အင်းလေး ဟိုတယ်ဇုန် စီမံကိန်း ဟိုတယ်(၂)လုံးသာ ပြီးစီး

အင်းလေး ဟိုတယ်ဇုန် စီမံကိန်း ဟိုတယ်(၂)လုံးသာ ပြီးစီး - Property News in Myanmar from iMyanmarHouse.com
21 Oct 2015 10:43 am တွင် တင်ခဲ့သည်
2643 ကြိမ် ကြည့်ရှု့ပြီး
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ ကျပ်သန်းပေါင်း (၃၈၀၀၀) ကုန်ကျမည့် အင်းလေးဒေသ ဟိုတယ်ဇုန် စီမံကိန်းမှာ နှစ်နှစ်အတွင်း ဟိုတယ် နှစ်လုံးသာ ဆောက်လုပ် ပြီးစီးသေးကြောင်း အင်းလေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဒေါ်တင်တင်ရီထံက သိရသည်။

အဆိုပါ ဟိုတယ်ဇုန်များကို A, B,C သုံးခု သတ်မှတ်ကာ ဟိုတယ်ဇုန် A တွင် အကွက်ပေါင်း (၄၁)ကွက်၊ ဟိုတယဇုန် B တွင် အကွက်ပေါင်း (၂၅)ကွက်နှင့် C တွင် အကွက်ပေါင်း (၃၀) ရှိပြီး၊ ဟိုတယ် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နေသော်လည်း ဟိုတယ်နှစ်လုံးသာ ဆောက်လုပ်ပြီးစီးမှု ရှိသေးသည်။

ကျန်ဟိုတယ်များမှာ ဆောက်လုပ်သည့် လုပ်ငန်းရှင်များမှ စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။ ဟိုတယ်စီမံကိန်းကို လာမည့်နောက် ငါးနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည် ဖြစ်သည်။

''ဟိုတယ်ဇုန်က အကွက်ဖော်ခြင်း လမ်းတံတားနဲ့ လျှပ်စစ်မီးလုပ်ငန်းတွေ အကုန်ပြီးပါပြီ။ ဒီဟိုတယ်ဇုန်ကို ပြည်နယ် အစိုးရက ဖော်ဆောင်ပေးတာပါ။ ဟိုတယ် ဇုန်ပြီးသွားရင်တော့ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်တွေ ရှိလာမယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတွေကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး သင်တန်း ပေးသွားဖို့ ရှိပါတယ်'' ဟု ၎င်းကပြောသည်။

ယင်းဟိုတယ်ဇုန် စီမံကိန်းကို မြေစုစုပေါင်း (၆၂၂) ဧကအနက် (၄၈၅ ဒသမ ၆၁) ဧက အသုံးပြုထားပြီး၊ ဟိုတယ်ဇုန် A ကို ဒေသခံတိုင်းရင်းသားများအတွက် နေရာချထားပြီး၊ ဟိုတယ်ဇုန် B ကို ပြည်တွင်းဟိုတယ် လုပ်ငန်းရှင်များ အတွက် နေရာချထားကာ C ကိုနိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ဖက်စပ် လုပ်ကိုင်နိုင်ရန် ကဏ္ဍအသီးသီး သတ်မှတ်ထားသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service