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဂျပန် နိုင်ငံတိုကျိုမြို့၌ လည်းကောင်း၊ စီမံကိန်းတည်ဆောက်ခြင်း လုပ်ငန်း စတင်သည့် အခမ်းအနားကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ လည်း ကောင်း ကျင်းပခဲ့သည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက် အရောက်တွင်မူ သီလဝါ အထူး စီးပွားရေးဇုန် ပထမအဆင့်စီမံကိန်း ကို မြန်မာ-ဂျပန် နှစ်နိုင်ငံတို့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဟက်တာ၂၄ဝဝကျယ်ဝန်း သည်။
စီမံကိန်းပထမအဆင့်အဖြစ် ၃၉၆ ဟက်တာကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဧရိယာ အတွင်း လူနေနှင့်စီးပွားရေးဧရိယာ ၃၅ ဟက်တာလည်း ပါဝင်သည်။ စီမံကိန်း ပထမအဆင့်အတွက် အမေရိကန်၊ ဆွီဒင်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ သြစတြေးလျနှင့် အရှေ့ တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၇ ခု လုပ်ကိုင်ခွင့်ရရှိထားသည်။
လက်ရှိတွင် စီမံကိန်းပထမအဆင့် ဧရိယာအတွင်း ကုမ္ပဏီ ၁၃ ခုမှာ ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးပါက မြန်မာတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နှစ်သိန်း ခန့် ဖော်ဆောင်နိုင်မည်ဟု တာဝန်ရှိသူ တို့က ခန့်မှန်းတွက်ချက်ထားသည်။
လတ်တလောအားဖြင့် သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စတင်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် တစ်စုလျှင် ကျပ်တစ်သောင်းဖြင့် အများပြည်သူသို့ရောင်းချခဲ့သော မူလ အစုရှယ်ယာများမှာ တစ်စုလျှင် ငွေကျပ် လေးသောင်းခန့်အထိ ဈေးတက်သွားသည်။

၂ဝ၁၄ ခုနှစ် မတ် ၃ ရက်မှစပြီး ၉ ရက်အထိ ရောင်းချခဲ့သော အစုရှယ်ယာများကို အများပြည်သူ ၁၈ဝဝဝ နီးပါးက ဝယ်ယူရန် အဆိုပြု ခဲ့ပြီး ရှယ်ယာတန်ဖိုးကျပ် ဘီလီယံ ၄ဝ ကျော်အထိရှိခဲ့ကာ အစုရှယ်ယာ စုစုပေါင်း ၂ ဒသမ ၁၄၅ သန်းကို ရောင်းချခဲ့သည်။

သီလဝါပြီးတော့ ထားဝယ်
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိုမူ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် ၁၇/၂ဝ၁၁ ဖြင့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထားဝယ် အထူး စီးပွားရေးဇုန်ဥပဒေမှတစ်ဆင့် စတင် သန္ဓေတည်ခဲ့ခြင်းဖြစ်ရာ သီလဝါထက် ပိုစောသော အထူးစီးပွားရေးဇုန်ဖြစ် သည်။

သို့တစေ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း၊ စက်မှုနယ်မြေ တည်ထောင်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းများ ဖောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် လိုင်း များ၊ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ရေနံ ပိုက်လိုင်းများသွယ်တန်းခြင်း၊ လူနေ ရပ်ကွက်များ၊ အပန်းဖြေစခန်းများ၊ အခြေခံအဆောက်အအုံများ တည် ဆောက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များဆောင်ရွက်ခြင်း စသည့် စီမံကိန်း လုပ်ငန်းအဆင့်ဆင့်ပါဝင်၍ လုပ်ငန်း ပမာဏ ကြီးမားကျယ်ပြန့်သည်နှင့် အမျှ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ကြန့်ကြာမှုများ ပေါ်ပေါက်လာသည်။ မူလ မြန်မာ-ထိုင်းနိုင်ငံတို့အပြင် တတိယနိုင်ငံ ဂျပန်ပါဝင်ရန် ဆက်လက် ဆွဲဆောင်နေရပြန်၍ ထားဝယ်ပြီးမှ သီလဝါအစား သီလဝါ ပြီးမှ ထားဝယ်အခြေအနေသို့ ပြောင်းပြန်ဆိုက်ရောက်သွားသည်။

ပစ္စက္ခတွင်မူ မြန်မာ-ထိုင်း-ဂျပန် နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တန်ချိန် တစ်သောင်းခွဲခန့်ရှိသည့် သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်ပြီး ဖြစ်ကာ ကုန်လှောင်ရုံများနှင့် ဆိပ်ကမ်း အဝင်/အထွက် သောင်တူး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ် မည့် မိုင် ၉ဝ ခန့်ရှိ နှစ်လမ်းသွား မော်တော်ကားလမ်းကို မြေသားလမ်း အဆင့် ဖောက်လုပ်ထားပြီး လမ်း အဆင့်မြှင့်တင်ရန် ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိသည်။

ကနဦးစီမံကိန်းတွင်စက်မှုဇုန်ဧက ၇ဝဝဝ ခန့်ကို အပိုင်းလိုက်တည်ဆောက် သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ မြို့ပြလုပ်ငန်းနှင့် တယ်လီဖုန်းလိုင်း တည်ဆောက်ရေးလုပ်ငန်းများကို ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
၂ဝ၂၅ ခုနှစ်တွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော် လာပါက ဒေသခံပြည်သူ သုံးသိန်း ခန့်ကို အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးနိုင်မည်ဟု တာဝန် ရှိသူများက တွက်ချက်ခန့်မှန်းထား သည်။

ထားဝယ်ပြီးတော့ ကျောက်ဖြူ
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နာယကခေတ်တွင် စတင်စီစဉ် ဆောင်ရွက်ခဲ့သည်။ ပထမအဆင့် ဖြစ်သည့် စိတ်ကူးစီမံချက်ရေးဆွဲသည့် လုပ်ငန်းစဉ်ကိုJapan Development Institute (JDI) ပညာရှင်များ၊ ဇုန်အကြံပေးအဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့ပေါင်းစုံကို ပါဝင်သည့် အဖွဲ့များ က ကျောက်ဖြူမြို့သို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာခဲ့သည်။

ဒေသခံပြည်သူများနှင့် မိတ်ဖက် အဖွဲ့ပေါင်းစုံ၏ အကြံပြုချက်များနှင့် သဘောထားများရယူပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဟဇာတဖြစ်သော ရေရှည်တည်တံ့ သည့် စီးပွားရေးဖြစ်ထွန်းမှုနှင့် အလုပ် အကိုင်အခွင့်အလမ်း ရရှိရေးအပါ အဝင် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ် ထွန်းလာနိုင်မည့်စိတ်တူစီမံချက်တစ် ခုကို ရေးဆွဲခဲ့သည်။

ဒုတိယအဆင့်အဖြစ် အကြံပေး ကုမ္ပဏီကို တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ၂ဝ၁၃ သြဂုတ်မှ ၂ဝ၁၄ ဖေဖော်ဝါရီအထိ အကောင် အထည်ဖော်ခဲ့သည်။
တတိယအဆင့်အဖြစ် ရင်းနှီး တည်ဆောက်သူ(Developer)များ ကို အိတ်ဖွင့်တင်ဒါခေါ်ယူပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

၂ဝ၁၄ တွင် အကြံပေးကုမ္ပဏီများ က ကျောက်ဖြူခရိုင်တစ်ခုလုံး လွှမ်းခြုံနိုင်မည့် မဟာစီမံချက်ကို လေ့လာရေးဆွဲခဲ့ရာ ကနဦးအဆိုပြု ချက်အနေဖြင့် အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးနိုင်ရေး၊ ဒေသခံ များ၊ နိုင်ငံသားများပါဝင်လုပ်ဆောင် ခွင့်ရရေး၊ ရေနက်ဆိပ်ကမ်းကို အခြေ ပြုသော ကုန်ထုတ်လုပ်ငန်းများ၊ အဆင့်ဆင့်ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ၊ သိုလှောင်သယ်ပို့ရေး အပိုင်းကို ဦးစားပေးသည့်ထောက်ပံ့ ပို့ဆောင်နိုင်သည့်လုပ်ငန်းများ ပါဝင် နိုင်သော လုပ်ငန်းအမျိုးအစားများကို စုစည်းကာ ရေနက်ဆိပ်ကမ်းရင်းနှီး တည်ဆောက်သူ၊ ဆောက်လုပ်ရေး နှင့်ဆိုင်သည့် ပစ္စည်းများထုတ်လုပ် သည့် စက်ရုံများ၊ အထည်အလိပ် လုပ်ငန်းနှင့်ဆိုင်သည့် စက်မှုလုပ်ငန်း များ၊ စက်မှုဥယျာဉ် ရင်းနှီး တည်ဆောက်သူနှင့် လူနေအိမ်ရာများ ဆောက်လုပ် ရင်းနှီးတည်ဆောက်သူ စသဖြင့် တင်ဒါ သုံးခုခွဲ၍ ခေါ်ယူ မည့် မဟာစီမံချက်မူကြမ်းတွင် ယခင် စိတ်ကူးစီမံချက် ပထမအဆင့်၌ ဧက ၁ဝဝဝ စတင် အကောင်အထည်ဖော် ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော် လည်း ၂ဝ၁၄ ခုနှစ်တွင် ပထမအဆင့် ၌ ဧက ၄ဝဝဝ ခန့်အထိ တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် အထူးစီးပွားရေး ဇုန်၏ တန်ဖိုးကို ပိုမိုမြင့်မားလာစေရန်၊ ရင်းနှီးတည်ဆောက်သူများကို ပိုမို ဆွဲဆောင်မှုရရှိစေရန်နှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိနိုင်စေရန် အကြံပြုချက်အပေါ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသည် ၂ဝ၄၅ ခုနှစ်အထိ နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည် စီမံကိန်း များချမှတ်၍ စီစဉ်ဆောင်ရွက် သွားမည်ဟု သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းစတင်နိုင်ရန် ရင်းနှီးတည် ဆောက်သူ တင်ဒါ သုံးဦး ရွေးချယ် ရန် ညှိနှိုင်းမှုများကို ယခုနှစ် နှစ်ဆန်း ပိုင်းကစတင်၍ ညှိနှိုင်းခဲ့သော်လည်း တိကျသည့် တင်ဒါကုမ္ပဏီများကို မရွေးချယ်နိုင်သေးကြောင်းနှင့် ဆက်လက် ဆောင်ရွက်နေဆဲဖြစ် ကြောင်း သိရသည်။ ကုမ္ပဏီများ၏ အချက်အလက် လိုအပ်ချက်ကြောင့် ရွေးချယ်မှု မပြီးစီးသေးခြင်းဖြစ် ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ (BEAC)မှ သိရသည်။

မြန်မာအထူး စီးပွားရေးဇုန် စီမံကိန်းများအနက် သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်း အောင်မြင်မှု သည် ကျန်အထူးစီးပွားရေးဇုန်များအတွက်စံပြ ပြယုဂ်အဖြစ် တည်မှီလာ သည်။
သို့တစေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ ရုပ်လုံး ပေါ်ပေါက်လာသည့် မြန်မာအထူး စီးပွားရေးဇုန်များကြောင့် အနာဂတ် တွင် မြန်မာအတွက် အရင်းအနှီးနှင့် နိုင်ငံခြားငွေရရှိခြင်း၊ နည်းပညာ လွှဲပြောင်းရရှိနိုင်ခြင်း၊ စီမံခန့်ခွဲမှုနှင့် ဈေးကွက်ဗျူဟာဆိုင်ရာ အရည် အသွေးများ တိုးတက်ခြင်း၊ ယှဉ်ပြိုင် စွမ်းအားတိုးတက်ခြင်း၊ ပြည်ပ ဈေးကွက်များနှင့် ချိတ်ဆက်နိုင်ခြင်း၊ ထုတ်ကုန်တန်ဖိုးများ တိုးတက်ရရှိစေ ခြင်း၊ အလုပ်အကိုင်များဖန်တီးနိုင် မှုနှင့်အတူ
ဆင်းရဲမှုလျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူး ရလဒ်ကောင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ် တင်ပြထားကြသည်။
ခေါင်းရွက်ဗျပ်ထိုး နှစ်ကျပ်တိုး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် အထူးစီးပွားရေးဇုန်များကိုစီစဉ် ဆောင်ရွက်နေစဉ်မှာပင် ဆင်းရဲနွမ်းပါး မှုလျှော့ချရန်၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရန်၊ အသေး စား စီးပွားရေးလုပ်ငန်းအသစ်များ ပေါ်ထွက်လာစေရေးအားပေးရန်၊ အိမ်တွင်း စီးပွားရေးလုပ်ငန်းများ ဖန်တီးချဲ့ထွင်ပေးရန် စသည့် ရည်ရွယ် ချက်များဖြင့် သမဝါယမဝန်ကြီးဌာန ၏ဦးဆောင်မှုဖြင့် ဗဟိုသမဝါယမ အသင်းလီမိတက်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းများကို အစိုးရသစ် လက်ထက်တွင် စီစဉ်ဆောင်ရွက်ပေး ခဲ့သည်။

အနယ်နယ်အရပ်ရပ်ရှိ အခြေခံ လူတန်းစားများ၏ ကုန်မျိုးစုံဆိုင်များ၊ ကွန်ပျူတာဆိုင်များ၊ ထမင်းဆိုင်၊ အကြော်ဆိုင်၊ မီးဖိုချောင်သုံးပစ္စည်း ဆိုင်၊ ကုန်ခြောက်ဆိုင်၊ မုန့်ဟင်းခါး နှင့်အသုပ်ဆိုင်များ၊ ဆိုင်ကယ်ပြုပြင် လုပ်ငန်း၊ ကုန်စိမ်းနှင့် စားသောက် ကုန်ပစ္စည်းဆိုင်များသာမက တက္ကစီ ယာဉ်မောင်းများအပါအဝင် အခြေခံ လူတန်းစားများကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများပေးအပ်ခဲ့ သည်။

အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းနှင့်အတူ လယ်ယာလုပ်ငန်းသုံး နှင့် ရေလုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချ ပေးခြင်း၊ သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာများတိုးမြှင့်သင်ကြား ပေးခြင်း၊ ငွေကြေးအရင်းအမြစ် (Financial Network) တည်ဆောက် ခြင်း၊ နည်းပညာ၊ သွင်းအားစုနှင့် သတင်းအချက်အလက် အရင်းအမြစ် တည်ဆောက်ခြင်း၊ ကုန်ထုတ်ခြင်း၊ အရည်အသွေး စစ်ဆေးထုပ်ပိုးခြင်း၊ ထိုက်တန်သော ဈေးရရှိရန် ဈေးကွက် တည်ဆောက်ခြင်းနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ ဆုံးရှုံးမှု (သို့မဟုတ်) စွန့်စားရမှုကို အကာအကွယ်ပေးနိုင် မည့် စနစ်တည်ဆောက်ခြင်းနှင့်အခြား ဆက်စပ်သော ကဏ္ဍများတည်ဆောက် ခြင်း ဟူသည့် လက်တွေ့လုပ်ငန်းစဉ် (၈)ရပ်ကို ချမှတ်ဆောင်ရွက်ပေးခဲ့ သည်။

ကျေးလက်နေပြည်သူများနှင့် မြို့ပြ နေအခြေခံပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်စေရေး အတွက် သမဝါယမစီးပွားရေးလုပ်ငန်း များဖြင့် အမှန်တကယ်ထိရောက် အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဦးတည်၍ဖော်ပြပါ လုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အသေးစားအရင်းအနှီး ချေးငွေ လုပ်ငန်းကိုမူ ပြည်သူများအတိုးကြီး ပေးချေးယူနေရသည့် အခြေအနေမှ လတ်တလော သက်သာစေရန်၊ နောင် လေး-ငါးနှစ်ကြာသည့်အခါ ငွေချေး စရာမလိုဘဲ ကိုယ်ပိုင်ငွေနှင့်ကိုယ်ပိုင် လုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့် ၄င်းမှ တစ်ဆင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် အဆင့် ရောက်လာစေရန် ရည်ရွယ်ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်သည်။
၂ဝ၁၅ ခုနှစ် ဇွန်လကုန်ကာလအထိ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝ၇ မြို့နယ်နှင့် ကျေးရွာပေါင်း ၂၃ဝဝဝ ကျော်မှ မိသားစုပေါင်း ၂ သန်းကျော် အတွက် ချေးငွေပေါင်း ၂၂၄ ဘီလီယံ ကျော် ထုတ်ချေးပေးထားပြီးဖြစ် ကြောင်း သက်ဆိုင်ရာဌာန၏ သတင်း ထုတ်ပြန်ချက်များ အရသိရသည်။
အတိုးနှုန်းအနေဖြင့်လည်း ပြင်ပ တွင် ငွေ ၁ဝဝ ကျပ်လျှင် ပျမ်းမျှအတိုး နှုန်း ၁ဝ ကျပ်ပေးရပြီး သမဝါယမ အတိုးနှုန်းမှာမူ ၁ ကျပ် ပြား ၅ဝ သာ ဖြစ်၍ တစ်လလျှင် ပြင်ပအတိုးနှုန်း ၈ ကျပ် ပြား ၅ဝ သက်သာစေသည်။

လမ်းစဉ်ပါတီခေတ်က ကျင့်သုံးခဲ့ သည့် သမဝါယမလုပ်ငန်း၏ အားနည်းချက်များကို ရှောင်ရှား၍ လက်ရှိအစိုးရ လက်ထက်တွင် တစ်ကျော့ပြန် အသက်ဝင်လာသည့် သမဝါယမ လုပ်ငန်းစဉ်များကမူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးအတွက် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းState holder များက ဆိုကြသည်။

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ အချိန်ကိုက်စီစဉ်ဆောင်ရွက် ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ၊ မြန်မာအထူးစီးပွားရေးဇုန်များ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင် ရေးလုပ်ငန်းများသည် လတ်တလော ရေတိုအောင်မြင်မှုထက် အနာဂတ် ကာလရေရှည် အောင်မြင်မှုများကို ပိုမိုအကျိုးပြုနိုင်မည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့၏ စီးပွားရေးကဏ္ဍ ရုန်းကန် ကြိုးစားမှုပုံရိပ်များအဖြစ် သုံးသပ်တင်ပြလိုက်ရပါသည်။ ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service